မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, December 20, 2016

Real Gold ရွှေစစ်ရဲ့လား

ကျွန်တော့်ပို့စ်တခု = ဘယ်လိုကြီးလဲဆိုတာ နားမလည်ပါ

ကွန်မင့် (၁) = Phoenix Phoenix ဘယ်လိုကြီးလဲဆိုတာ မေးနည်းစည်းကမ်းကဘယ်လိုပါလဲလို့ မေးတာဖြစ်မှာပါ

Dr. Tint Swe မေးနည်းစည်းကမ်းကို ဖတ်ပြီးမှ အဲလိုရေးလာတာ။

ကွန်မင့် (၂) = Khin Maythu ဟုတ်တယ်မေးနည်းစည်းကမ်းကိုမသိလို့ဆရာကိုမေးခြင်တာသိတဲ့လူများပြောပြပါအုံး

Dr. Tint Swe မေးနည်းစည်းကမ်းကို သူ့ဆီပို့ပြီးနောက် ဖတ်ပြီးမှ အဲလိုရေးလာတာ။

ကွန်မင့် (၃) = Nay Lin Htet မေးသူဟာ တိုင်းရင်းသားထင်ပါတယ်။ :)

Tint Swe တိုင်းရင်းသူ မဟုတ်လောက်လို့ ထင်ပါတယ်။ တချို့တိုင်းရင်သားနဲ့ ကပြားတွေက ရွှေဗမာတွေထက် စာရေးမှန်ကြတယ်။

ကွန်မင့် (၄) = Soe Thet Paing စကားဝဲတဲ့တိုင်းရင်းသူထင်ပါတယ်နော်ဆရာကြီးရယ် မြန်မာစကား သိပ်မတတ်ဘူးထင်ပါရဲ့

Tint Swe တိုင်းရင်းသူ မဟုတ်လောက်လို့ ထင်ပါတယ်။ တချို့တိုင်းရင်သားနဲ့ ကပြားတွေက ရွှေဗမာတွေထက် စာရေးမှန်ကြတယ်။

ရွှေ စစ် မစစ် စစ်နည်းတွေရှိတယ်။ Black Testing Stone မှတ်ကျောက်နည်းနဲ့ Nitric Acid နိုက်ထရစ်အက်စစ်နည်းကို အများဆုံးသုံးကြတယ်။ မြန်မာစကားကို ကျောက်နဲ့ပွတ်။ မြန်မာစာကို အက်စစ်နဲ့တို့ကြည့်ရင်တော့

ဒေါက်တာတင့်ဆွေ
၂ဝ-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.