Roasted corn ပြောင်းဖူးဖုတ်

(၂ နှစ်ကစာ)

ပြောင်းအကြောင်းကနေ ပြောင်းဖူးဖုတ်အကြောင်း ဆက်တင်ပါရစေ။ ဒီစာရေးစဉ်က ဒေလီမှာ ဆေးလာကုနေတဲ့ အသိဆရာဝန်ယောက်က ပြေားဖူးဖုတ်သယ်ပုံ တင်လိုက်လို့ရေးခဲ့တာပါ။ ဆရာဝန်နဲ့ ပြောင်းဖူးဖုတ်။

သူငယ်ချင်းမြို့နယ်ဆရာဝန်ယောက် ချင်းတွင်းမြစ်အထက်ဒေသမှာ တာဝန်ကျတုံးကပါ။ ဆရာဝန်ကြီးလာတယ်ဆိုပြီး ပြောင်းဖူးဖုတ်နဲ့ တည်ခင်းမယ်ပေါ့။

ရွာထဲကအမျိုးသမီးတယောက်က ပြောင်းဖူးကိုမီးဖုတ်ပြီး ပေနေတဲ့ပြာတွေကို လှေကားထစ်မှာခါတော့၊ သူ့ထက် အတွေ့အကြုံများတဲ့ လူကြီးတယောက်ကနေ ဟဲ့ ဟဲ့ ဆရာဝန်ကြီးကျွေးမှာကို အဲလိုမလုပ်ကောင်းဘူးလို့ပြောတော့၊
အော်အော် မသိလို့ပါတော်ပြောပြီး ပြာတွေကို ထမီနဲ့သုတ်ပေးပါသတဲ့။

သူ့စေတနာနဲ့ ပြာတွေလဲပြောင်သွားပါရော။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး