Santa Stocking ခြေအိတ်ကြီး

တနှစ်တခါ ကျွန်တော်တို့ဘာသာဝင်တွေက သိကြားမင်း ဘာကိုင်ဆင်းမလဲ အမြဲသတိထားကြတယ်။ ခရစ်ယန်တွေကတော့ စန်တာကလော့ ခြေအိတ်ကြီးထဲမှာ ဘာတွေပါမလဲ စိတ်ဝင်စားကြတယ်။

ပျော်စရာနဲ့ ဘာသာရေး ရောထွေးတတ်ကြတယ်။ ခွေးသားရေမှာ နာမည်ပါသွားသူတွေက ပါသွားကြတယ်။ ခရစ္စမတ် နှင်းတောထဲမှာ အက်ဆီးဒင့်ဖြစ်သူတွေက ဖြစ်ကြတယ်။

ပျော်စရာဆိုရင် ဘယ်သာဝင်မဆို အတူတူနွှဲပျော်ကြတယ်။ အာမင် မဆိုသူတွေကိုလည်း ခြေအိပ်ကြီးထဲက ချောကလက် စားကြတယ်။ ခွေးသားရေကလည်း ဘာသာမရွေးပါ။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး