Rare Giant Super Moon During Gemini ဒီဇင်္ဘာ ၁၄ ရက်နေ့ည ဆူပါမွန်း

ဆူပါမွန်းအကြောင်း အရင်ကလည်း ရေးထားပါတယ်။ အခုဖြစ်မယ့် ဆူပါမွန်းနဲ့အတူ ထူးခြားတာက စွမ်းအားမှာ Cosmic shift (ကော့စ်မစ်) အပြောင်းအလဲရှိမယ်လို့ဆိုပါတယ်။ အဲတာကနေ ကျွန်တော်တို့အပေါ်သက်ရောက်မှုရှိပါမယ်တဲ့။ အပြုသဘောယူပြီး အကောင်းဖြစ်စေအောင်လုပ်သင့်ပါတယ်လို့ သတင်းထဲမှာ အကြံကောင်းပေးထားပါတယ်။

လပြည့်နေ့တိုင်းမှာ စွမ်းအားပိုရကြပါတယ်။ စိတ်တက်ကြွမှုလည်းရတယ်။ ရှင်းပြရခက်တာမျိုး အဲလိုနေ့တွေမှာ ဖြစ်လေ့ရှိတယ်။ လူတွေရော အကောင်တွေပါ လပြည့်တာနဲ့ တမျိုးတမည်ဖြစ်တတ်ကြတယ်။ (ခရေးဇီး) လို့သုံးတယ်။ အားမနာတမ်း ဘာသာပြန်ရရင် ခပ်ရူးရူး။ ဟိုရှေးရှေးကတည်းက လပြည့်ညတွေမှာ စိတ်တွေ ဆန်းဆန်းပြားပြား ဖြစ်ကြတယ်။ Full moon madness လပြည့်ညစိတ္တဇလို့ခေါ်တယ်။ ဆောရီး။ သိပ္ပံပညာနဲ့တော့ ရှင်းမပြတတ်ပါ။

အခုဒီဇင်္ဘာမှာတော့ တက်ကြွမှုပိုမယ်။ ဖေါ်ပြမှုများမယ်။ စဉ်းစားတွေတောမှုလည်း ကဲပါမယ်။ အဲဒီ (အင်နာဂျီ) အစွမ်းတွေ ရကြလိမ့်မယ်။ ဝါသနာကြီးရင်တော့ (လင့်) ကဗီဒီယိုကြည့်ပါတဲ့။

http://www.sun-gazing.com/rare-giant-super-moon-gemini-prepare-huge-energy-shift-december-14-2016/

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၆
ည (မနက်) ၁ နာရီ၊ ၅၇ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး