မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, February 29, 2016

U အူး

ကျွန်တော်တို့က U ကို (ဦး) လို့အသံထွက်ကြတယ်။ ဂျာမန်၊ အိန္ဒိယနဲ့ မီဇိုးစာမှာလည်း U ကို အူးလို့ထွက်ပါတယ်။ အိန္ဒိယန်းတိုင်းတော့ မဟုတ်ပါ။ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ကျွန်တော်တို့လိုပဲ မွန်ဂိုလွိုက်တွေနေကြတယ်။ သူတို့က U ကို (ယူ) လို့ပဲထွက်တယ်။

၁၉၈၈ အရေအခင်းကြီးအပြီး မြန်မာပြည်က ကျောင်းသားတွေ အိန္ဒိယဖက်ကိုပြေးကြတော့ အဲဒီမှာရှိနေကြတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ကြိုဆိုကြတယ်။ သူတို့က ဝန်ကြီးချုပ်ဦးနုကို ကောင်းကောင်းသိကြတယ်။ စကားထဲမှာတော့ (ယူနု၊ သာကင်) လို့အသံထွက်တယ်။ အဲတာ ကျွန်တော်တို့ကျောင်းသားတွေက နားမလည်ကြဘူး။ ဟာ့ မင်းတို့က နိုင်ငံရေးလုပ်မှာ မင်းတို့ဝန်ကြီးချုပ်နာမည်တောင်မှ မသိကြဘူးလားဆိုတော့မှ အော့့် ဖြစ်ရတယ်။

စာအုပ်တွေမှာ လူနာမည်ရေးရင် ရေးထုံးလုပ်ထားတာက ဘွဲ့သဘောစာလုံးကို နောက်မှာသာထားတယ်။ U Nu, Thakin (ယူနု၊ သာကင်) ဆိုတာ ဦးနု၊ သခင် = သခင်ဦးနု ကိုရေးတာ။

အရင်တခါရေးတုန်းက ဂျာမန်စကားတတ်တဲ့ ဖေ့စ်ဘွတ်ဖရင်းတယောက်ကရေးလာတယ်။ ရေငုတ်သင်္ဘော Uboat ကို ကျွန်တော်တို့က (ယူ-ဘုတ်) လို့ဖတ်ကြတယ်။ ဂျာမန် က (အူးဘုတ်) လို့ထွက်တယ်။ မြေအောက်ရထား ကို Ubahn (အူးဘန်း) လို့ထွက်တယ်။ Burma ကို ဂျာမန်တွေ က (ဘူရ်မား) ပဲထွက်ပါတယ်တဲ့။

ဗိုလ်ချုပ်ကြီးကနေ (ဦး) လို့ပြောင်းတော့ ယူသိန်းစိန်၊ ယူတင်အေး။ ယူရဲထွတ်။

မုံရွာက ဆရာတယောက်ကလည်း ရေးလာတယ်။ Nay Pyi Taw = နေပြည်တော။ Nay Pyi Daw = နေပြည်ဒေါ်တဲ့။

ဂျာမန်လုပ် နာမည်အကြီးဆုံးမော်တော်ကား Mercedes ကို မြန်မာပြည်မှာ (မားစီးဒီးစ်) လို့အသံထွက်ကြတယ်။ အမှန်က (မာစေဒီးစ်) လို့ထွက်ပါတယ်။

ပြောလို့သာပြောတာပါ သူတို့အသံထွက်အမှန်တွေကို ကျွန်တော်တို့စာလုံးတွေနဲ့တော့ အကုန်မှန်အောင် ရေးမရပါ။ သူများတွေကလည်း ကျွန်တော်တို့ထွက်သလို မထွက်နိုင်ကြပါ။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၆

February 29 ဖေဖေါ်ဝါရီလ (၂၉)

ဆရာ ဆောင်းပါးတပုဒ် ရေးတာဖတ်ချင်တယ်။ အချို့က အပျိုကြီးများနေ့လို့ ဘာသာပြန်ထားတာသဘောမတွေ့သလို အားလုံးကိုလည်း ကိုယ်တိုင်မပြန်တတ်ဘူး။ ဆရာ ပုံမှန်ရေးနေတဲ့ နိုင်ငံရေး/ဆေးပညာနဲ့မပတ်သက်တာတော့ တောင်းပန်ပါတယ်။ စည်းကမ်းနဲ့အညီ တောင်းဆိုတာလည်း မဟုတ်တော့ ခွင့်လွှတ်ပါ။

ကျွန်တော်က ရေးတာစုံပါတယ်။ ပြက္ခဒိန်အကြောင်းနဲ့ (၁၂) လလုံးအကြောင်းတွေလည်းရေးဖြစ်တယ်။

ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့ကို Leap day လို့ခေါ်ကြတယ်။ လေးနှစ်မှာတကြိမ်သာကျတဲ့ ရက်ထပ်နှစ်ထဲကနေ့သာ ဖြစ်ပါတယ်။ ပုံထဲပါသလို The Proposal ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား (ရိုင်ယန် ရေးနော့ဒ်) ရှေ့မှာ မင်းသမီး (စန္ဒရာဘူးလော့) ကနေ သူ့ကိုလက်ထပ်ပါလို့ပြောတဲ့ လက်ထပ်နှစ်မဟုတ်ပါ။ အပျိုကြီးတွေနေ့လည်းမဟုတ်ပါ။

တနှစ်ဆိုတာ နေကိုကမ္ဘာက တပတ်တိတိပတ်လို့ကြာချိန်ဖြစ်တယ်။ ပတ်နှုန်းကတော့ ၄ နှစ်တခါမပြောင်းပါ။ နေကိုတပါတ်ပြည့်ဘို့ ၃၆၅့၂၄၂၅ ရက်ကြာတယ်။ တိတိကျကျပြောရရင် (၃၆၅ ရက် + ၅ နာရီ + ၄၉ မိနစ်) ကြာတယ်။ ပြက္ခဒိန်မှာသာ (၃) နှစ်ဆက်တိုက် (၃၆၅) ရက်နဲ့ စတုတ္တမြောက်မှာ (၃၆၆) ရက်လုပ်ထားပါတယ်။ အပိုဖြစ်နေခဲ့တဲ့ ၄၂ မိနစ် + ၅၂ စက္ကန့်ရှိလို့ နှစ်ပေါင်း (၄ဝဝ) တိုင်းမှာ ၃ ရက်လောက်ရှိတယ်။ အဲတာကြောင့် နှစ်ပေါင်း (၄ဝဝ) တိုင်းမှာ အဲဒီ (၃) ရက်ကိုပြန်နုတ်ရတယ်။

အရင်ခေတ် ရိုမန်ပြက္ခဒိန်မှာ (၃၅၅) ရက်သာပါပြီး ၂ နှစ်တခါ ၂၂ ရက်ထည့်ပေါင်းရတယ်။ ဂျူလီယက်ဆီဇာ ဧကရာဇ် ဖြစ်လာတော့မှ အခုလို တနှစ်မှာ (၃၆၅) ရက်နဲ့ ၄ နှစ်တခါ ၁ ရက်ပေါင်းရတာဖြစ်လာတယ်။ ကနေ့သုံးနေကြတာက ဂျော်ဂျီယန်ပြက္ခဒိန်ဖြစ်တယ်။ ခုနှစ်တခုကို (၁ဝဝ) နဲ့စားလို့ ပြတ်တာကို ယူရတာမဟုတ်ပဲ (၄ဝဝ) နဲ့စားလို့ပြတ်တာကိုသာ ယူရတယ်။ ဒါကြောင့် ၁၆ဝဝ၊ ၂ဝဝဝ နဲ့ ၂၄ဝဝ တွေကို ရက်ထပ်နှစ်လို့ခေါ်တယ်။

ဖေဖေါ်ဝါရီလ (၂၉) ရက်မှာ အမျိုးသမီးတွေကို ဒူးတဖက်ထောက်ပြီး လပ်ထပ်ခွင့်တောင်းတဲ့အလေ့ဟာ အိုင်ယာလန် ဒဏ္ဍာာရီတခုဖြစ်တယ်။ ၅ ရာစုနှစ်တုံးက (ကီလ်ဒဲယာ စိန့်ဘရစ်ဂျစ်) ကနေ အမျိုးသမီးတွေအနေနဲ့ ယောက်ျားတွေကနေ ကမ်းလှမ်းလာမှာကိုစောင့်ရတာ စိတ်မရှည်နိုင်ဘူးလို့ (စိန့်ပက်ထရစ်) ကို (ကွန်ပလိန့်) တက်ပါသတဲ့။ အဲတာနဲ့ (စိန့်ပက်ထရစ်) ကနေ အဲဒီ ရက်ထပ်နှစ်ထဲက ဖေဖေါ်ဝါရီ ၂၉ ရက်မှာ အမျိုးသမီးတွေကနေ ယူလက်ထပ်လိုတဲ့ အမျိုးသားကို လက်ထပ်ခွင့်တောင်းဆိုနိုင်တယ်လို့ ဒီဂရီချပေးတယ်။

ဒီအလေ့အထဟာ အိုင်ယာလန်ကနေ စကော့တလန်ဆီကူးစက်သွားပြီး ၁၂၈၈ ခုနှစ်မှာ ဥပဒေပြဌာန်းလိုက်တယ်။ အဲလို အမျိုးသမီးကခွင့်တောင်းတာကိုငြင်းဆန်တဲ့အမျိုးသားကိုလည်း ဒဏ်ငွေချမှတ်မယ်လို့ ဥပဒေမှာပါတယ်။ ဒိန်းမတ်မှာတော့ အဲလိုငြင်းဆန်တဲ့ယောက်ျားကနေ အမျိုးသမီးအတွက်လက်အိတ် ၁၂ စုံကို ဒဏ်ကြေးအဖြစ်ပေးစေတယ်။ အမျိုးသမီးမှာ အရှက်ရတာကို ဖုံးကွယ်ဘို့သဘောဖြစ်တယ်။ ဖင်လန်မှာတော့ စကပ်ချုပ်ဘို့အစ ဝယ်ပေးရမယ်။

အမျိုးသမီးတွေကနေ စပြီးကမ်းလှမ်းတဲ့အလေ့အထဟာ ၁၉ ရာစုမှာ တွင်ကြယ်လာတယ်။ သုတေသနတခုအရ အမျိုးသမီး ၂ဝ% က အဲလိုလုပ်ရတာကို သဘောကျတယ်လို့ဆိုပါတယ်။ ၃ ယောက်မှာ ၁ ယောက် သူတို့ ကမ်းလှမ်းချက်ကို ဘယ်လိုတုန့်ပြန်မလဲဆိုအတွက် စိုးရိမ်မှုရှိကြပါသတဲ့။ အမျိုးသား ၅၉% ကတော့ သူတို့ကပဲ သူတို့ လပ်ထပ်မယ့်သူရှေ့မှာ ဒူးတဖက်ထောက်နည်းကိုသဘောကျတယ်လို့ဆိုပါတယ်။ ဒါပေမယ်။ ၁၅% ကတော့ အဲလို လုပ်နည်းအတွက် စဉ်းစားမယ်တဲ့။

ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့ဟာ လစာထုတ်ရသူတွေ အရင် ၃ နှစ်ကထက်တရက်ပိုအလုပ်လုပ်ပြီးမှသာ လစာရမယ်။ တနှစ်စာ (၃၆၆) ရက်လုပ်ကြရတယ်။ ရက်ထပ်နှစ်ထဲက ဖေဖေါ်ဝါရီ (၂၉) မှာမွေးတဲ့သူတွေမှာ မွေးနေ့ကို (၄) နှစ်မှ တခါသာ ကျင်းပနိုင်ကြတယ်။ ကနေ့ကမ္ဘာမှာ ဖေဖေါ်ဝါရီလ (၂၉) ရက်မှာမွေးခဲ့သူပေါင်း ၄့၁ သန်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Vitamin Supplements and Children ကလေးအားဆေး

မင်္ဂလာပါဆရာ။ facebook မှာ ဆရာရေးတာတွေကို အားရင်အားသလို တော်တော်များများဖတ်ဖြစ်ပါတယ်ရှင်။ ဗဟုသုတများစွာရလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။ ကျမက US မှာ နေတာပါရှင်။ သိချင်တာလေးတွေကတော့ မြန်မာပြည်က ကလေးဆရာဝန်တွေဟာ မွေးစအရွယ်ကနေစပြီး ကလေးတွေကို multivitamin သော်လည်း တခြား အားဆေးတွေသော်လည်းကောင်း တိုက်ကြတာကို ကြားသိရပါတယ်။ အဲ့ဒါဟာ တကယ်လိုအပ်ပါသလားဆရာ။ ဒီက OG တွေနဲ့ စာမှာ ဖတ်ရသလောက်က မိခင်အာဟာရစုံလင်အောင် စားရင် မလိုအပ်ဘူးလို့ သိထားလို့ပါရှင်။ မိခင်နို့မှာ Vitamin D သာမရရှိတဲ့အတွက် ဒီတမျိုးထဲကိုပဲ တိုက်ဖို့သိထားပါတယ်ရှင်။ ဆရာအဆင်ပြေနိုင်မယ်ဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သီးသန့်စာရေးပေးလို့ရပါမလားရှင်။ ကျမသားလေးက အခု ၉ လထဲမှာပါ၊ တနှစ်ပြည့်တဲ့အခါမှာ regular whole milk အစား toddler formula တိုက်ရင် သင့်တော်ပါသလားဆရာ။

Toddler ဆိုတာ ၁၂ လကနေ ၃၆ လအရွယ်ကိုခေါ်ပါတယ်။ နို့မှုံ့တွေက သိပ်တော့ မကွာကြပါ။ အားဆေးကို ယေဘုယျပြောရင် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လုံလောက်အောင် ထုတ်မပေးရင် ဗီတာမင်တွေ နည်းနေနိုင်တယ်။ အစားအသောက်ထဲကနေရမယ်။ စားသောက်နည်းမှန်ရင် ဘာအားဆေးမှ မလိုပါ။ စားသောက်နည်းမှန်ဆိုတာ (ပြည့်ဝ + မျှတ) ရပါမယ်။ ဗီတာမင်ဆိုတာ နည်းနည်းပါးပါးလေးစီကို နေ့တိုင်းလိုတာ ဖြစ်ပါတယ်။

ကလေးအများစုက ၆ လအထိဘာအပိုမှမလိုကြပါ။ တချို့ကလေးတွေကိုတော့ အားဆေးသောက်ဘို့ညွှန်ကြားပါမယ်။ အစားပျက်နေတဲ့ကလေး၊ ဗီတာမင်ချို့တဲ့နေတဲ့ကလေး၊ အစားရှောင်တဲ့ကလေး၊ ဥပမာ အသားမစားတဲ့ကလေးနဲ့ ထမင်းဆီဆမ်းသာစားတဲ့ကလေး။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ကလေးအားဆေး (ဆေးပြား၊ ဆေးရည်၊ အစက်ချဆေး) တွေဟာ အများအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဟာ ဆေးဖြစ်တယ်။ စနစ်တကျမသောက်တတ်ရင် ဘေးဖြစ်တယ်။ မလိုပဲသောက်ရင် အကျိုးမများပါ။ ဆေးတိုင်း ၁ဝဝ% ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိတယ်။ များလို့ဒုကပေးနိုင်တဲ့ဗီတာမင်တွေဆိုတာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဖြစ်တယ်။ အဲတာတွေကို ဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလို့ခေါ်တယ်။

ဗီတာမင်တွေအများကြီးသောက်ရင် စိတ်ပိုင်းဆိုင်ရာ အားနည်းစေနိုင်တယ်ဆိုတာရှိပေမယ့် သက်သေအထောက်အထား မပြည့်စုံပါ။ ဗီတာမင်တွေထဲမှာ (စီ) ကိုအများကြီးပေးလို့ရတယ်လို့ပြောနိုင်တယ်။ ဥပမာ အအေးမိခြင်းအတွက်။ ဒါပေမယ့် များလို့ ဝမ်းပျက်နိုင်တယ်။ ပျို့-အန်မယ်။ ကြွက်တက်မယ်။ ခေါင်းကိုက်မယ်။

• ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။ များရင်အဆပ်သင့်သလိုဖြစ်တယ်။

• ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

• ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

• ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

• ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

• ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။

• ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။

• ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် ဗီတာမင်အေမှ ဒီဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

• ဗီတာမင်အီးသည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

• ဗီတာမင်ကေသည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

ကြော်ငြာဆေးကို မယုံသင့်ပါ။ အစားအသောက် အစုံစားနေရင် မလိုကြပါ။ မစုံရင်တော့ လိုနိုင်တယ်။ အစုံစားဆိုတာ ထမင်း၊ ခေါက်ဆွဲ၊ ဆန်နဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲ၊ ပဲသီး၊ အသား၊ ငါး၊ ဥ၊ အသီးအရွက်တွေ၊ အသီးနဲ့ နွားနို့နဲ့ နို့ထွက်အစားအသောက်တွေဖြစ်တယ်။

အားကစားလုပ်တဲ့ကလေးတွေကပိုလိုမယ်။ ဆိုင်မှာအလွယ်ဝ်ရတဲ့ (ဖတ်စ်ဖုဒ်) သာစားတဲ့ကလေးတွေက လိုမယ်။ ဗီတာမင်ဆေးရည်၊ ဆေးပြားတွေမှာ ကြော်ငြာကောင်းတိုင်း ကောင်းချင်မှကောင်းပါမယ်။ ကိုယ့်ကလေးမှာ ဘာဓါတ် လိုနေလည်းသိရမယ်။ အာဟာရဓါတ်တွေအကြောင်းနဲ့ ဗီတာမင်တွေအကြောင်းစာတွေလည်းဖတ်ပြီး လိုတာလိုက်နာပါ။ အများဆုံးလိုတတ်တာက ဗီတာမင်ဘီနဲ့ ကယ်စီယမ်ဖြစ်တယ်။ တချို့ကလေးတွေ ဗီတာမင်အေနည်းနည်းလိုကြတယ်။

ဒေါက်တာတင့်ဆွေ

Craving of the opium addict ဘိန်းစား၏ ဆုတောင်းခန်း

• ဘိန်းကိုပဲစွဲ၊ စိုးရိမ်စိတ်ကဲ၊
• လူထဲမတိုးချင်၊ သူများမမြင်အောင်သုံးနေ၊
• ငွေကုန်ချင်ကုန်ပါစေ ဘိန်းအတွက်ဆိုရင်၊
• စကားပြောလျှင် လေသံနဲ့မြန်၊ စိတ်မူမမှန်၊ အန်ချင်၊
• သူများမမြင်တာတွေမြင်၊ မကြားတွေကြား၊
• စားချင်စိတ်ကမရှိ၊ လူကပိန်ချိ၊
• မျက်စိကနီစွေး၊ အဝေးငေးကြည့်၊
• သတိမေ့လျှော့၊ အလုပ်မှာပေါ့၊
• ကျောင်းမှာတော့စာညံ့၊ သန့်ရှင်းရေးဂရုမစိုက်၊
• ခေါင်းကိုက်၊ ငိုက်ပေမဲ့အိပ်မပျော်၊
• အသံတော်တော်ကျယ်ရင် မကြားချင်၊
• ဘိန်းဘုရင်ကြီးနဲ့ စစ်သူကြီးတွေ သက်တော်ရာကျော်ရှည်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

My books စာအုပ်ထုတ်မယ်

ကျန်းမာရေးနဲ့ဆေးပညာစာတွေကို စာအုပ်ထုတ်နိုင်ဘို့ရာ လုံးပမ်းနေတာ နှစ်အတော်ကြာပြီ။ ပဌမဆုံးစာအုပ်အတွက် စာတွေကို စာအုပ်တိုက်တခုက အယ်ဒီတာတွေလက်ထဲအရောက်ပို့ပြီးပြီ။ ကိုယ်ဝန်ဆောင်စာတွေ့ပါ။

နောက်တအုပ်က ဘက်လိုက်တယ်ပြောချင်လည်း ပြောပေတော့ အမျိုးသမီးကျန်းမာရေးစာတွေဖြစ်ပါမယ်။ ညတုံးက ဟိုအရင်ကတည်းက ဆက်သွယ်ထားတဲ့ အယ်ဒီတာတယောက်နဲ့ ပြန်အဆက်ရလို့ အဲဒီစာအုပ်ကို သူကနေတဆင့် စာအုပ်တိုက်တခုကို ပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအတွက်စာတွေကို ပြန်စစ်ပြန်ချောနေပါပြီ။

ဒီရက်တွေမှာ မေးတာတွေကိုဖြေဘို့ အရင်ကလောက်မြန်မယ်မဟုတ်ပါ။ မေးခွန်းစည်းကမ်းနဲ့အညီလာတာတွေကို ဖြေရတာက အပမ်းမကြီးပေမယ့် အသက်မပြော၊ ကျား-မ မသိရတာတွေ၊ မလိုအပ်တာတွေထည့်ရေးတာတွေ၊ လိုတာ ပါမလာတာတွေ၊ ပုံတစောင်းတွေ၊ ဖတ်မရတာတွေ၊ သမီး-သားလို့ရေးတာတွေ၊ စတာတွေဆိုရင် အလွန်အချိန်ကုန်ပြီး၊ ခေါင်းခဲရတယ်။ အဲတာတွေကိုတော့ မဖြေပဲထားတော့မယ်။ ဆောရီး။

နောက်စာတွေက အသည်းရောဂါတွေ၊ ကင်ဆာရောဂါတွေ၊ ကလေးရောဂါတွေ၊ အစာအာဟာရစာတွေ၊ ရေးပြီးသားက အတော်များလို့ အားမနာတဲ့စာအုပ်တိုက်နဲ့သာကိုက်မယ်။

နိုင်ငံရေးနဲ့ သုတစာလေးတွေတော့ ထုတ်ပေးမယ့်သူ ရှာရဦးမယ်။

ကျွန်တော်က သူများသတ်ပုံလွဲတာတွေလိုက်လိုက်ပြောနေသူမို့ ကိုယ့်စာမှာ အမှားမပါချင်ပါ။ အချက်အလက်တွေက စစ်စရာမလို၊ သတ်ပုံတွေသာစစ်နေရတယ်။ ဖေ့စ်ဘွတ်ဖရင်းထဲမှာ ကျွန်တော်တင်တာတိုင်းကို သတ်ပုံစစ်ပေးနေသူ ၃-၄ ယောက်ရှိနေတယ်။ သူတို့ထဲက အချိန်ပေးနိုင်သူကို အကူအညီတောင်းရမလား ခေါင်းထဲပေါ်လာတယ်။ (ပလိစ်)။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Long live Opium

- လူမျိုးတုံးစေမှာကို ဖျက်မရတဲ့သတင်း
- စနစ်ဆိုးတုံးစေမှာကို မဖျက်ခြင်ကြတဲ့သတင်း
- ဘယ်ဒင်းကဆိုးသလည်း
- အဲဒီပုဒ်မကို ဘိန်းနဲ့အစားထိုးပေးဘို့ တောင်းဆိုအပ်ပါကြောင်း

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Miscarriage Prevention ကိုယ်ဝန်မပျက်အောင်

ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို ကိုယ့်ဖါသာကိုယ် မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ အလိုလိုပျက်သလဲဆိုတဲ့ အကြောင်းတရားတွေကများတယ်။ တခါပျက်ပြီး နောက်ကိုယ်ဝန်အောင်မြင်ချင်လို့ မေးလာသူ မနည်းပါ။

မင်္ဂလာပါဆရာ သမီးအသက်က ၂ဝ ရှိပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိုယ်ဝန်နှစ်လနဲ့ပျက်ကျခဲ့ပါတယ်။ မပျက်ကျခင် တရက်က OG ကကိုယ်ဝန် မြဲဆေးထိုးပေးခဲ့ပါတယ်။ သွေးနည်းနည်းစီဆင်းလို့ပါ။ နောက်ရက် အာထွာဆောင်း သွားရိုက်ခိုင်းတဲ့ရက်မှာ အဘောရှင်းဖြစ်တာပါ။ အခုကိုယ်ဝန်နှစ်လရှိနေပါတယ်ဆရာ။ ဗိုက်က ထိုးထိုးအောင့်နေလို့ အရင်တခါလိုဖြစ်မှာကြောက်တယ်ပြီးတော့ OG က ဒီတစ်ခါလည်းမြဲဆေးထိုးပေးမယ်ဆိုရင်လက်ခံရမလားဆရာ။ အဓိကသိချင်တာက ကိုယ်ဝန်မြဲဆေးနဲ့အဘောရှင်းဖြစ်တာဆိုင်ပါသလားဆရာ။ ပျို့တာအန်တာကလည်း ဆိုးပါတယ်ဆရာ။ ဗိုက်ထဲအစာကိုမရှိဘူးဆရာ။ အဘောရှင်း နောက်တခါဖြစ်လာနိုင်ပါသလားဆရာ။ သင်္ကြန်လည်း ရောက်တော့မယ်ဆိုတော့ ကိုယ်ဝန်ဆောင်တွေ ရေပက်ခံထွက်သင့်လားဆိုတာသိချင်လို့ပါ။ ကိုယ်ဝန် ၃ လ ကျော်ပေါ့နော်။ ရိုင်းတာပါရင် တောင်းပန်ပါတယ်ဆရာ။ ကျေးဇူးပြု၍ဖြေပေးပါဆရာ။ ဆရာကျန်းမာပါစေ။

သင်္ကြနဲ့ကိုယ်ဝန် သုတေသနမတွေ့သေးပါ။ ကိုယ်ဝန်ပျက်ဖူးသူ မပျက်လိုရင်တော့ သူများတွေထက် ဆင်ခြင်သင့်ပါတယ်။

ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ အလိုလိုပျက်ကျတာကို Miscarriage ခေါ်တယ်။ တမင်ဖျက်တာကိုမှ Abortion ခေါ်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန် ရှိ-မရှိကို hCG အချင်းဟော်မုန်း စစ်ရတယ်။ အပေါင်းပြရင် ဆေးစာအရ Chemical Pregnancy ဓါတုနည်းနဲ့သေချာတဲ့ ကိုယ်ဝန်လို့ခေါ်တယ်။ (အာလ်ထွာဆောင်း) နဲ့ စစ်လို့ရလာရင်တော့ Clinical pregnancy ဆေးခန်းအတည်ပြု ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကိုယ်ဝန်ပျက်တာ အများစုက ဒီနောက်အဆင့်မှာဖြစ်ကြတယ်။

• Genetic (Chromosomal) အသက်ကြီးသူတွေမှာ ဒါမျိုးကို ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မျိုးဗီဇအခြေခံကြောင့်ဆိုရင်တော့ ဆရာဝန်လဲ မတတ်နိုင်ပါ။
• သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် သားအိမ်အလုံးက နေရာမတော်တာမှာရှိနေခြင်းလဲပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ရမယ်။ သားအိမ်အဝ (ခေါင်း) မလုံသူဆိုရင် လစေ့တဲ့အထိ မတည်နိုင်လို့ ဆရာဝန်ကနေ ချုပ်ပြီးပြင်ပေးနိုင်တယ်။
• ကျန်းမာရေး အကြောင်းခံတွေထဲမှာ ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေ ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။
• ခုခံအားချို့ယွင်းမှုထဲမှာ Antiphopholipid Antibody Syndrome, Reproductive Autoimmune Failure Syndrome တွေပါတယ်။ ခဏခဏကိုယ်ဝန်ပျက်သူဆိုရင် Immunological Issues စဉ်းစားရမယ်။

ကိုယ်ဝန်ပျက်တာထဲမှာ အများဆုံးဖြစ်တဲ့ ရာသီခွင်ကို (လူတီရယ်) အဆင့်ခေါ်တယ်။ ရာသီလာပြီး မျိုးဥ မထွက်ခင် ကာလကို ခေါ်တယ်။ အဲဒီကာလမှာ ချို့ယွင်းရင် ခဏခဏကိုယ်ဝန်ပျက်တတ်တယ်။ ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ (FSH) ဟော်မုန်းထွက်လာမယ်။ မျိုးဥအိမ်ထဲက အကောင်းဆုံး (ဖေါ်လီကယ်) တခုကိုရွေ့းပြီး မျိုဥထွက်ဘို့ ပြင်တင်တော့မယ်။ (LH) ဟော်မုန်းကနေ မျိုးဥထွက်ဘို့ နိုးဆွပေးမယ်။ (ကောပတ်စ်လူတီယမ်) ဆိုတာဖြစ်လာမယ်။ သူကနေ (ပရိုဂျက်စတီရုန်း) ဟော်မုန်းထုတ်ပေးမယ်။ ဒီကာလက ၁၄ ရက်ကြာတယ်။ (အီစထိုဂျင်) နဲ့တွဲပြီး သားအိမ်အတွင်းဆုံးနံရံကို ပြင်ပေးကြမယ်။ ဒါမှသာ သန္ဓေသားက တွယ်ကပ်မှု ဖြစ်စေနိုင်တယ်။

ဒီဆင့်ကဲဖြစ်စဉ်မှာ ချို့ယွင်ရင် ကိုယ်ဝန်ပျက်တာကို LPD လို့ခေါ်တယ်။ သွေးစစ်ပြီး သိနိုင်တယ်။ မျိုးဥထွက်ပြီး ၇ ရက်မှာ စမ်းရင် 10-14 ng/mL နည်းနေတာရှိသူကို (လူတီရယ်) အဆင့်အားနည်းချက်လို့ခေါ်တယ်။ သားအိမ် အတွင်းဆုံးလွှာ အသားစဖြတ်ယူစစ်တာလဲလုပ်နိုင်တယ်။ အာလ်ထွာဆောင်းရိုက်ပြီး (ဖေါ်လီကယ်) ကို တိုင်းနိုင်တယ်။ သေးနေတယ်သူတွေကို Clomiphene Citrate (Clomid, Milophene or Serophene) မျိုးဥကြွေဆေး ပေးရမယ်။ LPD ဖြစ်နေသူကို (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးပေးမယ်။ မျိုးဥ ထွက်ချိန်ကနေ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်အထိပေးတယ်။ တခါမက ပျက်သူဆိုရင် လိုမှာအမှန်ဘဲ။

ကိုယ်ဝန်မပျက်အောင် ကိုယ်ဝန်မရခင်ကတည်းကနေ စသင့်တယ်။ ကျန်းမာရေး ကောင်းနေသူတွေ ကိုယ်ဝန်ပျက်ရတာ နည်းတယ်။ ဒါကြောင့် အစာအာဟာရ မျှတလုံလောက်အောင်စားတာနဲ့ ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်း) လုပ်တာက အခြေခံလိုအပ်ချက် ဖြစ်တယ်။ စိတ်ဖိအားမများစေဘို့လဲ (ဖေါလစ်အက်စစ်) သောက်ဘို့ လိုပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစား ပြင်းထံတာကိုလဲ ရှောင်ရမယ်။ ဓါတ်မှန် အရိုက်မခံပါနဲ့။ OG နဲ့အပ်ထားရမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ရှောင်ရှားပြီး၊ (ကေဖင်း) များတာ (ကော်ဖီနဲ့ ကိုလာ) လျှော့သောက်ရပါတော့မယ်။

ကိုယ်ဝန် ခဏခဏပျက်ရခြင်း
• ယူကေမှာရှိတဲ့ (ဝါးဝစ်) တက္ကသိုလ်က တွေ့ရှိချက်သစ်တခုကို ထုတ်ပြန်လိုက်ပါတယ်။
• (စတီရွိုက်) နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။
• ကိုယ်ဝန်ဆောင်အရေအတွက် ၇ ယောက်မှာ ၁ ယောက်မကပျက်တယ်။ ကိုယ်ဝန် ၃ ကြိမ်ပျက်ဘူးသူ ၁% ရှိနေတယ်။
• ကိုယ်ဝန်ပျက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်မှာ ခုခံအားစနစ်နဲ့ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။
•(စတီရွိုက်) ဆေးပေးရင် ကိုယ်ဝန်ပျက်တာကို သက်သာစေတာကိုသိထားပေမဲ့ အရင်က ဘာလို့လဲဆိုတာ မရှင်းတတ်သေးဘူး။
• ၁၂-၉-၂ဝ၁၃ နေ့ Journal of Clinical Endocrinology and Metabolism ထဲမှာ ရေးလိုက်တာကတော့ Natural killer cells (NK cells) တွေကနေ သားအိမ် အတွင်းဆုံးလွှာမှာ ဆက်ဖြစ်တာတွေရှိတယ်။
•(စတီရွိုက်) နည်းနေရင် သန္ခေကို သားအိမ်မှာလာတွယ်ကပ်ဘို့ ခက်ခဲစေတယ်။ ဒါကြောင့် ကိုယ်ဝန် မပျက်စေအောင် (စတီရွိုက်) နည်းနည်းပေးတာ အကျိုးများတယ်။

Low molecular weight Heparin or Lovenox ထိုးဆေးကို ကိုယ်ဝန်ရလာရင် ထိုးပေးတာလဲရှိတယ်။ Low dose Aspirin ကိုလဲပေးတယ်။ Folic acid သောက်ရမယ်။ Dydrogestrone ဆေးကိုလည်းပေးတယ်။

Prednisolone 25mg (စတီရွိုက်) ဆေးကို (၁၁-၁၄ မြောက်ရက်) ကနေစပြီး ကိုယ်ဝန်ရတယ်ဆိုရင် ၁၂ ပါတ်အထိ ပေးတယ်။ ဘေးထွက်ဆိုးကျိုး မများလှပါ။ ကိုယ်အလေးချိန်တက်မယ်၊ စိတ်မူပြောင်းနိုင်တယ်၊ အိပ်ရေးပျက်နိုင်တယ်၊ အရေပြား နဲနဲအပြောင်းအလဲရှိနိုင်တယ်၊ သွေးဖိအားတက်နိုင်တယ်။ ကလေးဆီကို နဲနဲလေးသာရောက်မယ်။ တချို့က ကိုယ်ဝန်ရရင် Prednisolone ဆေးကို ၂ ဆတိုးပြီးပေးတယ်။

Premaston (Allylestrenol) ဆေးမှာ Steroid + Progestational activity နှစ်မျိုးရောထားတယ်။ ကိုယ်ဝန် မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက် ပေးတယ်။ မျိုးဥထွက်ပြီး ၄ ရက်မှာပေးသေးတယ်။ လိုရင်တိုးပေးမယ်။ ကိုယ်ဝန် ခဏခဏ ပျက်တတ်သူကို ကိုယ်ဝန်ရှိစကတည်းက 5-10 mg နေ့စဉ်ပေးမယ်။ ၇ လအထိပေးရတာလည်းရှိတယ်။

1. Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည် http://dts-medicaleducation-adult.blogspot.in/2013/11/cervical-length.html
2. Cervical incompetence သားအိမ်အဝမလုံခြင်း http://dts-medicaleducation-adult.blogspot.in/2014/04/cervical-incompetence.html
3. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://dts-medicaleducation-adult.blogspot.in/2013/08/miscarriage-prevention.html
4. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
5. Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း http://dts-medicaleducation-adult.blogspot.in/2013/09/recurrent-miscarriage.html

ဒေါက်တာတင့်ဆွေ

Sunday, February 28, 2016

အရက်ဋီကာချဲ့ခြင်း

ဆရာဝန်ကြီးတယောက်က ဈေးကြီးပေးရတဲ့ အရက်ကောင်းဆိုရင် ကျန်းမာရေး ကောင်းသင့်သလောက် သောက်ပါလို့ ပြောထားတယ်။ ကျနော် ဆရာဝန်လေး (အသက်ငယ်လို့မဟုတ်ပါ) ဖြေပါမယ်။ ဈေးကြီးရင် ပစ္စည်းပိုကောင်းတဲ့ ဥပဒေသကတော့ အမှန်ရှိပါတယ်။ ဥပမာ အရက်၊ ရေမွှေး၊ ဂျူတီဖရီးက ရောင်းသမျှ။ ဈေးနည်းတာ သောက်ရလေလေ ဆိုးကျိုးပိုဖြစ်နိုင်လေဆိုတာလည်း မှန်ပါတယ်။ ကျန်းမာရေးဘက်က တွက်ရင်တော့ အဆိုးလေးနဲ့ အဆိုးကြီးသာ ကွာပါတယ်။

အရက်ဆိုရင် ဟောင်းလေကောင်းလေ ဥပဒေသလည်း ရှိပါတယ်။ ၁၈ နှစ်သက်တမ်းရှိတဲ့ Macallan Old Sherry Wood Distilled 1980 Bottled 1998 700ml တပုလင်းကို ဒေါ်လာ ၁၁ဝဝ ပေးရတယ်။ Scotch Whisky စကော့ခ်ျ ဝီစကီတွေက ဟောင်းရင် ဈေးကောင်းရတယ်။
• ၂၁ နှစ်သက်တမ်း Balvenie Portwood = $189.90
• ၁၇ နှစ်သက်တမ်း Balvenie = $129.90
• ၁၅ နှစ်သက်တမ်း Dalwhinnie Single Malt = $63.90
• ၁၂ နှစ်သက်တမ်း Cragganmore Single Malt = $59.95
• ၁၂ နှစ်သက်တမ်း Dewar’s Special Reserve = $35.95
• ၁ဝ နှစ်သက်တမ်း Ardbeg = $49.95
• ၅ နှစ်သက်တမ်း Bench 5 Scotch Whisky = $23.55
• ၃ နှစ်သက်တမ်း House Of Stuart = $18.90
• ၃ နှစ်သက်တမ်း House of Stuart = $9.25

အရက်မှာ ဟောင်းတိုင်းကောင်းသလားလို့ မေးခွန်းထုတ်တာတွေလည်း ရှိပါသေးတယ်။ နာမည်ကြီး Chivas (ချီးဗတ်စ်) ကနေ သုတေသန လုပ်ထားပါတယ်။ သောက်သုံးသူ ၉၃ ရာခိုင်နှုန်းကတော့ ဟောင်းတာ ကောင်းတယ်လို့ ပြောကြပါတယ်။ ရောင်းတဲ့သူအကြိုက် အဖြေဖြစ်ပါတယ်။ ကျန်ရာနှုန်းထဲက ထောက်ပြတာကတော့ ဝီစကီထဲမှာပါတဲ့ Spirits (စပစ်ရစ်) အရက်ဟာ သိမ်းဆီးဖို့ ထားရတဲ့ Cask ထည့်စရာထဲမှာ ကြာလာရင် သစ်သားနဲ့ဓာတ်ပြုပြီး ပြောင်းလဲပျက်စီးလာမယ်တဲ့။ သူ့ထဲမှာ ချက်လုပ်ရာမှာပါတဲ့ အစေ့အဆံရဲ့အစွမ်းကို ဖုံးလွှမ်းသွားတယ်တဲ့။ ဥပမာ Malt Scotch မော့လ် စကော့်ခ်ျ ထုတ်တာမှာသုံးတဲ့ ဘာလီစေ့။ ဥပမာပြရရင် မျက်နှာမှာ မိတ်ကပ်ထူထူကြီး လိမ်းသလိုပဲတဲ့။

အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လိုအစေ့အဆံတွေ သုံးသလဲ့
• Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊
• Corn whiskey 80% Corn ပြောင်းစေ့၊
• Malt whiskey 51% Malted barley ဘာလီစေ့၊
• Rye whiskey 51% Rye ရိုင်း-စပါးစေ့၊
• Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊
• Wheat whiskey 51% wheat ဂျုံစေ့၊
• Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။
• Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလည်း ထုတ်သေးတယ်။
• Vodka (ဗော့ဒဂါ) ကို အစေ့အဆံကို သိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။
• Gin (ဂျင်န်) ကလည်း အဲလိုပဲ။
• Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါက အရက်ကို ပန်းသီးရည်ကနေ ထုတ်တယ်။

Scotch whiskies တွေက အနည်းဆုံး နှစ်ခါ (တချို့က အခါ ၂ဝ) ပေါင်းခံတယ်။ အစစ်သတ်မှတ်ချက်အရ အနည်းဆုံး ၃ နှစ်ထားရမယ်။ Oak casks (အုတ်သစ်သား) နဲ့ လုပ်ထားတဲ့ စည်ပိုင်းထဲမှာသာ ထားရမယ်။ ဘယ်လောက်ကြာပြီဆိုတာ မပါဘဲ ရောင်းမရဘူး။ Smoky flavor မီးသင်းထားတဲ့ အနံ့လေး ပါတာများတယ်။ Peat smoke သစ်ဆွေးမြေကို သုံးလေ့ရှိတယ်။

အရက်ကောင်းလို့ ယေဘုယျခေါ်ကြတဲ့ ဝီစကီကို တခြားနိုင်ငံတွေကလည်း ထုတ်ပါတယ်။ (စကော့ခ်ျ) အစစ်မဟုတ်ပါ။ ဥပမာ အိန္ဒိယမှာ ဝီစကီကို Neutral spirits အရက်ပျံနဲ့ ရောထားတယ်။ ဒီဟာက သကြားထုတ်တဲ့အခါမှာသုံးတဲ့ ကြံ၊ စပျစ် စတာတွေကနေရတယ်။ အဲလိုထုတ်လုပ်တာက Rum (ရမ်) နဲ့ ပိုတူနေပါမယ်။

အရက်ထဲမှာ ဓာတုဗေဒအရ ဘာတွေပါသလဲ့
အနံ့မွှေးဖို့ သုံးတာထဲမှာ (ကာဗွန်နိုင်းလ်) ဓာတ်ပေါင်း၊ (အယ်လ်ကိုဟော)၊ (ကာဘောက်ဆလစ် အက်စစ်)၊ (နိုက်ထရိုဂျင်) နဲ့ (ဆာလ်ဖါ) ဓာတ်ပေါင်းတွေ၊ (တဲနင်)၊ (တာပိုင်း)၊ (ပိုင်ရဒင်း)၊ (ပိုင်ရဇင်း) ဆိုတာတွေပါတယ်။ Oak အုတ်သစ်သား စည်ထဲမှာ ထားသိုရလို့ (အုတ်) နံ့ ရနေတယ်။ ဓာတ်ပေါင်းတွေပါမယ်။ Distillation ပေါင်းခံဖြစ်စဉ်ကနေ Fusel oils လောင်စာဆီ ပါတယ်။ သူက (အက်စနောလ်) ထက်ပိုပြီး အဆိပ်သဘောရှိတယ်။ ဒါကြောင့် ဒုတိယအကြိမ် ပေါင်းခံတဲ့အခါမှာ မီးသွေး စတာတွေကို သုံးတတ်တယ်။ ဝီစကီကို အရောင်ပေးဖို့ သုံးတဲ့ ဓာတ်ပေါင်းတွေလည်း ပါနေတယ်။

အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လောက်ပါသလဲ့
• Pilsner ပေလ်စနာ = 3–6 %
• Beers ဘီယာ = 3-10 %
• Lager လက်ဂါဘီယာ = 4-5 %
• IPA (Pale Ale) ပေးလ်-အေးလ် = 6-7 %
• Sparkling Wine စပါကလင်-ဝိုင် = 8–12 %
• Wine (general) ပုံမှန် ဝိုင် = 10–15 %
• Madeira Wine မဒီရာ-ဝိုင် = 15-18 %
• Bum Wine ဘမ်-ဝိုင် = 15-20 %
• Port Wine ပို့တ်-ဝိုင် = 16-20 %
• Fortified Wines ဝိုင်အပြင်း = 16–22 %
• Sherry ရှယ်ရီ-ဝိုင် = 17–22 %
• Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60 %
• Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40 %
• Neutral Grain Spirits ချက်အရက် = 95 %
• Rectified Spirits မီးတောက်အရက် = 96 %

မြန်မာပြည်ထွက်တွေကို ကွန်မင့်ကနေ တယောက်က ပြောပြလို့ မှတ်ထားတာရှိတယ်။
• မြန်မာ ရမ် = 45 %
• မြန်မာ အာမီရမ် = 40 %
• မြန်မာ ဘီအီး (အရက်ဖြူ ) = 30%

Alcohol powder အရက်မှုန့်
အရက်မှုန့်ကို ၂ဝ ဂရမ်ထုပ်တထုပ်ကို ၁-၁ ဒသမ ၅ ယူရို (၁ ဒသမ ၃၅-၂ ဒေါ်လာ) နဲ့ရောင်းတယ်။ အရက်ကို အမှုန့်လုပ်နည်းကို ယူအက်စ်မှာ ၁၉၆၉ ကတည်းက မူပိုင်ခွင့်ကို မှတ်ပုံတင်ထားတယ်။ လုပ်နည်းက အပူချိန် (-173.4° F) အထိ လျှော့ချရတယ်။ Palcohol ကို FDA က အသိအမှတ်ပြုပေးထားပါတယ်။ ရုရှားက နာမည်ကြီး ဗော်ဒကာအရက်ကိုလည်း Dry vodka အမှုန့်အနေနဲ့ လုပ်ထားတယ်။

၁။ Reconstituted ရေနဲ့ရောသောက်ရတယ်။
၂။ Oral ဆေးတောင့်ပုံစံလုပ်ထားပြီး ဆေးသောက်သလို သောက်ရတယ်။
၃။ Nebulizer ရှူဆေးနည်းနဲ့သုံးတယ်။

အရက်ဟာ သိပ္ပံပညာရှင်တွေကနေ တီထွင်ပြီး တွေ့သိလာတဲ့ အဆန်းထွင်မှုမဟုတ်ပါ။ အစားအသောက်နဲ့ အသီးအနှံတွေမှာ ပါနေတဲ့ သကြားဓာတ်က သဘာဝနည်းနဲ့ ကစော်ပေါက်တာကို အမှတ်မထင် သောက်သုံးရာကနေ တွေ့လာပါ။ အကောင်တွေ၊ ငှက်တွေက အဲလိုဟာကိုသောက်လို့ အမူအယာ ထူးခြားနေတာကို သတိထားမိတဲ့ တိရစ္ဆာန်အထိန်းတွေ၊ တောသူတောင်သားတွေကနေ စမ်းကြည့်ရာကနေ သောက်သုံးတာလို့ ဆိုပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းကာလ သက်တမ်းရှိတဲ့ ဘီယာခွက်နဲ့တူတာကိုလည်း တွေ့ရှိထားလို့ ဒီအယူအဆကို ခိုင်မာစေတယ်။ ဘီစီ ၁ဝဝဝဝ လို့ မှန်းပါတယ်။

အရက်အမယ်ပေါင်း ၂ ဒါဇင်လောက် ရေးပြီးပြီ၊ တာရှည် အရက်သောက်ရာကနေ ရစေနိုင်တဲ့ ရောဂါ ၁ ဒါဇင်တိတိ နာမည်လေးတွေပါ ပြောပါရစေ။

• Anemia သွေးအားနည်းခြင်း၊
• Cancer ကင်ဆာ၊
• Cardiovascular disease နှလုံး-သွေးကြောရောဂါ၊
• Cirrhosis အသည်းခြောက်ရောဂါ၊
• Dementia အသိဉာဏ်ချို့ယွင်းရောဂါ၊
• Depression စိတ်ကျရောဂါ၊
• Seizures အတက်ရောဂါ၊
• Gout ဂေါက်ရောဂါ၊
• High blood pressure သွေးတိုးရောဂါ၊
• Infectious disease ကူးစက်ရောဂါ၊
• Nerve damage အာရုံကြောထိခိုက်ခြင်း၊
• Pancreatitis သရက်ရွက်ရောင်ခြင်း။

အရက်ဈေးကြီးတာက ပိုကောင်းတယ်ဆိုလို့ သောက်နိုင်သူများခင်ဗျား၊ တပုလင်း ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ အကုန်ခံနိုင်တယ်ထားပါတော့၊ အသည်းရောဂါရလို့ အသည်းလဲရရင် ဒေါ်လာ ၁ဝဝဝဝ မက ကုန်ကျပါမယ်။

ဒေါက်တာတင့်ဆွေ
By ဒီဗွီဘီ 24 February 2016

I am Myanmar လွှစင်ပေါ်ကမြန်မာ

တိုင်းပြည်နာမည်ကို Myanmar လို့ပြောင်းပြီးကတည်းက တိုင်းတပါးသားတွေကို I am Myanmar, I speak Myanmar and I live in Myanmar မြန်မာမိုးမွှန်အောင်ပြောနေကြတယ်။ တမျိုးကြီးပဲ။

I am English, I speak English and I live in English country (England) လို့သာပြောရပါတယ်။

၇-၈ တန်းလောက် ဆရာပြောတဲ့ I saw a saw on a saw ကို အမှတ်ရမိတယ်။ I saw a saw in a saw က အသုံးမှန် ဖြစ်တယ်။ နားထောင်တဲ့သူကို ဆွဲဆောင်ချင်လို့ တမင်ပြောတဲ့ဝါကျသာဖြစ်ပါတယ်။

1. I saw a saw in a saw
2. I saw a saw sawing a saw
3. I saw a cut in a saw
4. I saw a saw which could not saw

I saw a saw in a saw = A famous person also has problems အဓိပ္ပါယ်က နာမည်ကြီးတဲ့သူမှာလည်း ပြဿနာတွေ ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပြဿနာတွေ အများကြီးရှိတယ်။ မြန်မာပြည်မှာ တိုက်လို့မရတဲ့လွှတွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၆
၂၈-၂-၂ဝ၁၇

Myanmar နာမ် နာမဝိသေသန

ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ မြန်မာစကားပြောကျောင်းသား၊ စပိန်စကားပြောကျောင်းသားနဲ့ အာရတ်စကားပြောကျောင်းသားတွေ တက်နေကြတယ်။ အထက်တန်းအဆင့်သာဖြစ်လို့ အင်္ဂလိပ်စာကို သဒ္ဒါ၊ အဖတ်၊ နားထောင်တာနဲ့ အရေးအသား သင်ပါတယ်။

သင် အမေရိကားကိုရောက်တာ ဘယ်လောက်ကြာပြီလဲ မေးခွန်းကိုဖြေကြတဲ့အခါ၊ အမေရိကန် နဲ့ အမေရိကား မှားနေရင် ပြင်ပေးရတယ်။

ကျွန်ုပ် တရုပ်အစားအစာကို ကြိုက်သည်ကို ဖြေကြတဲ့အခါ ချိုင်းနီးစ် နဲ့ ချိုင်းနား ကို ပြင်ပေးရတယ်။

ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်၊ မြန်မာပြည်ကလာသည်၊ မြန်မာ့အစားအစာကိုကြိုက်သည်၊ မြန်မာစကားပြောသည်ကို ဖြေကြရင်တော့ နာမ်ရော နာမဝိသေသနပါ မြန်မာချည်းသာဖြစ်နေလို့ တခြားကျောင်းသားတွေက အံ့သြနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၇

Paper elephant စက္ကူဆင်ဖြူတော်

ဟိုဘုရင်တွေလက်ထက်ကတန်ဘိုးထားခဲ့တဲ့ ဆင်ဖြူတော်ကို(နဝတ)စစ်အစိုးရခေတ်မှာတန်ဘိုးဖျက်တယ်။ အဲတာကိုအမြင်ကပ်လို့ Chikungunya ကို ဆင်ဖြူတော်တုပ်ကွေးဆိုပြီးဆေးစာတပုဒ်ရေးထားလိုက်တယ်။

Paper tiger စက္ကူကျားဆိုတာဟာစစ်အေးခေတ်မှာအနောက်အုပ်စုကနေတရုပ်ခေါင်းဆောင် မော်စီတုန်းကိုထိုးနှက်ရာမှာ သုံးခဲ့တဲ့စကားလုံး ဖြစ်တယ်။

ဒီအစိုးရလက်ထက်မှာ White Elephant Paper (Kyat note) မြန်မာဆင်ဖြူတော်ငွေစက္ကူက ပြောစမှတ်ရှိလာပြန်ပြီ။ ဆင်ဖြူတော်ပုံပါတဲ့ ၅ဝဝဝ တန် ငွေစက္ကူကို တရုပ်ကနေအတုတွေလုပ်တဲ့သတင်း ၂ဝ၁၄ ခုနှစ် ဧပြီလလောက်တုံးက ထွက်နေတယ်။

ဆင်ကြံကြံသူတွေခေတ် မြန်မြန်ကုန်ပါစေသတည်း။

Chikungunya ဆင်ဖြူတော် တုပ်ကွေးhttp://dts-medicaleducation.blogspot.com/2010/10/chikungunya.html

ဒေါက်တာတင့်ဆွေ

Generalization ဝါးလုံးသိမ်း

ကျွန်တော့်ပို့စ်တခု = တရုပ်ခရီးသွားများ ပိုက်ဆံသာရှိပြီး ရိုင်းစိုင်းကြသည်

ကွန်မင့်တခု = Kuo Hai Min ပြည်မတရုတ်လို့ရေးပေးပါဗျာ။ တရုတ်လို့ဆိုပြီး အားလုံးကိုရမ်းဆဲနေတာက မြန်မာလူမျိုးတွေလဲ စည်းကမ်းရှိရဲ့လားလို့ ကိုယ်ကိုမေးပြီမှ သူများကိုဝေဖန်ကြပါ။ ဆရာဦးတင့်ဆွေကို တောင်းပန်ပါတယ်။ ကျွန်တော် ရိုင်းတာရှိရင်ခွင့်လွတ်ပါ။

(ပိုက်ဆံချမ်းသာကြသူတွေ တရုပ်ပြည်မကြီးကနေ) လို့ပါတယ်မဟုတ်ပါလား။ ကျွန်တော်က ဘာသာပြန်တာပါ။ ဒီသတင်းမှာ တိုက်ရိုက်ပြန်နည်းသာသုံးပါတယ်။ ကျွန်တော်လည်း ဝါးလုံးသိမ်းပြီး ကောင်းတယ်၊ ဆိုးတယ်လို့ ပြောတာမျိုးကို သဘောမတူပါ။ အရင် အခုစာကိုရေးတုန်းက (ကုလား) အသုံးကနေစပါတယ်။

ကျွန်တော့်မှာ တရုပ်ကပြား သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအများကြီးရှိပါတယ်။ တရုပ်ပြည် ယူနန်နယ်ကိုလည်း တခေါက်ရောက်ဖူးတယ်။ ယဉ်ကျေးကြပါတယ်။ အိန္ဒိယမှာ ၂၄ နှစ်နေခဲ့ဖူးတယ်။ တချို့အိန္ဒိယနိုင်ငံသားတွေ အင်မတန် ယဉ်ကျေးကြတယ်။ လေယာဉ်စီးရင်တော့ အိန္ဒိယခရီးသည်တွေလည်း နာမည်ကောင်းမရှိပါ။ မျက်မြင်ကိုယ်တွေ့ပါ။ အကြိမ်ပေါင်းမနည်းပါ။

အကုန်သိမ်းပြီး ကောင်းတယ်၊ မကောင်းဘူးလို့ပြောတာ အပြစ်မလွတ်ပါ။ (ကုလား) လို့ ခြုံပြောတာ၊ (ဘင်္ဂါလီ) လို့ သုံးတာ၊ (မွတ်ဆလင်) လို့သိမ်းကြုံးပြောတာတွေကို အရင်ကရေးထားပါသေးတယ်။ (စစ်တပ်) ကို ပြောတာမှာလည်း အထူးသတိထားသင့်ကြပါတယ်။

ဝါးလုံးသိမ်းပြောလိုက်တာက မှားတတ်တယ်။ အကဲဖြတ်ချက်တခု၊ မှတ်ချက်တခုကို ယျေဘုယျ ပြောချလိုက်တာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ တချို့က အဲလိုအပြောခံရတာကို အလေးအနက်ယူကြတယ်။ တချို့ကတော့ သာမန်သဘောထားတယ်။

သုတေသနလုပ်တာတောင်မှ အားလုံးမှန်တယ်လို့ ပြောမရပါ။ အမေရိကမှာလုပ်ထားတဲ့ ဆေးသုတေသန ရလဒ်တွေကို မြန်မာပြည်ကလူနာတွေတိုင်းမှာ မသင့်တတ်တာမျိုးရှိတယ်။ ကျွန်တော်လည်း မှားဘူးပါတယ်။ ဆေးပညာစာတွေ ရေးတဲ့အထဲမှာ အသည်းကင်ဆာဖြစ်ရင် (၆) လထက် အသက်မရှည်ဘူးလို့ရေးတာကို ထောက်ပြခံရဘူးတယ်။ ဒေလီကို တိုင်းတပါးကနေ ဆေးကုလာတဲ့မြန်မာပြည်ကလူနာတွေကို ငွေလိမ်သူက ကုလားရွှေတွေလို့ ရေးမိတာကို ပြန်ပြင်ရဘူးပါတယ်။ တချို့ကောင်း၏။ တချို့မကောင်းလို့ရေးမှ မမှားမယ်။

ယုတ္တိဗေဒ ကောက်ချက်ချတာကို သင်ဘူးကြမှာပါ။ ခွေးသည်သေမျိုးဖြစ်၏။ မောင်ဘသည်သေမျိုးဖြစ်၏။ ထို့ကြောင့် မောင်ဘသည်ခွေးဖြစ်၏။

ဒေါက်တာတင့်ဆွေ
၁၃-၂-ဝ၁၅
၂၈-၂-၂ဝ၁၆

Health awareness ပညာပေးတာကောင်းတော့ ကောင်းပါတယ်

ကျန်းမာရေးအသိ၊ ကျန်းမာရေးအမြင်၊ ကျန်းမာရေးသတိ၊ ပညာပေးနေတာတွေ ကောင်းပါတယ်။ ဒါပေမယ့့်

ပညာပေးတခု = အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တခုပါ။ ဟိုလူသောက်လိုက် ဒီလူသောက်လိုက်နဲ့ အသည်းရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူကူးစက်နိုင်တဲ့ အဓိကနေရာဖြစ်နေပါတယ်။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည်ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ရောဂါပေါင်းစုံ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တယောက်တပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်တယ်။

အဲဒီအချက် မမှန်ပါ။ အသည်းရောင်ဘီပိုးဟာ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ အစား အသောက်ကနေ မကူးစက်ပါ။ အသည်းရောင်ဗိုင်းရပ်စ် (၆) မျိုးရှိတယ်။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး။ (ဘီ) က သွေး၊ ဆေးထိုးအပ်၊ ကိုယ်ကထွက်တဲ့အရည်တွေ၊ လိင်ဆက်ဆံခြင်းနဲ့ ပိုးရှိမိခင်ကသူမွေးတဲ့ကလေးကို ကူးနည်းတွေကနေ ကူးစက်နိုင်တယ်။(စီ) ပိုးဟာလိင်ကတဆင့်မကူးစက်ပါ။ ဆေးထိုးအပ်ကတဆင့်ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေး ကူးသည်။ (ဒီ) ဟာ လိင်လမ်းနဲ့ သွေးမှတဆင့် ကူးသည်။ (ဘီ) ပိုးရှိနေမှ (ဒီ) ပိုးကူးတယ်။ (အီး) က (အေ) လို အစားအသောက်နဲ့ ရေကတဆင့် ကူးစက်သည်။ ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

ပညာပေးတခု = မြန်မာပြည်ကပွဲလမ်းတွေမှာ အများဆုံးဧည့်ခံလေ့ရှိတဲ့ လက်ဖက်နဲ့ အချိုပွဲတွေလဲ ဒီလိုပါပဲ။ ရှေ့လူက ပါးစပ်ထဲထည့်ထားတဲ့ဇွန်းနဲ့ နောက်လူက မြိန်ရည်လျက်ရည်စားလိုက်နဲ့ အဲဒီကနေ ကာကွယ်ဆေးမထိုးထားတဲ့သူတွေ ဘီပိုးနဲ့ အခြားရောဂါတွေ ကူးစက်ခံကြရတာ အများဆုံးနေမှာပါ။ ဒါတွေကြောင့် မြန်မာပြည်မှာ အသည်းနဲ့ ကင်ဆာ ရောဂါတွေကြောင့် အရွယ်မတိုင်ခင်သေဆုံးကြရတဲ့ အသံတိတ်လက်နက်တွေရဲ့ မြစ်ဖျားခံရာလို့ ယူဆပါတယ်။

အဲဒီအချက်လည်း မမှန်ပါ။ ကင်ဆာကိုကာကွယ်ဆေးဆိုလို့ သားအိမ်ဝကင်ဆာကာကွယ်ဆေးသာရှိပါတယ်။ အဲတာက လိင်လမ်းကြွက်နို့ကနေ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တာပါ။ အစားအသောက်ကနေ မဖြစ်စေပါ။ အသည်းကင်ဆာကို ဘာလို့ဖြစ်သလည်း ဆရာဝန်တွေက တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ အသည်းရာင် (ဘီ) နဲ့ (စီ) ပိုး ဝင်ရာကနေ နာတာရှည် အသည်းရောင်ရောဂါတွေ။ အသည်းခြောက်ရောဂါ။ (ဟီမိုခရိုမတိုးဆစ်) နဲ့ (ဝီလဆင်) ရောဂါတို့လို မွေးကတည်းပါလာတဲ့ရောဂါတွေ။ ဆီးချိုရောဂါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံး ရောဂါ။ အဆိပ်သင့်ခြင်း။ အရက်သောက်လွန်ကဲခြင်း။ အဝလွန်ခြင်းတွေကိုသာ အသည်းကင်ဆာဖြစ်စေနိုင်တယ်လို့ သိပါတယ်။

ပညာပေးတခု = သူများမင်္ဂလာဆောင်သွားရင်း ဗိုင်းရပ်ပိုးတွေနဲ့ ကိုယ်က မင်္ဂလာပြန်ဆောင်လာခဲ့ရသလို ဖြစ်နေတယ်။ ဒို့မြန်မာပြည်ကလူတွေ အရင်ကထဲက ဒီလိုနေလာတာ၊ ခုမှဇီဇာလာကြောင်မနေနဲ့။ ပိုးသေပြီးသားလို့ လက်ဖက်ရည်ဆိုင် ရောက်ရင် အကြမ်းပန်းကန်လုံးကိုမဆေးဘဲ အမြဲသောက်လေ့ရှိတဲ့ ကျနော့် ဘော်ဒါတယောက် စောစောစီးစီး အသည်းရောဂါနဲ့ ကြွသွားရှာပါပြီ။

အဲတာလည်း မရေမရာရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက ရောဂါဖြစ်စေတာတော့မှန်ပါတယ်။ လူစုလူဝေးကနေရနိုင်တာတွေက အသက်ရှူလမ်းကနေဝင်ပါတယ်။ အသည်းရောဂါနဲ့ကွယ်လွန်သူဟာ အသည်းဘာရောဂါလလည်းမသိရတော့ ပြောရတာ ခက်တယ်။ အသည်းရောဂါတွေက အမျိုးမျိုးရှိပါတယ်။ အသည်းရောင် (အေ)၊ အသည်းရောင် (ဘီ)၊ အသည်းရောင် (စီ)၊ အသည်းခြောက်ရောဂါ၊ ချက်ချင်းအသည်းအလုပ်မလုပ်တော့ခြင်း၊ (အော်တိုအင်မြုန်း) အသည်းရောင်ခြင်း၊ အရက်စွဲ အသည်းရောဂါ၊ အသည်းအဆီဖုံးခြင်း၊ အသည်းပြည်တည်ခြင်း၊ အသည်းအကျိတ်၊ (ကိုလန်ဂျီယို-ကာစီနိုးမား) ကင်ဆာ စသဖြင့်ရှိပါတယ်။ ရောဂါတခုနဲ့တခု ကူးစက်ပုံခြင်းအတော်ကို မတူကြပါ။ အသည်းရောင် (အေ) နဲ့ (အီး) ကသာ အစားအသောက် (ပါးစပ်) ကနေကူးစက်ပါတယ်။

သူ့စာထဲမှာ ကျန်းမာခြင်းသည်လဒ်တစ်ပါးလို့ ရေးထားတယ်။ မှားတယ်။ လာဘ်တပါးလို့သာ ရေးရပါတယ်။ မေးခွန်းတွေထဲမှာ ဖဘ မှာ ဒီလိုရေးထားတာတွေရတာ ဟုတ်ပါသလားမေးကြတယ်။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်၊ ဘယ်သူရေးသလဲ သိပါ။ ဘယ်ရင်းမြစ်ကနေရယူထားသလဲသိပါ။ ဖဘ ဆိုတာ လူကြီမင်းတို့ရဲ့ အဖိုးအဘ မဟုတ်ပါ။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၆
၂၈-၂-၂ဝ၁၇

Burmeton Poisoning (ဘာမီတွန်) အလွန်အကျွံသောက်ခြင်း

(၁) မင်္ဂလာပါ Burmeton ဟာလူကိုသေစေနိုင်တယ်ဆိုတာအမှန်ဘဲလားဆရာ။ ဒီဆေးကို ဘယ်လောက် ပမာဏသောက်ရင် သေစေနိုင်လဲဆိုတာကိုပါ ရှင်းလင်းပြောကြားပေးပါလားခင်ဗျဆရာ။

(၂) ကျွန်မသမီး အသက် ၂၄ ရှိပါပြီ။ ဘာမီတွန် အလုံး ၆ဝ လောက်သောက်ခဲ့ပါတယ်။ အခုဆိုလေးရက်ရှိပါပြီ။ ဆေးရုံက သွေးတစ်ခါ ဆလင်းနဲ့ထုတ်ယူပါတယ်။ ဆေးရုံက ဘာဆေးမှမပေးပါဘူး။ ဆေးလဲမထိုးပေးပါဘူး။ အကုန်ကောင်းနေပြီ ပြောလို့ ဆေးရုံကဆင်းခဲ့ပါပြီ။ အခု ရင်တွေအရမ်းတုန်ပြီး ရင်ထဲနဲနဲပူနေပါတယ်တဲ့။ အဲဒါ ဘယ်လို ဆိုးကြိုးတွေ ဆက်ဖြစ်နိုင်သေးလဲ သိလို့ပါတယ်ဆရာ။

(၃) ကျွန်မသူငယ်ချင်းရဲ့သားမှာ အသက် ၁၈ နှစ်ရှိပါပြီ။ လွန်န်ခဲ့တဲ့တလလောက်က့ ကိစ္စကြောင့် စိတ်ကျပြီး ဘာမီတွန် အလုံး ၁ဝဝ သောက်လိုက်မိပါတယ်။ သွေးအပြီး ဆေးရုံတက်ရပါတယ်။ အသက်မသေပေမဲ့ ပုံစံက တမျိုးဖြစ်နေပါတယ်။ ညဘက်တွေလဲမအိပ်လို့ ဆရာဝန်က အိပ်ဆေးသောက်ခိုင်းပါတယ်။ omega 3 ဆေးရယ် စိတ်ဆေးတချို့ပေးပါတယ်။ သောက်လဲသောက်နေပါတယ်။ ဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာ မေးရတာပါ။ ပုံမှန် ဖြစ်လာအောင် အချိန်ဘယ်လောက်ပေးရမယ်ဆိုတာရယ်၊ ဘယ်လိုကုသမှု ခံယူသင့်တယ်ဆိုတာရယ် မေးရတာပါရှုင်။

(၄) ဘာမီတွန် အလုံး ၂ဝ ကွက်တိ တခါတည်းသောက်လိုက်ရင် ခဏလေးအတွင်းမှာ အိပ်ပျော်သွားရင်းနဲ့ သေသွားတတ်တယ်ဆိုတာ ဟုတ်ပါသလားခင်ဗျ။ ပထမနှစ်တုန်းက ဓါတုဗေဒဆရာပြောဖူးတာ သတိရမိလို့ပါ။

Burmeton ဘာမီတွန်ဆိုတာ BPI ကထုတ်တဲ့ Chlorpheniramine Maleate ဆေးဖြစ်တယ်။ အလာဂျီအတွက်ပေးတယ်။ (ဘာမီတွန်ဆေး) ထဲမှာပါတဲ့ Chlorpheniramine ဟာ အလွန် အသုံးများတဲ့ Antihistamine ဆေးဖြစ်တယ်။ (အလာဂျီ) ရတာ၊ အအေးမိတာ အတွက် သုံးတာများတယ်။ ယားတာအတွက်လဲ ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ မူးဝေမယ်။ အိပ်ချင်မယ်။ အာခေါင်-နှာခေါင်း-လည်ချောင်း ခြောက်မယ်။ ဝမ်းချုပ်မယ်။ မျက်စိဝေဝါးမယ်။ ဂဏာမငြိမ်ဖြစ်မယ်။

၂ဝဝ၂ တုံးက အမေရိကားမှာ ၁၇ နှစ်သမီးတယောက် Coricidin Cough and Cold ဆေးတွေ ဆရာဝန် ညွှန်ထားတာထက် အဆမတန် များသောက်ခဲ့တဲ့အဖြစ်တခု ရှိခဲ့တယ်။ ဒီဆေးထဲမှာလည်း Chlorpheniramine Maleate ဆေးပါတယ်။ သူ့ဆရာဝန်က ၃ လတိုင်တိုင် သတိပေးနေတဲ့ကြားက မရဘူး။ ဆေးပြား တနေ့မှာ ၃-၁၅ ပြားအထိ သောက်နေခဲ့တယ်။ ဆရာဝန်နဲ့တွေ့တော့ မိန်းကလေးဟာ ခေါင်းထဲမှာပေါ့နေတယ်၊ အကောင်းတွေလို့ ထင်မှတ်နေတယ်၊ ခေါင်မူးနောက်နေတယ်၊ အသိတရားတွေ ပူးတွဲလုပ်ဆောင်နိုင်စွမ်းတွေ နည်းနေတဲ့ လက္ခဏာတွေ ခံစားလာရတယ်။ ၂ လကြာတော့ ဆီးထဲမှာ သွေးတွေပါလာတယ်။ ဒါဟာ ကျောက်ကပ်ကို ထိခိုက်တာဖြစ်တယ်။

မနက်ခင်းမှာ ဒီဆေး အပြား ၂ဝ သောက်ထားတဲ့ မိန်းကလေးကို သူမရဲ့ဆရာဝန်က နေ့ခင်းမှာ တွေ့ပြန်တယ်။ လုံးဝသတိလက်လွှတ်လောက်နီးနီးဖြစ်နေတယ်၊ တကယ်မရှိတာတွေ မြင်-ကြားနေတယ်၊ တုံတုံရီရီဖြစ်ဖြစ်နေတာ တွေ့ရတယ်။ ဆရာဝန်နဲ့ လမ်းခွဲပြီးမကြာခင် မိန်းကလေးဟာ အရုပ်ကြိုးပြတ်ဖြစ်ပြီး ဆေးရုံကို ရောက်လာတယ်။ ကံကောင်းသွားတာက မိန်းကလေး မသေပါ။ ကိုယ်ကိုယ်ကို သတ်သေဘို့ ကြိုးစားတာလို့ သိလာရတယ်။

(၅) ဆရာ့ ပြန်စာအရဆိုရင် Burmeton 4 mg အလုံး ၂ဝ ကို တခါတည်း သောက်ရုံနဲ့တော့ မသေနိုင်ဘူးပေါ့နော်။ နေ့တိုင်းသောက်မှသာ သတိလက်လွတ်ဖြစ်ပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ ကျနော် နားလည်လိုက်တယ်ခင်ဗျ။ အဲ့လို အလုံး ၂ဝ တခါတည်း သောက်လိုက်တဲ့နေ့မှာ အကြာကြီး အိပ်ပျော်နေမလား။ လွန်ခဲ့တဲ့ ၃ လလောက်က ကျနော့် ငယ်သူငယ်ချင်းတယောက် သူ့ချစ်သူ မိန်းကလေးကိစ္စနဲ့ သတ်သေဖူးပါတယ်။ ညအိပ်ခါနီးမှာ ဆေးဆိုင်ကနေ ဝယ်လာခဲ့တဲ့ အိပ်ဆေးတွေ အလုံး ၂ဝ လောက် တခါတည်း သောက်ပစ်လိုက်တာလို့ ပြောပါတယ်။ သူ ၃ ရက် ဆက်တိုက် အိပ်ပျော်သွားတယ်။ ဘာမှကို သတိမရဘူး။ နိုးလာတဲ့အချိန်မှာ လူက နုံးချိနေတယ် အာခေါင်တွေ နှုတ်ခမ်းတွေ ခြောက်ကပ်ပြီး ရေအရမ်းငတ်တယ် ဗိုက်ဆာတယ်လို့ ပြောပါတယ်။ မတိုင်ခင် ရက်တွေကလည်း အစားမစားချင်ပဲ အရက်တွေ ဘီယာတွေပဲ ဆက်တိုက် သောက်ဖြစ်ခဲ့တယ်လို့လဲ ပြောပါတယ်။ အဲ့ဒါကြောင့် သတ်သေတတ်ကြတဲ့ဆေးတွေနဲ့ ပတ်သက်ပြီး သိချင်မိလာလို့ပါခင်ဗျ။

ဆေးအဆများသွားလို့ ဖြစ်စေနိုင်တာတွေက အကြောင်းအချက် အများအပေါ်မှာ မူတည်တယ်။ ဘေးထွက်-ဆိုးကျိုးတွေနဲ့ ဆေးများသွားရင် ဖြစ်နိုင်တာတွေကတော့ အာခေါင်-မျက်စိ-နှာခေါင်း-လည်ချောင်းတွေ ခြောက်မယ်၊  နှလုံးခုန်မြန်မယ်၊ ပျို့-အန်ချင်မယ်၊  အစာခြေလမ်းအလုပ်နှေးစေမယ်၊ စားချင်စိတ်နည်းမယ်၊  ဝမ်းချုပ်မယ်၊ မျက်စိ-သူငယ်အိမ်ကျယ်မယ်၊ မျက်စိကြည့်မကောင်းဖြစ်မယ်၊ မျက်နှာနီရဲလာမယ်၊  ကိုယ်ပူမယ်၊  ခေါင်းကိုက်မယ်၊  ဆီးအသွားရခက်မယ်၊ အသက်ရှူမြန်မယ်၊  အိပ်ချင်မယ်၊  သွေးဖိအား ကျမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်မကြည်လင်ဖြစ်မယ်၊ သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊ စိတ်မငြိမ်ဖြစ်မယ်၊  စိတ်မူမမှန်ဖြစ်မယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ တက်မယ်၊ သတိလစ်မယ်၊ သေဆုံးသွားမယ်။

Chlorpheniramine ဆေးကို ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ထိုးဆေးတွေနဲ့လာတယ်။ ဝါးစားလို့ရတာရော တာရှည်ခံ ဆေးပြားရော လာသေးတယ်။ အကြမ်းအားဖြင့် ဆေးကို ၄-၆ နာရီတခါပေးတတ်တယ်။ ဒီဆေးတမျိုးတည်း သပ်သပ် လာသလို တခြားဆေးတွေနဲ့ ရောလာတာလဲ ရှိတယ်။ ဥပမာ အနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲထွက်ဆေး၊ နှာခေါင်းသွေးအလာနည်းဆေးတွေ။ (အလာဂျီ) ကို ပေးတဲ့ဆေးပေမဲ့ ဒီဆေးကို မတည့်ဘဲ (အလာဂျစ်) ဖြစ်သူတွေလဲ ရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို သတိနဲ့ပေးရတယ်။ ကားမောင်းရမဲ့သူတွေ မသောက်သင့်ဘူး။ အရက်နဲ့ တွဲမသောက်သင့်ဘူး။

အဲလို ဆေးများ-လွန်ကဲသူကို ဘယ်လိုကုသမလဲ -
အဆိပ်သင့်သူတွေကို အများဆုံး လုပ်ပေးရတဲ့ Pump the stomach ချက်ချင်း အစာအိမ်ထဲ ပိုက်သွင်းပြီး ကျန်နေမဲ့ ဆေးတွေကို ဆေးထုတ်ပြစ်တာကို ဒီနေရာမှာ သိပ်မသုံးပါ။ Supportive care ကိုလုပ်ပေးရမယ်။
• (IV) သွေးပြန်ကြောထဲ ဆေးသွင်းတာ၊
• သွေးဖိအားတက်ဆေး၊ နှလုံးခုန်မှန်ဆေး၊ တက်ရင်အတက်ရပ်ဆေး၊
• နှလုံး + အဆုပ်ကို စောင့်ကြည့်မယ်။
• အသက်ရှူကောင်းစေအောင် ပိုက်သွင်းမယ်၊
• ဆေးရုံတင်ပြီး ကုသရမယ်။

မေးတဲ့သူ ရေးပြတာထဲမှာ အရက်-ဘီယာနဲ့ဆေးရောတဲ့ အချက်ပါတယ်။ သေ-မသေဆိုတာ ဆေးသောက်ပြီး ဆေးကုသမှု ခံရတဲ့အချိန် ကြာ-မကြာလဲရှိမယ်။ Poisoning အကြောင်း First Aid Manual ရှေးဦးသူနာပြုလက်စွဲထဲမှာ ရေးထားပါတယ်။

Dr. တင့်ဆွေ

White elephant ဆင်ဖြူတော်

စစ်အစိုးရလက်ထက်မှာ ဆင်ဖြူတော်သတင်းတွေ ထွက်လာတယ်။ ပွဲတွေလမ်းတွေနဲ့ ရွှေတွေငွေတွေ၊ ရတနာတွေ စီခြယ်ပြီး၊ တခမ်းတနားလုပ်ခဲ့တယ်။ ၂၈-၁၁-၂ဝ၁၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဧရာဝတီတံတားဖွင့်ပွဲ တက်ရောက်တဲ့ သမတဦးသိန်းစိန်ကနေ ဆင်ဖြူတော်ဟာ တိုင်းပြည်ရဲ့ရတနာတပါးဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တယ်။ ၁-၃-၂ဝ၁၅ နေ့က နဝမမြောက် ဆင်ဖြူတကောင်လည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ မြန်မာ့ရာဇဝင်ကို လှန်မိပါတယ်။

ထိုင်း၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ နီပေါရာဇဝင်တွေမှာ ဆင်ဖြူတော်ကို တန်ဘိုးထားကြတယ်။ အမြတ်တနိုး မင်္ဂလာယူကြတယ်။ တော်ဝင်လက်ဆောင်အဖြစ်လည်းပေးခဲ့ကြတယ်။ ၁၆ ရာစုထဲမှာ ထိုင်းနဲ့ ဗမာနိုင်ငံကြား ဆင်ဖြူတော် ၄ ကောင် ပိုင်လိုမှုကြောင့် စစ်ဖြစ်ခဲ့သေးတယ်။ ကုန်းဘောင်ရာဇဝင်မှာမြေဒူးမင်းနဲ့ ဘုရင့်နောင်တို့က ဆင်ဖြူ့ရှင်ဘွဲ့ခံကြတယ်။

ဟင်ဒူဒဏ္ဍာရီမှာလည်း ဝေဒစကြဝဠာဗေဒမှာ ဝေဒနတ်ဘုရားတွေဘုရင် Airavata ဟာ ဆင်ဖြူတော်ဖြစ်တယ်။ ဗုဒ္ဓဘာသာစာပေမှာလည်း အများကြီးပါတယ်။ စကြာမင်းမှာ ဦးခေါင်းသုံးလုံးပါဆင်ဖြူတော်ရှိသတဲ့။ နာမည်ကလည်း Airavata ဖြစ်တယ်။

ကနေ့ခေါ်ကြတဲ့ ဆင်ဖြူတော်ဟာ Albino elephants ဖြစ်တယ်။ ဖြူတာမှန်သမျှ (ခရုသင်းအပါအဝင်) ကိုခေါ်တယ်။ တကယ့်အရောင်က ပန်းရောင်၊ နီညိုနုရောင်သာဖြစ်တယ်။ အမှန်က ဆင်ရော တခြားအကောင်တွေ၊ ငှက်တွေမှာပါ ရှားပါးလို့ တန်ဘိုးထားတဲ့သဘောပါပဲ။ တချို့ကြတော့ ကျိန်စာသဘောယူဆတာလည်းရှိတယ်။

အနောက်နိုင်ငံတွေမှာတော့ တမျိုးယူဆကြတယ်။ မျှော်လင့်မထားတာတွေကြောင့် ကုန်ကျစရိတ်ကြီးမားတာကို White elephant လို့တင်စားသုံးကြတယ်။ P. T. Barnum ဆိုသူ အမေရိကန်စီးပွါးရေးသမားဟာ Toung Taloung ခေါ်တဲ့ ဗမာ့ အဘိုးတန်ရတနာဆင်ဖြူတော်ကိုရယူဘို့ အပြင်းအထံကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ ထိုင်းဘုရင့်ဆီက တကောင် ဝယ်လို့ ရသွားတယ်။ ဒါပေမဲ့ ဆင်ဖြူဟာ ညစ်ပေတဲ့မီးခိုးရောင်ထဲမှာ ပန်းရောင်အစက်အပြောက်လေးတွေနဲ့ဆင်သာ ဖြစ်နေတာ တွေ့ရတော့တယ်။

အဲတာကြောင့် ခုခေတ်မှာ အပေါ်ယံတန်းဆာဆင်ထားတဲ့ လက်ဆောင်နဲ့ ရောင်းကုန်ကိုသာ ဆင်ဖြူတော်အသုံးနဲ့ သုံးကြပါတယ်။ ဥပမာ စပိန်မှာဆောက်လုပ်တဲ့ လေယာဉ်ကွင်းအတော်များများဟာ ဆင်ဖြူတော်စာရင်းဝင်ကြတယ်။ မဒရစ်တောင်ဖက်က Ciudad Real Airport လေဆိပ်။ မြောက်အမေရိကမှာ အကြီးဆုံး Montréal-Mirabel International Airport လေဆိပ်။ Lambert-St. Louis International Airport runway လေဆိပ်ပြေးလမ်း။ ဒုတိယကမ္ဘာစစ်တုံးက ဂျပန် Yamato စစ်သင်္ဘော။ အဲလို ခေတ်သစ်ဆင်ဖြူတော်စာရင်းက အရှည်ကြီးရှိပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ ထိုင်းစစ်ပွဲမှာ ရဲရဲတောက်တိုက်နိုင်တဲ့ ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။ ဆင်ဝန်တွေက ဆင်ဖြူတော်အင်္ဂါ ပါမပါ စစ်ဆေးပေမဲ့ တစ်ခုမှ မတွေ့လို့ အခက်တွေ့နေကြတယ်။ နောက်ဆုံးမှာ ဦးပေါ်ဦးကို အကူအညီတောင်းကြရတယ်။ နောက်နေ့ မနက်ခင်းမှာ ဘုရင်က သူ့ဘုန်းတန်ခိုးအရပေါ်တဲ့ ဆင်ဖြူတော်ကို လာပြီးရူစားတော့တယ်။ ဆင်ဝန်ကို ဆင်ဖြူတော်အင်္ဂါပါလား မေးပါတယ်။ ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး မင်းလျှောက်တင်စမ်းဆိုတော့၊ ပေါ်ဦးက ဆင်မည်းကို သေချာလှည့်ပတ်ကြည့်ဟန်ပြုပြီး ဘုရင်ကို မှန်လှပါ ဆင်အမျိုးမှာ ကာဠဝကဆင်၊ ဂင်္ဂေယျဆင်၊ ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင်ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ။ ဟေမဆင်မျိုးမှာ နောက်နှစ်ပေါင်း ၆ဝ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါလို့ လျှောက်တင်လိုက်ပါသတဲ့။

အခု (၅) နှစ် (၁ဝ) နှစ်လောက်တော့ရှိပြီ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၅

Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်

Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်

၁။ ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ လက်ဖက်ရည်ကော သောက်လို့ရလားဆရာ။
၂။ ဆရာရှင့် လက်ဖက်မှာ ကဖင်းဓါတ်ပါ ပါသလား။ ကေဖင်းဓါတ်ပါတဲ့ အစားအသောက်များကို ပြောပြစေလိုပါတယ်ရှင်။

Caffeine (ကေဖင်း) ဓါတ်ဟာ သဘာဝအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။ လက်ဖက်ရည်က (၄) မျိုး ရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။ လက်ဖက်မှန်သမျှ Camellia Sinensis အပင်ကနေရတာဖြစ်တယ်။

(ကေဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။ အကြမ်းအားဖြင့် ကော်ဖီတခွက် (၈ အောင်စ) ထဲမှာ 90mg (ကေဖင်း) နဲ့ လက်ဖက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။

Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။

- Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။

- White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။

- Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။

- Instant coffee ထဲမှာ 65-100mg ပါတယ်။

- Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။

- Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာလည်း (ကေဖင်း) ဓါတ်ပါတယ်။

- Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။

- Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။

မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကေဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက် အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသနသိပ်မတွေ့သေးပါ။ မြန်မာလက်ဖက်သုပ်ထဲမှာ တခြားအရာတွေ အများကြီးပါတယ်။ အခုရေးထားတာက လက်ဖက်ရွက်ထဲက ကေဖင်းဓါတ်တမျိုးတည်းအတွက်သာဖြစ်ပါတယ်။

ဆေး-ကျန်းမာရေးသုတေသနတွေကို တိုးတက်တဲ့နိုင်ငံတွေမှာသာ လုပ်နိုင်ကြတာများတယ်။ သုတေသနရလဒ်တွေကို တခြားတိုင်းပြည်က လူတွေနဲ့ ရေမြေသဘာဝ၊ အစားအသောက်နဲ့ ယဉ်ကျေးမှုတွေကိုသာ အခြေခံတာဖြစ်လို့ တချို့အကြောင်းအရာတွေက မြန်မာပြည်မှာနေထိုင်သူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ခြင်မှဖြစ်မယ်။ များများလာတဲ့ မေးခွန်းတွေနဲ့ ကွန်မင့်တွေကို စနစ်တကျစုပြီး ဖေ့စ်ဘွတ် အွန်လိုင်းကနေ သုတေသနတောင်လုပ်လို့ ရတော့မယ်ထင်တယ်။ မြန်မာပြည်က အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ အမျိုးသားနဲ့ ကလေးတွေကို ထင်ဟပ်မဲ့ အချက်အလက်တွေဖြစ်လို့ အကျိုးရှိမယ်။ မေးတဲ့သူတွေ၊ ကူညီဖြေပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မေးခွန်းစည်းကမ်းမှာ နာမည်မလိုပါလို့ ထည့်ထားတယ်။ အသက်၊ ကျား-မ၊ အချိန်ကာလ၊ စတာတွေသိရရင် သုတေသနအသေးစားတခု ဖြစ်လာနိုင်တယ်။ ခက်တာက ကျွန်တော့်မှာ အချိန်ကမလောက်၊ လက်ထောက်မရှိပါ။

- Green Tea (ဂရင်းတီး) တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။

- Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။

- White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။

- Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။

- Instant coffee ထဲမှာ 65-100mg ပါတယ်။

- Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။

- Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာ (ကေဖင်း) ဓါတ်ပါတယ်။

- Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။

- Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။

မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကေဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက် အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသနသိပ်မတွေ့သေးပါ။ မြန်မာလဖက်သုပ်ထဲမှာ တခြားအရာတွေ အများကြီးပါတယ်။ အခုရေးထားတာက လဖက်ရွက်ထဲက ကေဖင်းဓါတ်တမျိုးတည်းအတွက်သာဖြစ်ပါတယ်။

1. Baian Lishou Coffee ကြော်ငြာကော်ဖီ http://doctortintswe.blogspot.com/2015/11/baian-lishou-coffee.html
2. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
3. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန် http://doctortintswe.blogspot.com/2015/01/caffeine-and-pregnancy.html
4. Caffeine in Tea ကေဖင်း နဲ့ လက်ဖက် http://doctortintswe.blogspot.com/2014/10/caffeine-in-tea.html
5. Caffeine ကေဖင်း http://doctortintswe.blogspot.com/2015/01/caffeine.html
6. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/04/coffee-and-health.html
7. Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/10/coffee-mix.html
8. Excess caffeine health warning http://doctortintswe.blogspot.com/2015/05/excess-caffeine-health-warning.html
9. Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
10. Love Coffee ညစ်ညမ်းကော်ဖီ http://doctortintswe.blogspot.com/2014/10/love-coffee.html
11. Tea or Coffee http://doctortintswe.blogspot.com/2014/10/tea-or-coffee.html

ဒေါက်တာတင့်ဆွေ

Saturday, February 27, 2016

Just Following Orders ခိုင်းပတ်

သတင်း = ဗိုလ်အောင်ကျော် နှစ် ၁ဝဝ ပြည့်မွေ့နေ့ အထိမ်းအမှတ် အခမ်းအနား

၁၉-၃-၂ဝ၁၅ နေ့ကရေးခဲ့တာလေး ပြန်တင်ပါရစေ။ ဗြိတိသျှအုပ်စိုးစဉ်က ဗိုလ်အောင်ကျော်သေဆုံးခဲ့ရတာဟာ မြင်းစီးပုလိပ်တွေကရိုက်လို့ဖြစ်တယ်။ ပုလိပ်ဆိုတဲ့အသုံးကို အခုပြန်ကြားလာရတယ်။ ခံကြရတာကကျောင်းသားတွေ ဖြစ်နေတယ်။ အဲဒီတုံးက ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်တဲ့ပုလိပ်က အိန္ဒိယလူမျိုးရဲဝန်ထမ်းတွေဖြစ်ပေမဲ့၊ ရဲတွေဆိုးတယ်၊ အိန္ဒိယကလာသူတွေ မကောင်းဖူးလို့ မအော်ခဲ့ကြပဲ၊ ကိုလိုနီဆန့်ကျင်ရေးသာ အော်ခဲ့ကြတယ်။

အခုလည်း ရဲကခိုင်းပတ်သာဖြစ်တယ်။ စစ်အုပ်စိုးမှုစနစ်ကိုသာ အပြစ်တင်ရမယ်။ အခုကစပြီး ပြည်ထဲရေးဝန်ကြီးဌာနကိုသာ အပြစ်တင်ရပါတော့မယ်။

အမိန့်သာနာခံရတာပါဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ အမိန့်ပေးသူမှာ တာဝန်ရှိတာတော့မှန်တယ်။ လုပ်သူမှာကော အပြစ်မရှိဘူးလား Just Following Orders ဆိုတဲ့ ဒုတိယကမ္ဘာစစ်အပြီး နုယင်ဘတ်ခုံရုံးမှာ Nuremberg Defense တရားခံဖက်ကလျှောက်ဟာ ချက်နာမည်ကြီးပါတယ်။

တိုက်ဆိုင်တာက အဲဒီခေတ်ကဆန္ဒပြပွဲမှာ အရိုက်ခံရသူတွေထဲမှာ NLD က ကွယ်လွန်သူ ဦးကြည်မောင်လည်းပါခဲ့တယ်။ သူ့က မီဒီယာတခုမှာဖြေတာ နုယင်ဘတ်ခုံရုံးဥပမာပါသွားလို့ စစ်ထောက်လှမ်းရေးကနေ စွပ်စွဲချက်လုပ်တယ်။

ခိုင်းပတ်ပြည်သူ့ရဲတွေ သိက္ခာတက်လာအောင်လုပ်နိုင်ကြပါစေ။ ကိုလိုနီကျဆုံးပါစေ။ နာဇီဝါဒကျဆုံးပါစေ။

ဓါတ်ပုံ = ဗိုလ်အောင်ကျော်အုတ်ဂူ

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၆

Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ


၁။ ဆရာရှင့် ၁ လခွဲသမီးလေးမှာ lactose intolerance ဖြစ်နေတယ်လို့ သိသိချင်း အမေနို့ ၂ ပတ်ဖြတ်ပြီး lactose intorelance နို့မှုန့်တိုက်နေရပါတယ်ရှင့်။ lactose intorelance နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားဆရာ။ သမီးက ဆားလင်းကြီးမြို့နယ်ကပါဆရာ။

၂။ သမီးရဲ့ ဒုတိယမြောက်သားလေးက အသက် ၇ လခွဲရှိပါပြီရှင် လက်တို့စ်နဲ့မတည့်ဖြစ်နေပါတယ်ဆရာ။ ကလေး အသက် တလခွဲမှာတစ်ခါ အသက် ၄ လလောက်မှာတခါ အခု အသက် ၇လခွဲမှာ တစ်ခါ လက်တို့စ်နဲ့မတည့်တာ ပြန်ဖြစ်နေပါတယ် လက်တို့စ် မတည့်တာက အဲ့ဒီလို ခနခနဖြစ်တတ်ပါသလားရှင်။ အခုတစ်ခေါက် ဝမ်းစစ်တော့ color က greewish yellow သကြားဓာတ်က 1.5 ပါဆရာ။ ဆရာ ဒီလို ခဏခဏ မဖြစ်အောင် ဘာတွေကို ဆင်ခြင်ရမလဲရှင်။ ကလေးက G6PD ပါဆရာ။ လက်တို့နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေ ညွှန်ကြားပေးစေခြင်ပါတယ်ရှင်။

မိခင်နို့ရည်ထဲမှာ ပရိုတင်း 0.8% to 0.9%၊ အဆီ 4.5%၊ ကာဗွန်ဟိုက်ဒရိတ် 7.1% နဲ့ ဓါတ်ဆား 0.2% ပါတယ်။ Carbohydrates ကာဗွန်ဟိုက်ဒရိတ် ထဲမှာ အဓိက Lactose လက်တို့်စ်သကြားဓါတ် 7 g/100 ml ပါတယ်။ ဒါကြောင့် ချိုတယ်။ တချို့ကလေးတွေနဲ့ လူကြီးတွေမှာ လက်တို့်စ်သကြားဓါတ်ကိုခံနိုင်ရည်မရှိကြပါ။ Lactose intolerance ခေါ်တယ်။ Lactase deficiency လို့လဲခေါ်တယ်။ Lactase ခေါ်တဲ့ အူထဲက အင်ဇိုင်းမ်ကနေ လက်တို့စ်ကို အစာကျေချက်ဘို့ လုပ်ပေးတယ်။ ဒီအင်ဇိုင်းနည်းနေရင် နို့ကိုအစာမချက်နိုင်ဖြစ်မယ်။

သုံးမျိုးရှိတယ်။
(၁) Primary lactose intolerance အသက်ကြီးလာလို့ဖြစ်ခြင်း၊ လူဦးရေရဲ့ ၇ဝ% လောက်ရှိတယ်။ ကလေး အသက် ၂-၃ နှစ်ထက်စောသိလေ့မရှိပါ။

(၂) Secondary lactose intolerance နေမကောင်းရာကနေဖြစ်ခြင်း၊ အူသိမ်ကိုခွဲစိတ်ပြီးနောက်မှာဖြစ်ခြင်း Celiac disease, Gastroenteritis နဲ့ Crohn's disease အစာလမ်းရောဂါတွေကနေဖြစ်ခြင်း။ Lactose malabsorption အောက်ခံရောဂါကနေ ဆက်ဖြစ်တယ်။ Rotavirus ရိုတာဗိုင်းရပ်ပိုးဝင်ရာကနေဖြစ်နိုင်တယ်။ Giardiasis, cryptosporidiosis နဲ့ တခြား ပါရာဆိုက် ဝင်လို့ကနေလဲ ဖြစ်နိုင်တယ်။ ဒီလိုကလေးတွေကို ဖြစ်စေတာကိုရှောင်ပြီး၊ အဲဒီအခြေခံရောဂါကိုလဲ ကုသပေးရမယ်။

(၃) Congenital lactose intolerance မွေးရာပါဖြစ်ခြင်း။ ရှားပါးတယ်။ Neonatal Lactase Deficiency ဖွံ့ဖြိုးမှု အားနည်းချက်ကနေဖြစ်တာကတော့ အစာလမ်းကြောင်း ဖွံဖြိုးမှုမပြည့်စုံသေးလို့ကနေဖြစ်တယ်။ ကိုယ်ဝန် ၃၄ ပါတ် နောက်မှသာ ပြည့်စုံတယ်။ စောမွေးတဲ့ကလေးတွေမှာဖြစ်တယ်။

ရောဂါသေချာအောင် စစ်ဆေးမှုတွေလုပ်ရမယ်။
1. Lactose tolerance test
2. Hydrogen breath test
3. Stool acidity test

အဲလိုဖြစ်နေသူတွေမှာ နို့ပါတာစားသောက်ပြီးတာနဲ့ မိနစ် ၃ဝ အကြာမှာ စခံစားရမယ်။ ဝမ်းပျက်မယ်၊ ပျို့-အန်မယ်။ ရင်ပြည့်နေမယ်။ လေတက်မယ်။ တချို့သိပ်မဆိုးလှပေမဲ့ တချို့မှာဆိုးတယ်။ ဒီရောဂါရှိနေတဲ့ကလေးမှာ ဗိုက်ဖေါင်းနေမယ်။ ဗိုက်အောင့်မယ်။

ပျောက်အောင်ကုလို့မရပါ။ နို့နဲ့ နို့ထွက်အစားအသောက်တွေရှောင်ပါ။ လျှော့ပါ။ အဲလို ရှောင်ရသူတွေမှာ ကယ်လ်စီယမ် နည်းမယ်။ ဆေးသောက်ရမယ် ကယ်လ်စီယန်ပါအစားတွေရွေးစေားရမယ်။ ဗီတာမင် (ဒီ) နည်းရင်လဲ ဖြည့်ရမယ်။ Lactose-reduced or lactose-free products လက်တို့စ်နည်း-မပါ အစားအစာတွေ ရွေးသုံးပါ။ လက်တို့စ် မပါတာနဲ့ နည်းနည်းလေးသာပါတဲ့ ပြုပြင်ထားတဲ့အစားအသောက်ပေးတာတွေကိုသာ ကျွေးတာ လုပ်နိုင်တယ်။ Lactose-Free Formulas လက်တို့စ်မပါ နို့မှုံသာ တိုက်ပါ။

အရိုးကြီးထွားဘို့ မရှိမဖြစ်တဲ့ ကယ်လ်စီယမ် နည်းမှာကိုသတိထားရမယ်။ ဒါကြောင့် အဲလိုကလေးတွေကို ကယ်လစီယမ် ပါတဲ့တခြားအစာတွေနဲ့ ကယ်လ်စီယမ်ပေးရမယ်။ ကလေးအရွယ်လေးရလာချိန်မှာ ဆန်၊ ပဲပုပ်တွေကနေ လုပ်တဲ့နို့ ပေးနိုင်ပြီ။ Lactase enzyme tablets or drops ဆေးသုံးနိုင်တယ်။ ဆေးသောက်ပြီး လက်တို့စ်ပါတဲ့ အစားအသောက်ကို အသင့်အတင့် စားသောက်နိုင်မယ်။ မိခင်နို့၊ နွားနို့သာမက ဆိတ်နို့မှာလဲ လက်တို့စ် ပါတယ်။

Lactulose လက်ကျူလို့စ်ဆိုတာ လူတွေကနေထုတ်လုပ်ထားတဲ့သကြားဓါတ် ဖြစ်တယ်။ ဝမ်းပျော့စေအောင် ပေးတဲ့ဆေးအဖြစ် သုံးတယ်။ Lactulose ထဲမှာ Lactose ပါတယ်။ Lactose intolerance ရှိနေသူတွေနဲ့ မသင့်ပါ။

ဒေါက်တာတင့်ဆွေ

Friday, February 26, 2016

Flowering plant ပန်း

ဒီမှာ ဘုရားပန်းဝယ်ရ အဆင်ပြေလှတယ်။ ကျွန်တော်သိတာမဟုတ်ပါ။ ဇနီးကပြောတာ။ ကနေ့ပဲ သူ့မိတ်ဆွေတဦးဆီကို ပန်းတစည်းပို့ပေးသေးတယ်။

ပန်းကို ပူဇော်တာအပြင် ခင်မင်မှုနဲ့ ချစ်မေတ္တာအတွက်လည်း ပေးကမ်းကြတယ်။ ကိုယ့်အလှအပအတွက်လည်း ပန်ဆင်ကြတယ်။ ကိုယ့်နေရာမှာ တန်ဆာဆင်ကြတယ်။ မွေးနေ့အတွက်တမျိုး၊ မင်္ဂလာပွဲတမျိုး သတ်မှတ်ထားတယ်။ တခြားလူမှုရေးပွဲတွေမှာလည်းသုံးတယ်။ မကျန်းမာသူအတွက် ပန်းစည်းလက်ဆောင်ယူသွားလေ့ရှိကြတယ်။ စာနာမှုနဲ့ ဝမ်းနည်းကျေကွဲမှုအတွက်လည်း ပန်းသုံးတဲ့နည်းတွေရှိတယ်။ အသစ်မွေးဖွါးခြင်းအတွက် ပန်းကိုသုံးတယ်။ ပန်းအရောင် အမျိုးအစားရွေးခြယ်မှုနဲ့ မွမ်းမံနည်းတွေလည်း အဆန်းတကြယ်လုပ်ကြတယ်။

ကမ္ဘာပေါ်မှာ အပင်တွေစပေါက်ခဲ့တာ နှစ် ၄၂၅ သန်းရှိပြီတဲ့။ Flowering plant အပွင့်ပွင့်တဲ့အပင်ကတော့ နှစ်ပေါင်း ၁၂၅-၁၃ဝ သန်းရှိပြီတဲ့။

အိန္ဒိယတောင်ပိုင်းမှာလည်း ပန်းပန်ကြတယ်။ မြန်မာပြည်မှာလောက် အမျိုးသမီးတွေပန်းပန်တဲ့အလေ့အထနဲ့ ကိုးကွယ်ရာမှာ တရိုတသေတန်ဖိုးထာတဲ့ တိုင်းပြည်မျိုး မတွေ့ဘူးသေးပါ။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၆

Untold stories မပြောတော့ ပိုသိသည်

- ကြေးနီနဲ့ မြေသိမ်း၊
- ဘိန်းခင်းနဲ့ အငှားချ၊
- ၁၄ ဌာန မဖြေကြသော်၊
- ကျူးကျော်နဲ့ အရေးပေါ်၊ ဗူးပေါ်သလိုပေါ်လာပါတော့သတည်း။

 ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Noise health effects ဆူညံသံနဲ့ကျန်းမာရေး

ကျယ်တဲ့အသံကို အဆက်မပြတ်ကြားနေရရင် ကျန်းမာရေးကိုထိခိုက်စေတယ်။ နားအကြားပျက်စီးမယ်။ နားထဲ မည်သံကြားနေရတာဖြစ်မယ်။ သွေးတိုးမယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်မယ်။ စိတ်ဖိအားများမယ်။ အိပ်ရေးပျက်မယ်။ ကလေးတွေဆိုရင် ရုပ်ပိုင်းဖွံ့ဖြိုးမှုသက်ရောက်ခံရမယ်။ စဉ်းစားမှုအသိပိုင်းကိုလည်းထိခိုက်တယ်။

Loss of hearing acuity နဲ့ Partial deafness ခေါ်တယ်။ ရာသက်ပန်ပျက်စီးခြင်းဖြစ်တယ်။ ကျယ်လောင်တဲ့ ခွေးဟောင်သံလည်းပါတယ်။ Permanent tinnitus ဆိုတာ နားထဲမှာ အသံအမြဲဆူနေတာဖြစ်တယ်။ ပျောက်အောင် ကုဘို့လည်းမလွယ်ပါ။ Hearing aids ကိရိယာသုံးနည်းကတော့ အထောက်အကူရစေမယ်။

လေယာဉ်သံ၊ လမ်းပေါ်ကယာဉ်သံ၊ အသံချဲ့စက်သံ၊ စက်သံစတာတွေကနေဖြစ်စေနိုင်တယ်။ ဗျောက်ဖေါက်သံကလည်း ဖြစ်စေတယ်။ တွေးဂီတပွဲတွေကနေလည်းဖြစ်စေတယ်။ စစ်ပွဲကလက်နက်ပေါက်ကွဲသံတွေကနေလည်းဖြစ်တယ်။ အခမ်းအနားတွေမှာ ကြီးမားတဲ့ပန်ကာတွေကနေလည်း ဖြစ်စေတယ်။

ဥရောပမှာ လမ်းပေါ်ကယာဉ်ဆူညံသံကြောင့် လူမှုရေးကုန်ကျစရိတ် တနှစ်မှာ ပေါင်း ၄ဝ ဘီလီယန်ရှိတယ်လို့ တွက်ချက်ထားတယ်။ Health and Safety Executive ကျန်းမာရေးတာဝန်ရှသူတွေကနေ သတ်မှတ်ချက်လုပ်ထားတယ်။ တချို့နေရာတွေမှာ အဲတာကိုသုံးပြီး ဥပဒေစည်းကမ်းလုပ်ထားတယ်။ 80 dBA နဲ့ 85 dBA ထက်မကျော်ရ။ နိုက်ကလပ်၊ ဒစ်စကိုပွဲတွေဟာ 105 dBA အထိကျယ်လောင်တယ်။ 110 dBA အထိလည်းရောက်တယ်။ တကယ်တေးဂီတ တီးခတ် သီဆိုတဲ့ပွဲတွေဟာ 110 dBA အထိကျယ်တယ်။ iPods / MP3 players တွေကနေ 100 dBA ကျယ်အောင်ထိ ဖွင့်နိုင်တယ်။

Royal National Institute for the Deaf (RNID) ကနေလေ့လာမှုလုပ်တယ်။ အသက် ၁၈ နှစ်ကနေ ၃ဝ ကြား လူရွယ်တွေ တေးဂီတပွဲတွေသွားကြလို့ ၄ ယောက်ထဲက ၃ ယောက်မှာ နားအကြားပြဿနာရှိနေကြတာတွေ့ရတယ်။ 100 dBA ကျယ်သံကို ၁၅ မိနစ်ကြာ တပါတ်မှာ ၅ ရက် (ပျမ်းမျှ တပတ် တနာရီခွဲ) နားထောင်ရရင် အမြင့်ဆုံး ကန့်သတ်ချက် 85 dBA အထိရောက်တာဖြစ်တယ်။ iPod / MP3 player (100 dBA) ကို နားထောင်ရင် ယာယီ နားမကြားတာခံရမယ်။ အသံတိုးပြီး အချိန်ကြာကြာနားထောင်ရင်လည်း အဲလိုဖြစ်နိုင်တယ်။

77 dBA = ၉%
82 dBA = ၁၉%၊
87 dBA = ၃၁%၊
92 dBA = ၄၉%၊
97 dBA = ၇ဝ%၊
105 dBA = ၉၂%၊
115 dBA = ၁ဝဝ% နားလေးသွားကြမယ်။
105 dBA အသံကျယ် တပါတ်မှာ ၂၄ မိနစ်ကြာနားထဲဝင်ရင် အပါတ်စဉ် 85 dBA ကြားနေရတာနဲ့အတူတူဖြစ်တယ်။ 105 dBA အသံကျယ် တပါတ်မှာ ၂၄ မိနစ်ကြာနားထဲဝင်ရင် အပါတ်စဉ် 85 dBA ကို တပါတ်မှာ နာရီ ၄ဝ ကြာတာနဲ့ တူတယ်။ ဒစ်စကိုပွဲတခုကို တညမှာ ၄ နာရီကြာ တပါတ်နားထောင်သူဟာ သတ်မှတ်တဲ့စည်းကမ်းထက် ၁ဝ ဆ ပိုသွားမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Around the world in 25 years ကမ္ဘာပတ်လည် ခရီးသည်

ကျွန်တော့်ပို့စ်တခု = Greece ဂရိ နဲ့ ဂရိစ်

ကွန်မင့်တခု = Nyan Myo Htet ကျေးဇူးပါဆရာ အချစ်ရာဇ၀င်လေးတွေရှိရင် ရေးပေးပါဆရာ

ကွန်မင့်တခု = Soe Tun ဒီလို ဗဟုသုတစာမျိုးလဲ ဆရာအရေးကောင်းတာပဲ

ခရီးသွားဆောင်းပါးတွေ မရေးဖူးပါ။ ဖတ်ဖူးတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ဘလော့တွေခေတ်စားလာချိန်မှာ စာရေးဆရာမတဦးက ခရီးသွားဆောင်းပါးရေးတယ်။ မြို့အမည်ကို အသံထွက်အတိုင်း စာလုံးပေါင်းထားတယ်။ မှားနေတယ်ပြောတော့ စာရိုက်တဲ့သူကို လွှဲချတယ်။ တန့်ဆည်ကို ဒဇယ်တဲ့။

ကမ္ဘာပတ်လည်ရက်ရှစ်ဆယ် အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်ကို မသင်ရပေမယ့် ငှားဖတ်တယ်။ ကျွန်တော် ခရီးတွေ အတော်သွားခဲ့ပြီးပါပြီ။ နှစ်ပေါင်းအစိတ်အတွင်းမှာ နိုင်ငံပေါင်းသုံးဆယ်ကို သွားခဲ့လာခဲ့ရပါတယ်။
၁။ အိန္ဒိယ = ၂၄ နှစ် (၂၁-၁၂-၁၉၉ဝ မှ ၁၈-၉-၂ဝ၁၄ အထိ)
၂။ ထိုင်းနိုင်ငံ = အရေအတွက်မမှတ်မိ (တနှစ်မှာ ၂-၃ ခေါက်ရောက်)၊
၃။ နီပေါ = ၆ ခေါက်၊
၎။ ကမ္ဘောဒီးယား = ၅ ခေါက်၊
၅။ ဂျာမဏီ = ၄ ခေါက်၊
၆။ အင်ဒိုနီးရှား = ၄ ခေါက်၊
၇။ ဖိလစ်ပိုင် = ၄ ခေါက်၊
၈။ ဒိန်းမတ် = ၃ ခေါက်၊
၉။ မလေးရှား = ၃ ခေါက်၊
၁ဝ။ သီရိလင်္ကာ = ၃ ခေါက်၊
၁၁။ စင်္ကာပူ = ၂ ခေါက်၊
၁၂။ ဆွီဒင် = ၂ ခေါက်၊
၁၃။ အီတလီ = ၂ ခေါက်၊
၁၄။ ဂရိ = ၂ ခေါက်၊
၁၅။ အိုင်ယာလန် = ၂ ခေါက်၊
၁၆။ ဆွစ်ဇာလန် = ၂ ခေါက်၊
၁၇။ ပိုလန် = ၂ ခေါက်၊
၁၈။ သြစတေးလျ = ၂ ခေါက်
၁၉။ တီမော-လက်ဆီ = ၁ ခေါက် (တလကြာ)၊
၂ဝ။ ကနေဒါ = ၁ ခေါက်၊
၂၁။ အင်္ဂလန် = ၁ ခေါက်၊
၂၂။ တရုပ်ပြည် = ၁ ခေါက်၊
၂၃။ ပါကစ္စတန် = ၁ ခေါက်
၂၄။ နော်ဝေ = ၁ ခေါက်၊
၂၅။ နယ်သာလန် = ၁ ခေါက်၊
၂၆။ ပြင်သစ် = ၁ ခေါက်၊
၂၇။ ဂျမေကာ = ၁ ခေါက်၊
၂၈။ ဂျော်ဒန် = ၁ ခေါက်၊
၃ဝ။ မွန်ဂိုလီယား = ၁ ခေါက်၊
၃၁။ အမေရိကား = ၄ ခေါက် (၁၈-၉-၂ဝ၁၄ ကစပြီး အခြေချနေထိုင်မီက)

ဒီပို့စ်က ကြွားရာကျတာသိပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံ၊ ဘာသာရပ်အကုန် အသုံးကျတာကို သိစေချင်လို့ပါ။ ကျွန်တော် ၈-၉ တန်းပထဝီကနေသင်ပေးလိုက်တာမို့ ဘယ်နိုင်ငံရောက်ရောက် စိမ်းတယ်လို့ မရှိသလောက်ပါ။

ဂျာမဏီ ကိုလုံးမြို့ကို ရောက်ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အော်လ် ဒီ ကိုလုန်း ရေမွှေးက မြန်မာပြည်မှာ နာမည်ကြီးတယ်။ ခွဲစိတ်ပညာသင်ရတော့ လိပ်ခေါင်းဖြစ်တဲ့နေရာကို ၄-၇-၁၁ ဂဏန်းနဲ့မှတ်သားရတာ မမေ့တော့ပါ။ ၄ နာရီ၊ ၇ နာရီနဲ့ ၁၁ နာရီနေရာတွေကနေ လိပ်ခေါင်းထွက်တယ်။ 4711 ဆိုတာ Eau de Cologne ရေမွှေးထုတ်တဲ့ အိမ်နံပါတ်ဖြစ်ပါတယ်။ လာလည်သူတိုင်း ရေမွှေးတခါသုံး ယူသွားဘို့ ပိုက်ဆံမပေးရပါ။ လက်ကိုင်ပုဝါတထည် ယူသွားတယ်။ အဲဒီရေမွှေးကုမ္ပဏီက ၁၇၉၉ ကတည်းက ဖေါ်မြူလာအတူနဲ့ ရေမွှေးထုတ်နေတာဖြစ်ပါသတဲ့။

လီယိုတော်လ်စထွိုင်းပုံပြင်တွေနဲ့ ရှိတ်စပီးယားပြဇာတ်တွေ သင်ခဲ့ရပြီး တကယ့်ဇာတ်ခုံမှာ ကပြခဲ့ရပါတယ်။ ဂါလီဗာ၏ ခရီးစဉ်များစာအုပ်ကို ကိုးတန်းမှာသင်ခဲ့ရတယ်။ ကျွန်တော်ကတော့ စိတ်ကူးယဉ်ခရီး မဟုတ်တာကိုသာ သွားခဲ့ပါတယ်။ အာနာပူရနာတောင်ထက်စာအုပ်ကို ဆယ်တန်းမှာသင်ခဲ့ရတယ်။ ကျွန်တော်တက်ခဲ့ရတဲ့ တောင်တွေကလည်း ဟိမဝန္တာအောက်နားကပါ။ လီယာဘုရင်ကြီးပြဇာတ်ကို မကြည့်ဘူးပေမယ့် ဂျော်ဒန်ဘုရင်မိန့်ခွန်းပြောတာတော့ နားထောင်ခဲ့ရတယ်။ ဂျူးလီယက်ဆီဇာလို ဧကရာဇ်ကျဆုံးခန်းမျိုးတွေကို မြင်ခဲ့ရတယ်။ ဂျူးလူမျိုး ရှားလော့လို လောဘသမားမျိုးတွေ ကြုံဘူးတယ်။ ဟင်းမလက် ဒိန်းမတ်မင်းသားရဲ့ကြေကွဲဖွယ်ရာပြဇာတ်ထဲကလို စာအတုနဲ့ အတိုင်အတောခံရဖူးတယ်။

အစည်းအဝေးတွေသာ ခေါင်းထဲမှာရှိလို့ ရောက်တဲ့နိုင်ငံတွေမှာ စီစဉ်ပေးတဲ့ ဆိုက်ဆင်းကို အကုန်မလိုက်ဖြစ်ပါ။ နယူးယော့က လစ်ဗာတီရုပ်တုကို မရောက်ခဲ့ပါ။ ပဲရစ်က အီဖယ်မျှော်စင်မရောက်ပါ။ ဂျာမဏီက နာဇီအကျဉ်းစခန်းကို ရောက်ဖူးတယ်။ ဘာလင်တံတိုင်း ရောက်ဖူးတယ်။ ဗီယက်နမ်စစ်သင်္ချိုင်း ရောက်ဖူးပါတယ်။ မြန်မာပြည်ကိုတော့ ခုထိ ပြန်မရောက်နိုင်သေးပါ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၇

The cow နွားပြာကြီး

သက်ကြီးစကား သက်ငယ်ကြားဆိုတာ မြန်မာ့ဆိုရိုးစကားပါ။ ကျွန်တော့်ဇနီးရဲ့ဖခင်အသက်ရှိစဉ်က တခါတခါ ပြောတာရှိတယ်။ ဆိုးသွမ်းတဲ့လူတယောက်ကို အကြောင်းမသိသေးသူတွေက ဆက်ဆံပေါင်းသင်းနေကြတာကို အကြောင်းသိသူတွေကနေ သတိပေးတယ်။

အင့်း့ နွားပြာကြီးအကြောင်း မသိသေးလို့။ သိသွားရင်တော့ သားရေပေါ်တောင် ထိုင်ချင်မှာမဟုတ်ဖူးတဲ့။

ဆိုးတဲ့နွား လက်ပြောင်းလည်း အကျင့်မကောင်းက မပြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Uniform ယူနီဖေါင်း (သို့) အကြောက်ရောဂါ

ကွန်မင့် (၁) = ယပင့်ကျောက်က ဆေးရှိပြီး၊ ယရစ်ကြောက်က ဘာလို့ဆေးမရှိတာလဲဆရာ။
ကွန်မင့် (၂) = ကောင်းလိုက်တဲ့မေးခွန်းဗျ။ ယရစ်ကြောက်က ဆေးမရှိတာလဲ။

Phobias အကြောက်ရောဂါတွေဟာ စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ရောဂါတခုဖြစ်တယ်။ ကျား-မ၊ ပျို-အို အကုန်ဖြစ်တယ်။ ကလေးတွေမှာလည်း ဖြစ်ကြတယ်။ အမေရိကန် National Institute of Mental Health အဆိုအရ အသက် ၂၅ နှစ်အထက်ရှိသူ ၈့၇ ကနေ ၁၈့၁% မှာ ဒီအကြောက်လွန်ရောဂါရှိနေကြတယ်။ ကလေးတွေမှာ ၄% ကနေ ၁ဝ% အထိရှိကြတယ်။

ဆွီဒင်လေ့လာမှုတခုအရ အမျိုးသမီးတွေမှာ ၂၆့၅% ရှိလို့ပိုဖြစ်ကြတယ်။ ယောက်ျားတွေမှာ ၁၂့၎% ဖြစ်တယ်။ လူကြီးတွေထဲက အမျိုးသမီး ၂၁့၂% နဲ့ အမျိုးသား ၁ဝ့၉% တို့မှာ Specific phobias သတ်သတ်မှတ်မှတ်ကို ကြောက်နေတာရှိကြတယ်။ တိရစ္ဆာန်ကိုကြောက်သူတွေထဲမှာ အမျိုးသမီးတွေက ၄ ဆ ပိုတယ်။

ကုသနည်းတွေက အမျိုးမျိုးရှိတယ်။ ပျောက်ကင်းဘို့အလားအား ကောင်းပါတယ်။ Specific phobias တခုခုကို သတ်သတ်မှတ်မှတ် ကြောက်နေသူ ၇၅% ဟာ Cognitive-behavioral therapy စိတ်ကုသနည်းနဲ့ ပျောက်ကင်းကြတယ်။ Social phobia ခေါ်တဲ့ လူတောသူတောတိုးရမှာ ကြောက်သူတွေက ဆေးဝါးနဲ့ စိတ်ကုသနည်း လုပ်ပေးရင် ၈ဝ% ပျောက်တယ်။ Panic disorder ခေါ်တဲ့ အလွန်အကျွံထိတ်လန့်မှုဖြစ်ရင် ၃ဝ-၄ဝ% က ဆေးကုရင် ကောင်းလာမယ်။ ၅ဝ% လောက်က နည်းနည်းတော့ကျန်အုံးမယ်။

သတ်သတ်မှတ်မှတ်ကို ကြောက်နေတဲ့ရောဂါထဲမှာ ယူနီဖေါင်းမြင်ရင်ကြောက်နေရတာလည်းပါသလား မပြောတတ်ပါ။ ကိုယ့်တွေ့ပြောရရင် ၁၉၉ဝ အကုန်မှာ မြန်မာပြည်ကနေထွက်ပြီးကတည်းက အခုနေရာကိုမလာခင်အထိ ပတ်စ်ပို့တွေက မစစ်တစစ်ဖြစ်လို့ ခရီးသွားရရင် (အင်မီဂရေးရှင်း ကောင်တာ) ရောက်တိုင်း ရင်ခုန်ရတယ်။ အိန္ဒိယကိုရောက်ကာစ ရဲနဲ့စစ် ယူနီဖေါင်းဝတ်တွေမြင်ရင် တမျိုးဖြစ်ခဲ့ရသေးတယ်။

