မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, December 28, 2016

Pseudonym ကလောင်နာမည်

ကြည်အေးပို့စ်အောင်မှာ နာမည်ဆင်တဲ့ အဆိုတော်တယောက်လားလို့ မေးတယ်။

စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။

အနောက်နိုင်ငံတွေမှာ နာမည်ရင်းနဲ့ရေးရင် အပြည့်အစုံထည့်သူတွေကထည့်ပါတယ်။ ဥပမာ ချာချီက Winston S. Churchill လို့ရေးတယ်။ Mark Twain မာ့ခ်တွန်းရဲ့ အမည်ရင်းက Samuel Langhorne Clemens ဖြစ်တယ်။

ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ အသက်ကြီးလို့ ဦးတင်မိုးလို့ မသုံးရပါ။ ဒေါ်မာမာအေးလို့ မပြောရပါ။ လူချင်းတွေ့လို့ လေးစာသမှုနဲ့တော့ ခေါ်နိုင်ပါတယ်။ ကြည်အေးကို မြို့မကြည်ကြည်အေးနဲ့ မမှားသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.