မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 16, 2016

Treatments for prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ ကုသနည်းများ

ဆရာခဗျ ကျွန်တော့အဖေက ဆီးကျိတ်ကင်ဆာလို့ပြောပါတယ်ခဗျ။ အဆင့်ဘယ်လောက်ထိရှိတယ်၊ ကုသမှုလုပ်ရင် ဘယ်လောက်ရာခိုင်နှုန်းထိ မျှော်လင့်ချက်ရှိမလဲ အချိန်ရရင်ရှင်းပြပေးပါအုံးဗျ။

မက်ဆင်ဂျာကနေပို့တဲ့ ဆေးစစ်ချက်တွေ ပုံတွေကို ဖတ်ရတာ အတော်ကိုခက်တယ်။ အကြီးချဲ့မရပါ။  ကူးယူပြီး တခြားပရိုဂရမ်ထဲမှာ ဖတ်လည်း မထူးလှပါ။ မေးတဲ့သူတိုင်းဆီကလိုလို အဲလိုဖြစ်နေတယ်။ ဆောရီး။ ချတ်ဘောက်စ် ကလာတာတော့ ရတယ်။ အီးမေးလ်ကနေပို့တာ အဆင်ပြေတယ်။

လူနာ အသက် မသိပါ။ ဘာတွေခံစားနေရ မသိပါ။ ဘယ်လိုကုသမှုလုပ်သလဲ မသိပါ။ ရောဂါကုသနည်းနဲ့ အလားအလာကိုစာ ပြောပါမယ်။

ယောက်ျားဆီးကျိတ်ကင်ဆာ စောစောအဆင့် ကုသနည်းများ
တချို့ စောင့်ကြည့်နိုင်။
တချို့ Radical prostatectomy ဆီးကျိတ်ကုတခုလုံးထုတ်။
Brachytherapy ဓါတ်ရောင်ခြည်ထွက်ဆေးအစိထည့်နည်း။
Conformal radiotherapy ဓါတ်ကင်နည်း။
Intensity modulated radiotherapy ဓါတ်ကင်နည်းတမျိုး။

ယောက်ျားဆီးကျိတ်ကင်ဆာ နောက်ကျတဲ့အဆင့် ကုသနည်းများ
၁။ ဓါတ်ကင်နည်း + ဟော်မုန်းပေးနည်း။ တချို့ ခွဲစိတ်နည်းပါတွဲ။

၂။ Radioactive injection ဓါတ်ရောင်ခြည်ဆေးထိုးခြင်း။ radium-233 ဆေးသုံးတယ်။

၃။ Estrogen skin patches အီစထိုရျင်ဟော်မုန်း ကပ်ခွါ။

၎။ Xofigo (radium Ra 223 dichloride) ဆေးကို ၂ဝ၁၃ ကစသုံးတယ်။

နောက်ဆက်တွဲဖြစ်နိုင်သည်များ
Metastasis တခြားနေရာတွေဆီပြန့်ခြင်း။
Incontinence ဆီးမထိန်းနိုင်ခြင်း။
Erectile dysfunction ပန်းသေခြင်း။

အလားအလာ
၉၉% လူနာတွေ ၅ နှစ်မကအသက်ရှင်ပါမယ်။
စောစောတွေ့တဲ့လူနာ ၁ဝဝ% ၅ နှစ်အနည်းဆုံးအသက်ရှင်မယ်။
တချို့နိုင်ငံတွေမှာ လူနာ ၁ဝ ယောက်မှာ ၉ ယောက်ကို စောစောသိတယ်။ ၅% သာ နောက်ကျမှသာသိရတယ်။
ဘေးပြန့်နေသူဆိုရင် ၃ ယောက်မှာ ၁ ယောက်သာ ၅ နှစ်အထိနေနိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.