ကျွန်တော်လိုလူမျိုးတွေ ရောဂါပျောက်သွားစေခဲ့တာကတော့ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ နေရလို့သာဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးစနစ်သင့်တဲ့ဝန်းကျင်မှာ နေရလို့ပါ။ မြန်မာနိုင်ငံသားတွေ ကြောက်စိတ်တွေပျောက်ဖို့ဆိုရင် နိုင်ငံရေး တကယ်ကောင်းရပါလိမ့်မယ်။ ယူနီဖေါင်းဝတ်သူတွေကလည်း မဝတ်သူတွေနဲ့ တသားတည်းကျမှဖြစ်မယ်။

Uniform ယူနီဖေါင်းဆိုတဲ့ အင်္ဂလိပ်စကားမှာ တူညီဝတ်စုံဆိုတာနဲ့ တသားတည်း ကျတယ်ဆိုတာ နှစ်မျိုးလုံးမှန်တယ်။
1. Uniform = denoting a garment forming part of a person's uniform. တူညီဝတ်စုံ။ ဥပမာ ပိုင်းလော့ဝတ်စုံ၊ စစ်ဝတ်စုံ။
2. Uniform = not changing in form or character; remaining the same in all cases and at all times. ပုံအသွင်သဏ္ဌာန်ရော အနှစ်သာရပါမပြောင်းလဲခြင်း။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

News and Books သတင်းများနဲ့ စာအုပ်များ

မနေ့က သတင်းတွေဖတ်ရတယ်။
- လွှတ်တော်သတင်း
- ဘိန်းခင်းသတင်း

ငယ်ငယ်တုံးက ဆရာမောင်သာရရေးတဲ့စာအုပ်တွေ ဖတ်ရတယ်။
- မတ်တတ်ရပ်လို့ လမ်းမှာငို
- ယုန်တောင်ပြေး ခွေးမြောက်လိုက်
- ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး
- တောလယ် မောတယ် အပြောကြွယ်
- ကျဉ်တုတ်ခံဝံ့ မခံဝံ့

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၄

Thursday, February 25, 2016

Prediction နိုင်ငံရေးဗေဒင်

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကရေးခဲ့တဲ့စာ၊ အခုနေမှာ အတော်များများမှန်သေးပါတယ်။)

နောက်သမတဖြစ်သူဖြစ်မလဲဆိုတဲ့ နိုင်ငံရေးဗေဒင်ကို လူတိုင်းမှာဟောခွင့်ရှိပါတယ်။ ဖြစ်ချင်နေသူတွေကလည်း အဆောင်တွေရှာ၊ ယတြာဆောင်၊ ရှောင်ရမှာတွေ ရှားနေကြပါတယ်။

မဖြစ်နိုင်တာကို အရင်ဟောရရင် နှုပ်ကောင်းလျှင် ပြည်စိုး စကားပုံကို မသိသူ၊ လူပုံအလယ်မှာ ဆဲရေးတိုင်းထွာသူမျိုး ဖြစ်စရာမလားအလာ မရှိပါ။ စစ်အစိုးရလက်ထက်တွေမှာ ပုလိပ်ဆိုးနေရာမှာ သရုပ်ဆောင်ကြသူတွေဟာ ဒီနေရာအထိ တက်လာစရာမရှိပါ။ သူတို့ဟာ ဇာတ်ပို့တွေသာဖြစ်တယ်။ ဇာတ်လိုက်နဲ့ လူကြမ်းကပိုအရေးပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သားရနေတဲ့ တိုင်းပြည်တွေမှာတော့ နိုင်ချေရှိတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တွေထဲက ဖြစ်လာမယ်ဆိုတာကို ကြိုတင်မှန်းထားနိုင်ကြတယ်။ အိန္ဒိယမှာဆိုရင် ဝန်ကြီးချုပ်လောင်းကို တရားဝင်ပြောထားပြီးမှ ရွေးကောက်ပွဲဝင်လေ့ရှိပါတယ်။ ဒီအချက်က မဲဆွယ်ရာမှာ အတော်ထိရောက်တယ်။ (အခု မြန်မာပြည်မှာ အဲတာကို ပြောင်းပြန်လုပ်လိုက်ပါတယ်။)

မြန်မာပြည်ရဲ့နိုင်ငံရေးက (၁) ဒီမိုကရေစီလဲမကျ၊ (၂) အမှန်းရခက်တဲ့အစဉ်အလာကလဲ အရိုးစွဲနေတယ်။ သမတကို လူထုကနေရွေးရတာလဲမဟုတ်၊ အနိုင်ရနိုင်ငံရေးပါတီမှာလဲ ရွေးခွင့်မရှိပါ။ အစုသုံးစုကနေသာ ရွေးမှာတဲ့။ နှစ်စုကတော့ အနည်းနဲ့အများ လူထုမဲဆန္ဒကိုကိုယ်စားပြုတယ်လို့ ပြောနိုင်တယ်။ ဒါကလဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ မရှိပါမှ။ တတိယအစုကတော့ စစ်တပ်ကဖြစ်တယ်။ သုံးဘို့-တဘို့ဆိုတာ ၂၅% ထက်များတယ်။

မဲဆန္ဒလုံးဝမပါသလို အမိန့်ပေးစနစ်ကိုသာ လုံးဝကျင့်သုံးတာမို့ လူဦးရေလေးငါးသိန်းကို ကိုယ်စားပြုတယ်လို့လဲ ဘယ်နည်းနဲ့မှ မပြောနိုင်ပါ။ (ဒီနေရာမှာ ငါးသိန်းရှိတဲ့ သံဃာတော်တွေနဲ့ စစ်သားတွေ လာတူနေတယ်။ ဘယ်သူ့မှာမှ ဆုံးဖြတ်ရာမှာ ပါခွင့်မရှိကြဘူး။ ဘုန်းဘုန်းများ ကန်တော့ပါဘုရား။) ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ မဟာအခွင့်အရေးကြီး ဖြစ်တယ်။ ၅ နှစ်ကြာ ယူထားပြီးရင်တော့ တော်လောက်ပြီထင်ပါတယ်။

မြန်မာပြည်မှာ စစ်တပ်ကချည်း ဦးစီးအုပ်ချုပ်၊ စိတ်တိုင်းကျလုပ်နေတဲ့သမိုင်းကို ကြည့်ရင် နောက်ခြေလှမ်းကို ကြောင်လက်သည်း ဝှက်သလို အမြဲမပြဘဲထားလေ့ရှိတယ်။ လုပ်ပြန်ရင်လဲ မထင်မှတ်တာကို လုပ်တယ်။ မထင်မှတ်ဆိုတာ လူတွေရဲ့ ဆင်ခြင်တုံတရားနဲ့မှားယွင်း၊ ယုတ္တိဗေဒနည်းနဲ့ လွဲကင်းတာမျိုးကို လုပ်လေ့ရှိတာပါ။ ဒီတော့ ဘောလုံးပွဲမှန်းချေမျိုးလို ရမ်းနေလို့မရ၊ မြင်းပွဲလိုလောင်းလည်း မကောင်းပါ။

လူအများစုရဲ့လိုအင်ဆန္ဒဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်ကြတာကို မှားတယ်လို့ပြောမရပါ။ ရာနှုန်းပြည့် မဟုတ်တာတော့ မှန်ပါတယ်။ ဒီမိုကရေစီမှာ ရာနှုန်းကစကားပြောပါတယ်။ မြန်မာ့ဒီမိုကရေစီကတော့ သိန်းနှုန်း၊ သန်နှုန်းက စကားပြောနေတုန်းပါ။ (အခု အဲတာ မှားသွားပြီ။)

လူအများစုအဖို့ကတော့ ဒေါ်စုကို သမတမဖြစ်နိုင်အာင် ဘယ်ကနေဘာလို့ လုပ်ထားသလဲဆိုတာတောင် နားမလည်နိုင်အောင် ဖြစ်နေကြတုံးဘဲ။ သိတဲ့သူတွေကနေ ဖွဲ့စည်းပုံကိုပြင်ဘို့ အားစိုက်ခွန်စိုက်လုပ်နေကြတယ်။ ဒီအချက်တွေကို ပြင်နိုင်မဲ့နည်းလမ်းတွေကို ဥပဒေဒေါင့်နေ ထောက်ပြသူတွေ၊ လွှတ်တော်ဘက်ကနေ အော်နေသူတွေ၊ မီဒီယာနဲ့ လူမှုရေးကွန်ယက်မှာ တက်နေတာတွေ များမှများပါ။ ချီးကျူးစရာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံကိုရေးခဲ့သူတွေ (အမျိုးသားညီလာခံတက်ကြတဲ့ ၇ဝ၂ ဦး မဟုတ်ပါ) ကနေ ဒေါ်စုသမတမဖြစ်စေရေးနဲ့ ရေးထားတဲ့ဖွဲ့စည်းပုံကို ပြင်မရရေးနဲ့ နောက်ကြောင်းပြန်အရေးမယရဆိုတဲ့ လမ်းညွှန်မူကြီး သုံးချက်ကို အသေအချာ လုပ်ထားခဲ့တာ အခု ပိုပြီးပေါ်လွင်လာနေပါတယ်။ အမိန့်တော်ဘယ်ကလာသလဲ။ ကြံ့ခိုင်ရေးအသင်းကြီးရဲ့ နာယကချုပ်ကြီးဆီကဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ နေရာလက်မလွှတ်ရရေး တအားဇောင်းပေးလုပ်နေပါပြီ။ ဒီပါတီက နိုင်ငံရေးပါတီ အစစ်မဟုတ်ဘဲ အထက်မိန့်ကို နာခံတဲ့အစဉ်အလာနဲ့သာ စုထားတဲ့အဖွဲ့အစုတခုဖြစ်လို့ အပေါ်ကလူတွေပြီးရင် လိုက်ပြီးရတာဘဲ။ အပေါ်ကလူတွေကလဲ အထက်မှာရှိတဲ့ နာယကကြီး ပြီးမှပြီးရမှာဖြစ်တယ်။ သူတို့ နာယကဆိုတာက အင်နယ်လ်ဒီ နာယကနဲ့ တခြားစီပါ။

ကာချုပ်ဖြစ်သူဟာ အစဉ်အလာအရ နောက်တက်မဲ့သူဖြစ်ဘို့ အလားအလာတော့ ရှိပါတယ်။ လုပ်သက်နဲ့ ဝါစဉ်အရတော့ တန်းဝင်ပါတယ်။ ခက်တာက သူလဲမသေချာသေးဘူး။ သူ့အဖို့ နာယကကြီးပေးတဲ့အမှတ် ယူနိုင်ဘို့ရာ အချိန်တနှစ် လိုပါသေးတယ်။ ၂ဝ၁ဝ မတိုင်ခင်က တစ်ပြေးသူတွေ အားလုံးနီးပါး လွဲမှားခဲ့ကြတယ်မဟုတ်ပါလား။

နောက် နာယကတမျိုးရှိပါသေးတယ်။ လွှတ်တော်နာယကဆီက အသံတွေလဲ စိတ်ဝင်စားဘို့ကောင်းလှတယ်။ အသံပျော့ပြောင်းသလိုဘဲ။ ခက်တာက ရုပ်ရည်နဲ့ အသံဟာ အနုပညာလောကမှာသာ လူကြိုက်များတယ်။ မြန်မာပြည် နိုင်ငံရေးမှာ လူကြိုက်များသူကို လက်မခံဘူးဖြစ်နေသေးတယ်။ အားမလျှော့ပါနဲ့ မဖြစ်သေးတာတွေ ဖြစ်လာနေတဲ့ ခေတ်လဲဖြစ်ပါတယ်။

အိန္ဒိယမှာ ရွေးကောက်ပွဲနိုင်တဲ့ (ကွန်ကရက်) ပါတီက ဝန်ကြီးချုပ်အနေနဲ့ ပါတီခေါင်းဆောင် မစ္စစ်ဆိုနီယာဂန္ဒီ မလုပ်ခဲ့တာဟာလဲ ထူးခြားတဲ့နမူနာတခုဖြစ်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ အိန္ဒိယမတူကြပါ။ ဒီတော့ အမှန်းရခက်ပေမဲ့ ပြောရတာလွယ်ပါတယ်။ ဒီမိုကရေစီကိုလိုလားသူဖြစ်လို့ လွဲချင်လဲလွဲစေတော့၊ မလျှော့ပါ။ ဒေါ်စုသည်သာ သမတဖြစ်နိုင်တယ်။ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ဘို့လဲပါတာပေါ့ဗျာ။ မြန်မာပြည်ကြီး မိုးလေဝသကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၄

Chinese billionaires တရုပ်ကုဋေကြွယ်သူဌေးကြီးများ

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးများအားလုံးရဲ့ ၉ဝ% ဟာ တရုပ်တွေဖြစ်တယ်။ ကမ္ဘာလုံးမှာ စီးပွါးရေး တိုးတက်မှုနှေးလာနေချိန်မှာ တရုပ်သူဌေးတွေ ပိုများလာတယ်။ အခုဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေ အရေအတွက်ဟာ ၂၁၈၈ ယောက်ရှိလာပါပြီ။ မနှစ်ကထက် ၉၉ ယောက်ပိုလာတာပါ။ Hurun Global Rich List ကနေပြုစုထားတဲ့စာရင်း ဖြစ်ပါတယ်။

တရုပ်ပြည်မကြီး၊ ဟော်ကောင်၊ တိုင်ဝမ်နဲ့ မကာအိုမှာ တရုပ်သူဌေးပေါင်း ၅၆၈ ယောက်ရှိလာလို့ အမေရိကန်သူဌေး အရေအတွက် ၅၃၅ ယောက်ထက် ပိုများပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးတွေအားလုံးပိုင်တာက ၇့၃ ထရီလီယန်ဒေါ်လာဖြစ်တယ်။ တရုပ်သူဌေးတွေ ကြွယ်ဝမှု စုစုပေါင်းဟာ ၁့၎ ထရီလီယန်ဒေါ်လာရှိတယ်။ ၁၅-၁-၂ဝေ၆ နေ့အထိတွက်ထားတာဖြစ်ပါတယ်။ ကမ္ဘာမှာ အချမ်းသာဆုံးက မိုက်ကရိုဆော့ဖ်ပိုင်ရှင် (ဘီလ်ဂိတ်) ဖြစ်ပါတယ်။ သူက စုစုပေါင်း (၈ဝ) ဘီလီယန် ချမ်းသာတယ်။ အမေရိကားမှာ ဒုတိယအချမ်းသာဆုံး (ဝါရင်း ဘူဖက်) က (၆၈) ဘီလီယန်ချမ်းသာတယ်။

တရုပ်ပြည် ဘေဂျင်းမှာ ကုဋ္ဋေကြွယ်သူဌေးကြီး ၁ဝဝ နေထိုင်ကြတယ်။ နယူးယောက်မှာ ၉၅ ယောက်နေတယ်။

အချမ်းသာဆုံး ထိပ်တန်း ၁ဝဝ ထဲမှာ တရုပ် ၉ ယောက်ပါတယ်။ (ဝန်ဂျီယန်လင်း) က အချမ်းသာဆုံးတရုပ်ဖြစ်ပြီး ကမ္ဘာ့နံပါတ် ၂၁ နေရာမှာရှိတယ်။ သူက ဖျော်ဖြေရေးလုပ်ငန်းကြီး Wanda ကိုပိုင်တယ်။ သူချမ်းသာတာက ၂၆ ဘီလီယန် ရှိတယ်။ ဟောင်ကောင်က (လီ ကာ-ရှန်း) က ၂၅ ဘီလီယန်ဒေါ်လာ။

ကမ္ဘာ့စီးပွါးရေး နှေးကွေးလာတယ်။ လောင်စာဆီဈေးတွေ ကျတယ်။ အမေရိကန်ဒေါ်လာ ခိုင်မာလာချိန်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

The world's deadliest animals

The world's deadliest animals

ကမ္ဘာပေါ်မှာ လူတွေကိုသေစေအောင်ကိုက်တဲ့အကောင်မှန်သမျှထဲမှာ ဘယ်အကောင်က အဆိုးဆုံးလည်း

(မိုက်ကရိုဆော့ဖ်) တည်ထောင်သူနဲ့ လှူတန်းမှုရက်ရောလှတဲ့သူဌေးကြီး (ဘီလ်ဂိတ်) ရဲ့ ဘလော့မှာ အဖြရှာပေးထားပါတယ်။ အဲတာ ငါးမန်းလည်း မဟုတ်ပါ။ လူသားလည်း မဟုတ်ပါ။ ခြင်ဖြစ်ပါသတဲ့။

ခြင်ကိုက်ခံရတာကနေ ရောဂါတွေကူးစက်ခံရလို့ လူတွေအများဆုံးသေဆုံးနေကြရပါတယ်။ လူတွေကိုသတ်နေတာ တခြားတိရစ္ဆာန်တွေမဟုတ်ပါ။ ခြင်လောက်နီးပါး သေစေတဲ့အကောင်လည်းမရှိပါလို့ ရေးထားပါတယ်။

• Shark ငါးမန်း = 10
• Wolf မြေခွေး = 10
• Lion ခြင်္သေ့ = 100
• Elephant ဆင် = 100
• Hippopotamus ကြံ = 500
• Crocodile မိကျောင်း = 1,000
• Tapeworm တိပ်ပြားပုံသန်ကောင် = 2,000
• Ascaris roundworm သန်ကောင် = 2,500
• Freshwater snail (Schistosomiasis) ရေချိုပက်ကျိကောင် = 10,000
• Assassin bug လူသတ်အင်းဆက်ကောင် = 10,000
• Tsetse fly (Sleeping sickness) ဆီဆီယင်ကောင် = 10,000
• Dog (Ragies) ခွေးရူး = 25,000S
• Snake မြွေ = 50,000
• Human လူ = 475,000
• Mosquito ခြင် = 725,000

ခြင်ကြောင့်လူသေရတာတွေထဲမှာ ငှက်ဖျားရောဂါထက်ဝက်ရှိပါတယ်။ ဆာဟာရအောက်ပိုင်းဒေသမှာ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၅ အတွင်းမှာ ၃၇% ကျဆင်းတော့လာနေပါတယ်။ နောက်တခုက သွေးလွန်တုပ်ကွေးဖြစ်တယ်။ အာရှနဲ့ လက်တင် အမေရိကမှာ ဆေးရုံတက်ရမှုနဲ့ သေဆုံးရမှု ထိပ်တန်းစာရင်းဝင်ရောဂါဖြစ်တယ်။

တောင်အမေရိကမှာ လတ်တလောဖြစ်နေတဲ့ (ဇီကာဗိုင်းရပ်စ်) ကလည်း ခြင်းကနေကူးစက်တာပါ။ ခြင်ကြောင့် ဒီဗိုင်းရပ်စ်ကူးစက်ခံရရင် ၂ဝ% လောက်မှာသာ ကိုယ်ပူတာ၊ အဆစ်တွေနာတာနဲ့ မျက်စိနာတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကို ကူးစက်ရင် သူကနေ မွေးမယ့်ကလေးမှာ ဦးနှောက်သေးသေးနဲ့ဖြစ်နိုင်ပါသေးတယ်။ Guillain-Barré Syndrome ရောဂါလည်းဖြစ်နိုင်တယ်။ Aedes aegypti (အေဒီးစ်အီဂျစ်ပတိုင်း) ခြင်အမျိုးအစားကနေ ကူးစက်စေတယ်။ ဒီလိုကူးစက်ခံရမှုနဲ့ သေဆုံးမှုနည်းအောင် ကာကွယ်ဆေးနဲ့ ခြင်နှိမ်နင်းရေးသာရှိပါတယ်။

1. 11 Plants that repel mosquitoes ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များ http://doctortintswe.blogspot.com/2016/02/11-plants-that-repel-mosquitoes.html
2. Active Zika found in saliva and urine ဇီကာဗိုင်းစ်အရှင် တံတွေးနှင့်ဆီးထဲမှာတွေ့ရှိhttp://doctortintswe.blogspot.com/…/active-zika-found-in-sa…
3. Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်http://doctortintswe.blogspot.com/…/australia-to-step-up-zi…
4. Chikungunya ဆင်ဖြူတော် တုပ်ကွေး http://doctortintswe.blogspot.com/2014/10/chikungunya.html
5. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက် http://doctortintswe.blogspot.com/2016/02/china-confirms-first-case-of-zika-virus.html
6. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက်http://doctortintswe.blogspot.com/…/china-confirms-first-ca…
7. Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး http://doctortintswe.blogspot.com/2014/10/dengue-haemorrhagic-fever-dhf.html
8. DHF သွေးလွန်-သွေးစုပ် ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2015/10/dhf.html
9. Honduras Declares Emergency to Fight Zika Virus http://doctortintswe.blogspot.com/2016/02/honduras-declares-emergency-to-fight.html
10. Honduras Declares Emergency to Fight Zika Virushttp://doctortintswe.blogspot.com/…/honduras-declares-emerg…
11. Malaria in pregnancy ကိုယ်ဝန်နဲ့ ငှက်ဖျား http://doctortintswe.blogspot.com/2014/11/malaria-in-pregnancy.html
12. Malaria ငှက်ဖျားရောဂါ http://doctortintswe.blogspot.com/2014/12/malaria.html
13. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
14. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
15. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
16. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2016/01/mosquitoes.html
17. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/2016/02/who-declares-global-emergency.html
18. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/…/who-declares-global-eme…
19. Why Is It Called The Zika Virus? ဘာလို့ ဇီကာ ခေါ်သလည်း http://doctortintswe.blogspot.com/…/why-is-it-called-zika-v…
20. Zika and Pregnancy ဇီကာနဲ့ ကိုယ်ဝန် http://doctortintswe.blogspot.com/2016/09/zika-and-pregnancy.html
21. Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီhttp://doctortintswe.blogspot.com/…/zika-causes-birth-defec…
22. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက် http://doctortintswe.blogspot.com/2016/02/zika-has-been-sexually-transmitted.html
23. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက်http://doctortintswe.blogspot.com/…/zika-has-been-sexually-…
24. Zika virus control ဇီကာဗိုင်းရပ်စ် ထိန်းချုပ်ရေးhttp://doctortintswe.blogspot.com/…/02/zika-virus-control.h…
25. Zika virus pregnancy case confirmed in Spainhttp://doctortintswe.blogspot.com/…/zika-virus-pregnancy-ca…
26. Zika virus triggers pregnancy delay calls (ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး http://doctortintswe.blogspot.com/…/zika-virus-triggers-pre…
27. Zika virus triggers pregnancy delay callshttp://doctortintswe.blogspot.com/…/zika-virus-triggers-pre…
28. Zika virus ဇီကာဗိုင်းရပ်စ် http://doctortintswe.blogspot.com/2016/01/zika-virus_31.html
29. Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီhttp://doctortintswe.blogspot.com/2016/01/zika-virus.html
30. Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)http://doctortintswe.blogspot.com/2016/02/zika.html

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆
http://www.questdiagnostics.com/…/Fact-sheet-for-HCP-FocusD…
http://news.yahoo.com/worlds-deadliest-animal-isnt-shark-161002207.html

Vomiting in babies ကလေးတွေအန်ရင်

ဆရာ မင်္ဂလာပါရှင့်။ သားလေးကအခုဒီရက်နဲ့ဆို၂၂ရက်ပါရှင့်။ နို့စို့ပြီးရင်အန်ပါတယ်။ ဒီရက်ပိုင်းလေးမှာပဲစအန်တာပါ။ နည်းလမ်းလေးရှိရင် ညွန်ကြားပေးပါဦးရှင့်။

ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင်း လေကိုပါမျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေများလို့ အန်တယ်။ ကလေးငယ်တော့ သူ့ အစာလမ်းအထိန်းစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်တယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ လေကပေါ့လို့ လေထွက်မယ့် ပါးစပ်က ကလေးအစာအိမ်နေရာ (ရင်ခေါင်း) ရဲ့အထက်မှာထားရမယ်။

နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ Gripe water/Gripe mixture လို လေဆေးကို အားမကိုးပါနဲ့။ အဲလိုဆေးက လေဗူဖေါင်း သေးသေးလေးတွေကို ပေါင်းစပ်စေပြီးကြီးအောင်လုပ်ပေးတယ်။ လေထွက်ရ လွယ်စေဘို့ဖြစ်ပါတယ်။ ခဏခဏမတိုက်သင့်ပါ။

ဝမ်းလျှာတာနဲ့ အန်တာ ရောနေတယ်ဆိုရင် (ဗိုင်းရပ်စ်) ဝင်တာဖြစ်မယ်။ ဝမ်းပိတ်ဆေးမလိုအပ်ပါ။ ရှားပါးတာတွေလည်း ရှိတယ်။ ကလေး ၂-၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ်အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင်ခွဲစိတ်ကုသရတယ်။

အန်လည်းအန်မယ်၊ ငိုလည်းငိုမယ်၊ ဝမ်းထဲမှာလည်း သွေးအနီရောင်ပါမယ်ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမှာပါပဲ။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလည်းရှိတယ်။ အချိန်မှန် အန်နေတာမျိုး။

အန်တာများရင် အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်တုံးကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည်ခမ်းနေမယ်၊ ဘယ်လိုချော့ချော့မရဘူး။

အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင်တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့သူတွေကို ကုသလိုပါဘဲ။ RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့တိုက်မရရင် ထိုးပေးရတတ်တယ်။

အအန်ပျောက်ဆေးတွေ dexamethasone, dimenhydrinate, granisetron, metoclopramide ထဲက ondansetron က အထိရောက်မှုအများဆုံးလို့ လေ့လာမှုတခုကဆိုပါတယ်။ ဆေးမှန်သမျှကို ကိုယ်အလေးချိန်အရ တိုက်ရမည်။ Transderm Scop ဆေးကပ်ခွါကို အရေပြားမှာ ကပ်ထားလို့ ရတယ်။ Dramamine ဆေးက ကားမူးတတ်သူတွေအတွက် ကြိုတင်သောက်ရင်ကောင်းတယ်။ Bsmuth subsalicylate (Pepto Bismol or Kaopectate) ဆေး၊ Diphenhydramine (Benadryl) ဆေး၊ Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊ Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။

Gripe Water ကလေးလေဆေး http://doctortintswe.blogspot.com/2014/11/gripe-water.html

Dr. တင့်ဆွေ

Fake medicine news ဆေးအတုသတင်း ရေးသင့် မရေးသင့်

၁။ Yeye Soe မြန်မာပြည်က စီးပွားရေးသမားတွေ ဆရာ့ကို အသုံးချနေကြပါပြီ

Tint Swe စောစောကတည်းတယောက်က အဲလိုဆေးအတုပို့စ်မတင်ဘို့ပြောတယ်။ နှစ်ခါပြန်စဉ်းစားပါတယ်။ ဆေးအတုရှိတာကိုပြောပြရင် ဘယ်သူတွေအကျိုးရှိမလည်း၊ ဘယ်သူတွေစီးပွါးဖြစ်မလည်း။

၂။ Shwe Moe ဆရာရေ မြန်မာပြည်မှာ အသည်းအထူးကု တော်တော်များများက ဆေးတွေကို ဆေးခန်းရဲ့  ဆေးရောင်း ကောင်တာမှာမဝယ် ခိုင်းဘဲ စမ်းသပ်ခန်းထဲမှာတင် ဆေးဈေးတွေ ကို နှစ်ဆ လောက်တင်ပြီး ရောင်းနေကြတာ။ လူနာတွေက ရှိတာလေးတွေ ပေါင်နှံပြီးကုကြရတာဆရာ။ ဒီလို ဆေးအတုထွက်တဲ့သတင်းကြားတာက သူတို့အတွက် ဝမ်းသာစရာ ရိုက်စားဂွင်ပေါ့။ လူနာတွေ အပြင်မှာမဝယ်ရဲအောင် အားပေးသလိုဖြစ်နေပါတယ်။ အခု အီဂျစ်ကုမ္ပဏီတွေက ထွက်တဲ့ဆေးအတု trade name တွေကလည်း ဒီမှာရှိလည်းမရှိသလို ဝယ်ချင်လည်း ဝယ်မရပါဘူး။ ဒီမှာအဖြစ်များတာကလည်း မန္တလေးနဲ့ မုံရွာဘက်က အများဆုံးဘဲဆရာရေ။ တတ်နိုင်ရင် ဆရာရယ် မြန်မာပြည် ဈေးကွက်မှာမရှိတဲ့ tradename ဆေးအတုတွေကို post အဖြစ်မတင်စေချင်ပါဘူး။ ဆရာ့ကို စီးပွားရေးသမားတွေရဲ့ အသုံးချခံဖြစ်မှာစိုးပါတယ်။ ကျွန်တော် ဆေးရောင်းစားတဲ့သူ မဟုတ်ပါဘူးဆရာ။ ဆေးကုသခံယူနေရတဲ့သူပါဆရာ။

Tint Swe အဲတာတော့ သဘောတူဖို့ခက်တယ်။ အဖက်ဖက်ကနေစဉ်းစားရပါတယ်။ WHO ကြေညာချက်ကို တင်တာတော့ အပြစ်တင်ဘို့မသင့်ပါ။ အရှေ့တောင်အာရှလို့ပါတာကို မြန်မာပြည်မှာလို့ထည့်မရေးပါ။

အတုမဟုတ်သူတွေကနေ အတုမဟုတ်ကြောင်းရေးလို့ရကြပါတယ်။ ဆေးကုသကြရတဲ့ အခက်အခဲကိုတော့ နားလည်ပါတယ်။ ကျွန်တော်လည်း ဆောရီးထက်မတတ်သာပါ။ ဆောရီး။ ကျွန်တော်က အီဂျစ်လို့မသိသေးပါ။ ဘင်္ဂလာဒက်ရှ်မှာ ဆေးအတုထုတ်စက်ရုံဖမ်းတဲ့သတင်းတော့ သိလို့တင်ထားပါတယ်။

မြန်မာပြည်ထဲက ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကိုလည်း ကျွန်တော် မသိပါ။ ဆေးဆိုင်တွေကရော၊ ဆရာဝန်တွေကပါ ရေးပေးပါလို့ပြောလာတာ မရှိပါ။ မီဒီယာကတော့ ရေးပေးဘို့ပြောပါတယ်။ အဲလိုဆေးအတုသတင်းတွေကို နောက်မှာ ရေးသင့် မရေးသင့် စဉ်းစားနေပါတယ်။ ကျွန်တော်က ကိုယ်တိုင် ဆုံးဖြတ်ပြီးသာ လုပ်ပါတယ်။ မှားသွားတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

Thar Htwe ဆရာရေ မြန်မာပြည်က တကိုယ်ကောင်းသမားတွေကို ဆရာ့လို စိတ်ထားရှိတယ် မထင်ပါနဲ့။ မမှန် သတင်းတွေပေးပြီး လုပ်စားသွားပါဦးမယ်။

Tint Swe ဟုတ့့် နောက်ဆုံးတင်တဲ့စာမှာ ဒီကွန်မင့်ပါထပ်ထည့်ပါတယ်။ WHO ကိုတော့ အဲလိုလုပ်မရဘူးထင်ပါတယ်။ စဉ်းစာစရာတခု တိုးတာပေါ့။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

Peasants Day တောင်သူလယ်သမားနေ့

Win Zaw Linn သြော့့် မဟာအလွဲကြီးတခုကို အမှတ်မှားမိလေခြင်း။ ဇန်နဝါရီလ (၁) ရက်နေ့ဟာ တောင်သူလယ်သမားနေ့။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နှစ်စဉ် ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာသိမ်းလိုက်တယ်။

၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိဖြစ်ပါတယ်။

International Day of Peasants' Struggle နိုင်ငံတကာတောင်သူလယ်သမားများ ကြိုးပမ်းမှုနေ့ကို ဧပြီလ (၁၇) ရက်မှာ တချို့တိုင်းပြည် (တန်ဇန်နီးယား၊ မက်ဆီကို) တွေမှာ ကျင်းပကြတယ်။ လန်ဒန်မှာလည်းလုပ်တယ်။ တိုက်ဆိုင်နေတာက မြန်မာပြည်မှာ နှစ်ဆန်း (၁) ရက်နေ့ဖြစ်တယ်။

အဲဒီလို ၂-၃-၁၉၆၂ ကနေစလိုက်တဲ့ တိုင်းပြည်အာဏာကို တပ်မတော်ကဦးစီးရမယ်ဆိုတဲ့အစဉ်အလာဟာ ၂ဝဝ၈ ဖွဲစည်းပုံထဲမှာ အသေအချာထည့်ထားတယ်။

မြန်မာပြည်က တောင်သူလယ်သမားတွေ ၂ဝ၁၆ နှစ်သစ်ကစပြီး စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီးသကာလ ဥစ္စာဓန ကုံလုံကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
Photo by Sein Win

Tit usage (တစ်) အသုံးမှန်များ

Khin Thu Zar စ သတ် ကိုကျတော့ ဘယ်နေရာတွေမှာ သုံးရပါသလဲဆရာ။

Tint Swe တစ်တရားခံ၊ တစ္ဆေမှင်စာ၊ တစ်တစ်ခွခွ၊ တစ်ငှက်၊ တစ်ရှူး။

Ko Naing Htun Maung သားတစ်၊ တစ်တီတူး ဆင်ပြောင်ကြိးအမြီးမှတစ်၊ အမှိုက်တွေလဲတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့။

တရားတော် = မြတ်စွာဘုရား၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့အချိန်။ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်လို့ နာမည်ကြီးတဲ့ ဓုတင်ဆောင်ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ပါဝါမြို့ကနေ သာဝတ္ထိမြို့ကို ဝါဆိုအမီကြွချီလာခဲ့ကြပါတယ်။ သာဝတ္ထိကို ဝါဆိုအမီမရောက်တော့ဘဲ သာဝတ္ထိနဲ့ ခြောက်ယူဇနာဝေးတဲ့ သာကေတမြို့မှာပဲ ဝါဆိုဝါကပ်လိုက်ကြရပါတယ်။ ဆင်ပြောင်ကြီးအမြီးကျမှတစ်ဆိုတာလို မြတ်စွာဘုရားအနား ရောက်ခါနီးမှ မဖူးတွေ့ရတာမို့ ရဟန်းတော်များဟာ ဝါတွင်းသုံးလလုံး မပျော်မမွေ့ဘဲ အချိန်ကုန်ခဲ့ကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

FAKE Hepatitis C medicine အသည်းရောင် (စီ) ပိုးဆေးအတုများ

Zaw Zaw Tun - Sayar: WHO just issued an alert about those counterfeit meds.

OK I will check it out. Thanks

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသည်းရောင် (စီ) ပိုးဆေးအတုများ အရှေ့တောင်အာရှမှာထွက်ပေါ်နေကြောင်း သတိပေးထုန်ပြန်

ဆေးအတုအမည်တွေက Ledso နဲ့ Dakavir နာမည်တွေနဲ့ဖြစ်တယ်။ အထဲမှာ Sofosbuvir 400mg + Ledipasvir 90mg and Dacalasvir 60mg လို့ရေးထားတယ်။ အဲတာတွေက ဆေးအတုတွေသာဖြစ်တယ်လို့ ၂၅-၂-၂ဝ၁၆ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

Wednesday, February 24, 2016

Johnson & Johnson hit with $72m damages in talc cancer case

နာမည်ကြီး လူသုံးအများဆုံး (ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါထုတ်တဲ့ကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်လိုက်ပါတယ်။

(ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါကို မြန်မာပြည်မှာ ကလေးသုံးပေါင်ဒါလို့သာလူသိများတယ်။ အခုအမှုဖြစ်တာက လူကြီးကနေသုံးခဲ့တာပါ။ ဒီပေါင်ဒါကို နှစ်ရှည်လများသုံးခဲ့တဲ့အမျိုးသမီး မျိုးဥအိမ်ကင်ဆာနဲ့သေဆုံးလို့ ပေါင်ဒါ ထုတ်တဲ့ကုမ္ပဏီကနေ သတိပေးချက်မစုံလင်ဘူးဆိုပြီး အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်မှာ တရားစွဲပါတယ်။

ကုမ္ပဏီကလည်း စိတ်ချရကြောင်း နှစ်ပေါင်းများစွာသိပ္ပံနည်းကျအသိဖြစ်ကြောင်းရှင်းလင်းပါတယ်။ သုတေသန လုပ်သူတွေကလည်း မျိုးဥအိမ်ကင်ဆာနဲ့ဆက်စပ်မှုကိုသက်သေမပြနိုင်ဘူးလို့ထောက်ခံပါတယ်။ အမှုကို ၃ ပါတ်ကြာ စစ်ဆေးပြီး စားသုံးသူကိုအနိုင်ပေးလိုက်ပါတယ်။ တပြည်လုံးမှာ အလားတူအမှုပေါင်း ၁ဝဝဝ ကျော် ရှိပါသေးတယ်။

International Agency for Research on Cancer ကတော့ သုတေသနရလဒ်တွေကရောထွေးနေလို့ ပေါင်ဒါမှာ ကင်ဆာဖြစ်စေနိုင်တာ ပါကောင်းပါနိုင်တယ်လို့ဆိုပါတယ်။ ပေါင်ဒါဆိုတာ Mineral talc အမျိုးအစားဖြစ်ပြီး Asbestos မီးခံကျောက်မှုံမပါရင် ၁၉၇ဝ ကျော်ကတည်းက သုံးနေပါတယ်။

Ovacome (ချာရတီ) အဖွဲ့ကလည်း ကင်ဆာနဲ့မဆိုင်ဘူးဆိုတဲ့ဖက်မှာရပ်တည်ပါတယ်။ ၂ဝဝ၃ ခုတုံးက အမျိုးသမီးပေါင်း ၁၂ဝဝဝဝ ယောက်ကို လေ့လာမှု ၁၆ ခုလုပ်တော့ မျိုးဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အန္တရာယ် ၃ ဆ ပိုတာတွေ့ရတယ်။ ၂ဝ၁၃ ခုမှာ အမျိုးသမီးပေါင်း ၁၈ဝဝဝဝ ယောက်ကို လေ့လာမှုလုပ်တော့လည်း အလားတူ အဖြေရတယ်။ ၂ဝဝဝ ခုနှစ်မှာ ၈ဝဝဝဝ ယောက်ကိုလေ့လာတော့ အဲလိုဖြစ်တာ မတွေ့ရဘူးလို့ဆိုပါတယ်။

(ချာရတီ) အဖွဲ့က ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်ကင်ဆာဖြစ်ဘို့ အဆ ၃ဝ ပိုတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

A flower, a necklace ပန်းတပွင့်၊ ဆွဲကြိုးတကုံး

- မင်းတပါး၊ ပန်းတပွင့်၊ ဆွဲကြိုးတကုံး၊ ကိတ်မုန့်ရှစ်လုံး၊ မော်တော်ကားတစီး၊ ခဲတံကိုးချောင်း၊ မြစ်ကြီးငါးစင်း။
- ဖေါ်ပြပြီးသောပုဂ္ဂိုလ်မျိုးတို့ကို ဆိုလိုသည်။
- တသိန်းလျင် အမတ်တဦးကျနှင့်တွက်၍၊
- အထွေထွေရွေးကောက်ပွဲ ပြီးစီ့း့
- နွားမ၏သား ထိုနွားလား၊ မြက်များစားပြီ ရေသောက်ပြီ။

၁။ (တစ်) လို့မရေးဘဲ၊ (တ) လို့သာရေးရသည်ကို သတိပြုပါရန်။
၂။ (ပီး) လို့မရေးရဘဲ (ပြီး) လို့သာရေးရသည်ကို သတိပြုပါရန်။
၃။ (ပီ) လို့မရေးရဘဲ (ပြီ) လို့သာရေးရသည်ကို သတိပြုပါရန်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