What to change ဘာကို ပြောင်းမှာလဲ

ခုလို အသေးစိတ်ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ သတ်ပုံမှားနေတာ အများကြီး။ အမျိုးတွေထဲကပါ ပြင်ပေးမလို့ လိုက်မမီ ဆိုတာမှန်တယ်လို့ စိတ်ထဲဖြစ်နေတာ မှားနေတဲ့သူတွေကလဲ အပြင်မခံဘူးဆရာ။ တက္ကသိုလ်ကကထိက ကိုယ်တိုင်က မှားနေတာပါ။ အချိန်ယူဖြေပေးတာ ဝမ်းသာပါတယ်ရှင့်။

စာရေးဆရာ ကဗျာဆရာတွေရော မြန်မာစာဆရာကြီးတွေကပါ ဗိုလ်ချုပ်နေဝင်းခိုင်းတဲ့ ယူနီဖေါင်းပဲ ဝတ်နေကြတယ်။ အားလုံးတော့ မဟုတ်ပါ။ အခု ပြင်လာသူတွေရှိလာပြီ။

ဟုတ်ကဲ့ ဒီခေတ်မှာ ကြီးတဲ့ကလေးတွေပိုဆိုးပြီး ဆရာတွေက အမှားတွေသင်တော့

ဆရာကတော့ ခပ်နာနာပြောတယ်။ သတ်ပုံအမှား ရောင်းစားလို့။ စောစောကတယောက်က အချုပ်တန်းဆရာဖေကဗျာ သတ်ပုံကိုပြင်ရမယ်ပြောလို့ ဘလော့လိုက်တယ်။ ပြောင်းလဲချိန်တန်ပြီလို့က လုပ်လိုက်သေး။ ဦးနေဝင်းခိုင်းထားပြီး နောက်စစ်အစိုးရက အဲလိုမဟုတ်ရင် ထုတ်ဝေခွင့်မပေးတာနဲ့ အဲဒီနည်းအတိုင်းဆက်မှားနေကြတာကိုသာ ပြောင်းရမှာ ဖြစ်တယ်။

အဲဒီတယောက်ပြောတာမှာ ပိုဆိုးတာကပါသေး။ ဗိုလ်ချုပ်အောင်ဆန်းက ပဲပြုပ်နဲ့ နံပြားစားချင်တယ်လို့ရေးတာမှာ ရေးချ နဲ့ မောက်ချလွဲနေသတဲ့။ စစ်အစိုးရတွေတက်ကတည်းက ဖျက်ဆီးခံရတာတွေက များလွန်းလိုက်တာ့

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး