Pubic hair grooming STI risk linked to skin tears

ဆီးစပ်မွှေးရိတ်သူတွေ ကူးစက်ရာဂါပိုဖြစ်နိုင်

(ကန်တော့ပါ)

လွန်ခဲ့တဲ့ တနာရီ (တစ်နာရီ မဟုတ်) သထွက်တဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ ရက်က အမျိုးသမီးတယောက်က မေးသေးတယ်။ သူပုံမှန်ဆီးစပ်မွှေးရိတ်တဲ့အကြောင်း သူသုံးတဲ့နည်းမှာ ဘာအန္တရာယ်ရှိသလဲ မေးတယ်။

ဆီးစပ်မွှေးရိတ်သူတွေ လိင်ကတဆင့်ကူးစက်တဲ့ရာဂါပိုဖြစ်နိုင်ပါတယ်။ အမွှေးရိတ်ရင် ဘယ်နည်းကိုသုံးသုံး အရေပြားကို ထိခိုက်စေတယ်။ အဲဒီကနေပိုးဝင်နိုင်တယ်။ အရေပြားထိခိုက်ဒဏ်ရာကို မျက်စိနဲ့ မြင်ချင်မှသာမြင်ရပါမယ်။ ပိုးတွေက ပိုမမြင်ရအောင် သေးတယ်ကြတယ်။

အမေရိကန်လူမျိုး ၇၅ဝဝ ကျောက်ကိုလေ့လာခဲ့တာပါ။ ယောက်ျား ၆၆% နဲ့ မိန်းမ ၈၄% တို့က ရိတ်ဖူးခဲ့ကြတယ်လို့ ဖြေပါတယ်။ ၁၇% ကလွန်ကဲအဆင့်သတ်မှတ်နိုင်တယ်။ ၂၂% က ရိတ်တဲ့အကြိမ်အရေအတွက်များတယ်။ သူတို့ဆီမှာ ယောက်ျားတွေက လျှပ်စစ်ရေဇာကိုအသုံးများပါတယ်။ မိန်းမတွေက လက်ရိတ်ရေဇာသုံးတာများတယ်။ သူတို့ထဲက ၅ ယောက်မှာ ၁ ယောက်က ကပ်ကြေးသုံးတယ်။ တချို့က ဖယောင်းနည်းသုံးကြတယ်။

ကိုယ်မွှေးရိတ်တာတိုင်းကနေ ကူးစေမယ်လိုတော့ ခြိမ်းခြောက်သတိပေးတာမဟုတ်ပါ။ လွန်ကဲသူတွေသာ သတိထားဘို့ ဖြစ်ပါတယ်။ အတူနေများသူတွေအတွက်လည်းဖြစ်တယ်။ အဖေါ်များသူတွေလည်းပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုတာ ကလာမိုင်ဒီးယားက အဖြစ်အများဆုံး။ ဂနိုးရီးယား၊ လိင်လမ်းရေယုံ၊ ဆစ်ဖလစ်နဲ့ လိင်လမ်းကြွက်နို့တွေက အဖြစ်များတယ်။ ရေဇာတခုကို အတူမသုံးသင့်ပါ။

အခြေခံစည်းမျဉ်းကတော့ မိမွေးတိုင်းကိုပြုပြင်ခြင်းတိုင်းမှာ သတိထားစရာတွေရှိတယ်။ သဘာဝမဟုတ်တာတိုင်းမှာ သတိထားစရာတွေရှိတယ်။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၅-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး