Snow Fall နှင်းဆိုတာ ကနေ့မှာ တကယ်ကျပြီ

တလောကတော့ စတိလောက်သာကျတယ်။ ဒီနှစ် နည်းနည်းနောက်ကျတယ်။ ဆောင်းသုံးဆောင်း မတူကြပါ။

ညကတည်းက ကျနေတာ မနက်ထမှသာ သိတယ်။ ဖြူဖွေးအိနေပြီ။ အိမ်ရှေ့ထွက်ကြည့်၊ အိမ်နောက်ထွက်ကြည့်။ ဓါတ်ပုံရိုက်ချင်လို့ တံခါးပေါက်ဖွင့်တာ လူပေါ်မှာ နှင်းဖတ်တွေ ခါချရတယ်။ အလုပ်သွားကြသူတွေဒုက္ခ မသေးလှပါ။

လမ်းလျှောက်စရာ (ဆိုက်ဝေါ့လ်) တွေမှာ ဆားမဖြူးသေးလို့ လမ်းတောင်ပျောက်နေပြီ။ မှန်းလျှောက်ရမယ်။ ညနေ ကျောင်းသွားရင်တော့ နှင်းတောစီးဖိနပ်နဲ့မှသာရမယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၆
နေ့ ၁၂ နာရီ၊ ၃၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး