မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, December 13, 2016

Rice vs. Wheat ဆန်နဲ့ ဂျုံ

ဆရာခင်ဗျ ဆန်လုံးညိုလို့ ခေါ်မယ်ထင်ပါတယ် အဲ့ဒါနဲ့ ဂျုံက ဘယ်ဟာကပိုကောင်းပါလဲခင်ဗျ။ ဆီးချိုရှိတဲ့ သူတွေအတွက်ပါခင်ဗျာ။

• ဒီစာဖတ်ပြီး ဆန်စားနေသူတွေကို ဂျုံပြောင်းစားပလို့ မညွှန်ပါ။ ဆေးပညာသုတအတွက်နဲ့ လိုနေတာရှိရင် ပြင်နိုင်ဘို့သာ ရေးပါတယ်။
• လူတွေရဲ့ပင်မအစားအစာထဲမှာ ဆန်မဟုတ်ရင် ဂျုံစားရတယ်။ ရှားပါးတဲ့အခါ ပြောင်း၊ ပြောင်းဖူး၊ လူး၊ ဆတ် တွေ စားကြရတယ်။
• အခြေခံအကျဆုံးအချက်ကတော့ ဆန်နဲ့ ဂျုံ မကွာပါ။ အာဟာရဘက်ကနေပြောရရင် ဆန်ဖြစ်ဖြစ် ဂျုံဖြစ်ဖြစ် Whole grains ခေါ်တဲ့ ဖြူဖွေးပြောင်စင်သွားအောင်ချွတ်ထားတဲ့အဆံကို စားတာခြင်းတူရင် အာဟာရတန်ဘိုး တူသလောက်ရှိပါတယ်။ ဂျုံမှာအားသာချက်တချို့ရှိတာအမှန်ပါ။ ဗီတာမင်တမျိုးနဲ့ ဓါတ်ဆားနည်းနည်း ပိုကဲတယ်။
• ကာဗွန်ဟိုက်ဒရိတ် (ကဆီဓါတ်) ပါတာခြင်း အတူလောက်ရှိတယ်။ နှစ်မျိုးလုံကို ဖွေးဖြူသွားအောင်လုပ်ရင် အာဟာရတန်ဘိုးတွေ ထက်ဝက်လောက်အထိ နည်းစေနိုင်တာ သတိပြုပါ။
• Brown rice ဆန်လုံးညိုနဲ့ Whole-grain wheat ဂျုံအရိုင်းမှာ ဓါတ်ဆားတန်ဘိုးတူပါကြတယ်။
• Wheat bran bread ထဲမှာ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဖေါ့စ်ဖါးရပ်စ် နဲ့ သွပ်ဓါတ် နည်းနည်းပိုပါတယ်။
• Fiber ဖိုက်ဘာခေါ်တဲ့အမျှဉ်ဓါတ်ကတော့ Whole-grain wheat ထဲမှာ Brown rice ဆန်လုံးညိုထက် ၂-၃ ဆ ပိုတယ်။
• Vitamins ဗီတာမင်တွေကတော့ တန်ဘိုးတူပါကြတယ်။ Folate ဖေါလိတ်ကတော့ ဂျုံမှာပိုပါတယ်။ ဖေါလစ်အက်စစ်ကို ပြောတာပါ။ ကိုယ်ဝန်ဆောင်တွေမှာ မရှိမဖြစ်လိုတယ်။ သားသမီးမရသေးသူတွေကိုလဲ ပေးတယ်။
• နှစ်မျိုးလုံးမှာ အင်နာဂျီကိုရစေတဲ့ thiamine, niacin နဲ့ riboflavin ဗီတာမင် (ဘီ) အုပ်စုတွေပါကြတယ်။ ဗီတာမင် (အီး) ပါတာလဲ တူတယ်။
• Phytonutrients ဓါတ်များဆိုတာ Whole-grain wheat ထဲမှာ ၃ ဆပိုးတယ်။ Lignans ခေါ်တာကနေ Estrogen အီစထိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်းလိုဆင်တာကိုဖြစ်လာစေလို့ အသက်ရလာသူ အမျိုးသမီးတွေအတွက် ကောင်းတယ်။
• Gluten ဂလူတင်ဓါတ် ကတော့ ဂျုံမှာသာပါတယ်။ ဒါပေမဲ့ celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီ ရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.