The Old Guards အသက်ကြီး နိုင်ငံရေးခေါင်းဆောင်များ

ဝန်ကြီးချုပ်ဟောင်း ဦးနုက ၂၅-၂-၁၉ဝ၇ မှာမွေးပြီး ၁၄-၂-၁၉၉၅ မှာ ကွယ်လွန်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းတော့ ဦးနုအသက်က ၅၅ နှစ်သာရှိသေးတယ်။ ၁၉၆၉ မှာ ပြည်ပထွက်လာတယ်။ ၁၉၇၃ မှာ ထိုင်းနယ်စပ်ကနေ တော်လှန်တယ်။ ၁၉၈ဝ ဇူလိုင်လမှာ ဦးနေဝင်းဖိတ်ကြားချက်နဲ့ မြန်မာပြည်ကို ပြန်လာတယ်။ ၁၉၈၈ အရေးအခင်းကာလမှာ သူ့အစိုးရကတရားဝင်အစိုးရ ဖြစ်တယ်လို့ ကြေညာတယ်။ အဲဒီတော့ ဦးနုဟာ အသက် ၈၁ နှစ် ရှိနေပြီ။

ဦးနေဝင်းဟာ ၁၄-၅-၁၉၁ဝ မှာမွေးပြီး ၅-၁၂-၂ဝဝ၂ မှာ သေဆုံးပါတယ်။ ဦးသန်းရွှေက ၂-၂-၁၉၃၃ မှာ မွေးတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က ၁၉-၆-၁၉၄၅ မှာမွေးလို့ ၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရချိန်မှာ အသက် ၇ဝ တိတိရှိပြီ။ အမေရိကန်သမတ ဒေါ်နယ်ထရမ် (၁၄-၆-၁၉၄၆) ၇ဝ နှစ်။ မကြာသေးခင်ပြုတ်ကျသွားတဲ့ ဇင်ဘာဘွေသမတ ရောဘတ် မူဂါဘီက ၂၁-၂-၁၉၂၄ မှာမွေးလို့ အခု ၉၁ နှစ် ၁ဝ လ။

အသက်အရွယ်အိုမင်းသူများကို ကူညီပါတဲ့။ ကျန်းမာရေးဆောင်ပုဒ်ပါ။ 

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၆
၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး