မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, December 22, 2016

Whooping cough (Pertussis) ကြက်ညှာချောင်းဆိုးရောဂါ

ကြက်ညာချောင်းဆိုး အကြောင်းသိချင်ပါတယ်ရှင့်။ သားက လေးနှစ်ခွဲပါ ငါးမျိုးစပ်ကာကွယ်ဆေး ငယ်တုန်းက မထိုးပေးမိပါဘူးရှင့်။ သားခု ဖြစ်နေတဲ့ချောင်းကို ကြက်ညာချောင်းဆိုးလို့ ရပ်ကွက်ထဲကပြောနေလို့ပါရှင်။ ချောင်းခြောက်ကြီး ရင်ခေါင်းသံကြီးနဲ့ ဂုံဂုံဟု အသံမြည်နေလို့ပါရှင်။ ကျေးဇူးပြုပြီး ပြောပြပေးပါရှင်

ကြက်ညှာချောင်းဆိုးရောဂါ Bordetella pertussis ဗက်တီးရီးယားကြောင့်ဖြစ်တယ်။ အသက်ရှူလမ်းကနေ ကူးစက်တယ်။ အလွန်ကူးစက်လွယ်တယ်။ တနှစ်အောက် ကလေးငယ်လေးတွေမှာ အများဆုံးဖြစ်တယ်။

ပိုးဝင်ပြီး ၂ ရက်ကြာရင် ရောဂါလက္ခဏာတွေ ပေါ်လာတယ်။ ချောင်းဆိုး၊ နှာခြေ၊ နှာရည်ယို၊ ဖျား၊ အန်၊ အစားပျက်၊ အသက်ရှူခက်၊ အာဟာရနည်း၊ ရေခမ်းခြောက်၊ ထိုမှ နူမိုးနီးယား၊ ဦးနှောက်ရောင်စသည် ဝင်လာတတ်တယ်။ ဖြစ်ကာစမှာ အအေးမိသသလိုပဲ။ နောက်ချောင်းဆိုးလာမယ်။ အဆင်မသင့်ရင် နူမိုးနီးယားခေါ်တဲ့ အဆုပ်ရောဂါ ဆက်ဖြစ်နိုင်တယ်။ ချောင်းဆိုးသံက ထူးခြားတယ်။ ၅ဝ% မှာ Whooping noise (whoop) ခေါ်တယ်။ အောက်စီဂျင်မဝလို့ မျက်နှာပြာနေအောင် ဆက်တိုက်ဆိုးတယ်။ လူကြီးမှာဖြစ်ရင် မသိသာဘူး။ ၃ ပါတ်အထိ ကြာတတ်တယ်။ ပိုကြာနေတာလဲရှိတယ်။ တရုပ်ပြည်မှာတော့ ရက် (နေ့ +ည) ၁ဝဝ ချောင်း လို့ခေါ်တယ်။

ကုသရန်
ပဋိဇီဝဆေးများ၊ Erythromycin သို့ Azithromycin သို့ Trimethoprim-Sulfamethoxazole ၂ ပါတ်ကြာ ပေးရတယ်။
ချောင်းဆိုးပျောက်ဆေးတွေက ထူးပြီးသက်တာတယ်လို့မရှိပါ။ humidifier နဲ့ ရေငွေ့ဓါတ်ပေးတာ သက်သာစေတယ်။

DTP (Diphtheria, Tetanus and Pertussis) သို့ DTaP ကာကွယ်ဆေးကို အသက် ၂ လ၊ ၄ လနဲ့ ၆ လတွေမှာ ထိုးတယ်။ ၁၅-၁၈ လမှာ ထပ်ထိုးတယ်။ ၄-၆ နှစ်အရွယ်မှာ ထပ်ထိုးအုံးမယ်။ Tdap ကာကွယ်ဆေးအမျိုးအစားကို ၁၁ နှစ်ကျော်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုထိုးတယ်။ Pentavalent Vaccine ငါးမျိုးတွဲကာကွယ်ဆေးထဲမှာ (ဆုံဆို့ + ကြက်ညှာ + မေးခိုင် + အသည်းရောင် (ဘီ) ပိုး + (ဟီမိုဖီးလပ်စ်-ဘီ) ပိုး ကာကွယ်ဆေးဖြစ်တယ်။ (ဟီမိုဖီးလပ်စ်-ဘီ) ပိုးကနေ ဦးနှောက် အဖုံးလွှာရောင်တာ၊ နူမိုးနီးယားနဲ့ နားပြည်ယိုတာတွေကိုဖြစ်စေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.