Posts

Showing posts from April, 2016

Welding fume health hazards ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး

Image
၁။ ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။ ၂။ ဆရာ ကျွန်တော်အသက်က ၂၉ပါ။ အခုလောလောဆယ်တော့ မှာနေပါတယ်။ အရင်တုန်းက ဝရိန်ဆော်တဲ့အလုပ် လုပ်ရင်းနဲ့ မျက်စိကိုထိတာကနေ အခုဆိုရင် အိပ်ရေးပျတ်တဲ့အခါတို စာဖတ်တာနည်းနည်းများတဲ့အခါတို့ ဖုန်းတွေ ကွန်ပြူတာတွေကြည့်တဲ့အခါ ဘယ်ဘက်မျက်လုံးတဘက်ကပူလာပြီး ကြည့်ရတာဝါးဝါးသွားတယ်ဆရာ။ ၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ အမေရိကန်မှာ ဂဟေဆော်လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။ ၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေးစာတမ်း အဆိုအရ လေပြွန်ရောင်ခြင်း၊ အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြေ

Enervon C အင်နာဗွန် (စီ)

Image
ဆရာ Enervon C နေ့တိုင်းသောက်ရင် အသည်းရောဂါဖြစ်တယ်ဆိုတာဟုတ်ပါသလား။ ဘာဆိုးကျိုးများရှိပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။ Enervon-C Tablets ဆေးပြားထဲမှာ ဗီတာမင် ဘီ-၁၊ ဘီ-၁၂၊ ဘီ-၃၊ ဘီ-၅၊ ဘီ-၆ နဲ့ဗီတာမင်စီတွေပါဝင်တယ်။ အဲတာတွေထဲက ပြောစရာကတော့ ဗီတာမင် (စီ) ဖြစ်တယ်။ ဗီတာမင် (စီ) ဟာ (အက်စကောဗစ်အက်စစ်) ဖြစ်တယ်။ နည်းရင် Scurvy (စကာဗီ) ရောဂါဖြစ်တယ်။ မအီမသာ ခံစားရတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာပါ။ ပြီးတော့မှ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အဖြစ်များတယ်။ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ္မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီး အမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။ ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အန

Life is a beautiful struggle ဇာတ်ဝင်ခန်း

Image
ပြည်ပနဲ့ လွတ်မြောက်နယ်မြေမှာ ပါတီတဖွဲ့တည်းလုပ်ခဲ့သူတယောက် ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားတဲ့သတင်း ကြားရတယ်။ နိုင်ငံရေးအတွက် ပြည်ပထွက်ကြသူတွေ ၁၉၈၈ မကုန်ခင်ကတသုတ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာတသုတ်တို့က အများဆုံးဖြစ်တယ်။ အခုဆိုရင် နှစ်ပေါင်း (၂၈) နှစ်နဲ့ (၂၆) နှစ်ကြာသွားပြီ။ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေ ၂ဝ၁၂ မှာ တခါနဲ့ ၂ဝ၁၆ မှာတခါဖြစ်တယ်။ ပြည်ပရောက်ပြီးမှ အထဲပြန်ဝင်သူဦးရေ မများလှပါ။ အခုထိမှမဝင်ကြသူတွေဟာ ပြည်ပမှာပဲ ခေါင်းချတော့မယ့်သူတွေလို့ ယေဘုယျပြောလို့ရတယ်။ ပြည်ပနဲ့ တောထဲကိုထွက်မလာခင်က အခြေခံတွေ၊ ထွက်လာခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ထွက်လာပြီးလုပ်ကြတဲ့ အလုပ်တာဝန်တွေနဲ့ နည်းနာတွေ မတူကြသလို အပြောင်းအလဲရှိလို့ အကဲဖြတ်ကြတာမှာလည်း မတူကြပါ။ ဘဝတွေ တစစီဖြစ်သွားကြတာတော့ တူကြတယ်။ နောက်ဆုံးလူတွေက ခေါင်းချတာမှာပါ တူကြတယ်လို့ ပြောရတော့မယ်။ အားမနာတမ်းပြောရရင် ဇာတ်သိမ်းခမ်းတွေပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ ဘဝတွေဇာတ်သိမ်းကြတာ အမျိုးမျိုးရှိတယ်။ ကွန်မြူနစ် (အဖြူနဲ့ အနီ) တွေ၊ တိုင်းရင်းသားလူမျိုးစုံက လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီရေးကြိုးပမ်းကြသူတွေ။ ဘဝတခုစီ ဇာတ်သိမ်းသွားပေမယ့် မြန်မာ့နိုင်င

Piles Treatment လိပ်ခေါင်းကုနည်းများ

Image
Dr ခင်ဗျာ ကျွန်တော်ကတော့ အသက် ၃၇နှစ်။ လွန်ခဲ့တဲ့တစ်နှစ်က အတွင်းလိပ်ခေါင်းဆိုပြီး မြန်မာတိုင်းရင်းဆေးဆရာနဲ့ ကုသပါတယ်။ စအိုကိုအနာဖြစ်အောင်လုပ်ပြီး ဆီးပင်အခေါက်၊ မာလကာပင်အခေါက်စသည့်ပြုတ်ရည် ခပ်နွေးနွေးကို ထိုင်ခိုင်းပါတယ်။ အဲ့ဒီလိုနဲ့ လိပ်ခေါင်းဟာ ပြုတ်ကျပြီး(တိုင်းရင်းဆရာ အပြော) အနာဖြစ်ကျန်နေခဲ့ပါတယ်။ အဲ့ဒီ အနာက ကျက်လာသောအခါ စအိုဝသည် တဖြည်းဖြည်း ကျဉ်းလာပါတယ်။ ဝမ်းသားရ တော်တော်ခက်လာပါတယ်။ ထိုရောဂါကို ဘယ်လိုကုသရင် ပျောက်နိုင်မလဲ။ ခန်းမှန်းခြေ ဘယ်လောက် ကုန်နိုင်မလဲ ဆိုတာကို ကျေးဇူးပြု၍ ပြောပြပေးပါ ဆရာ ခင်ဗျား။ ဆရာကို လေးစားလို့ အကြံတောင်းခံပါသည်ခင်ဗျား။ Hemorrhoids လိပ်ခေါင်းကို တခြားနည်းတွေနဲ့ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ်ဆိုတာလည်း ဖြစ်နေတာကို သက်သာစေမယ်။ ပိုမဆိုးအောင် အကြံပေးမယ်။ ဖြစ်စေတတ်တဲ့အခြေခံတွေကို မပြင်ရင် ထပ်ဖြစ်နိုင်တာကိုပါ သတိပြုရမယ်။ ဖြစ်စေတာကိုလည်း ပြင်ရပါမယ်။ အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။ • ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။ • Li

Disable doctor (2) ဒုက္ခိတဆရာဝန်

Image
• (လဘ်) ထိုးခြင်းမပြုပါရန်လို့ စည်းကမ်းတခုတွေ့ပါတယ်။ (လာဘ်) လို့ရေးရပါ။ ပါဠိလို (လာဘ) ကနေလာလို့ဖြစ်ပါတယ်။ • တချို့က (လာဒ်) နဲ့ ရေးသေးတယ်။ အဲဒါက result ကိုသုံးတာမို့လားဆရာ။ (ရလဒ်) မှာ ရေးချမပါ။ (ဒဏ်) မှာလည်းမပါဘူး။ • ကျေးဇူးပါပဲဆရာ။ ရောဂါလက္ခဏာတွေက သမီးဖြစ်နေတာနဲ့ တပုံဆန်ထဲပါပဲ။ (တပုံစံတည်း) လို့ ရေးရတယ်။ • သမီးကိုယ်ဝန်ပြတ်ကျခဲ့ဖူးပါတယ်။ (ကိုယ်ဝန်ပျက်ကျ) လို့ရေးရပါတယ်။ • (သက်ဦး) လို့ရေးတာနဲ့ (နို့မဝမှာဆိုးလို့) လို့ရေးတာကိုပြင်ပေးတော့ ကျေးဇူးတင်သူ တယောက်တိတိရှိတယ်။ အခုမှ သဘောပေါက်တာဆရာ။ ဆရာက (သားဦး) လို့သာရေးရတယ်၊ (နို့မဝမှာစိုးလို့) လို့သာရေးရတယ်လို့ ပြန်ဖြေပေးတော့ ဆရာက ဘာလို့ရေးပါလိမ့်ပေါ့။ ခုမှသိတာ။ ဆရာက အမှန်ပြင်ပေးတာ ကျေးဇူးပါဆရာ။ ရေဒီယိုနဲ့ အင်တာနက်ကနေ မြန်မာလိုပြောကြ ဆိုကြတဲ့ စကားမပီသတာတွေ နားထောင်နေရင်း၊ သတ်ပုံနဲ့ သဒ္ဒါအလွဲတွေရေး မေးတာတွေကို ဖတ်ဖြေနေရလို့ ကိုယ့်ကိုယ်ကို ဒုက္ခိတဆရာဝန်လို့ သမုတ်တယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၄-၂ဝ၁၆

Careless mistakes မှားရင်ပြင်

Image
(ကူးဆက်) ပုံလို့မေးကြတယ်။ ကူးစက်လို့ရေးရတယ်။ ကူးဆက်ဆိုရင် သစ်ပင်တွေကိုင်းကူးပြီးဆက်တာမျိုးဖြစ်သွားမယ်။ ကူးစက်ခံရမှာ စိုးရိမ်သူတွေ ကူးဆက်တာမလုပ်ပါနဲ့။ (တားဆေးဖျတ်) လို့ရေး မေးတာလည်းမကြာမကြာလာတယ်။ (ဖြတ်) လို့သာရေးရတယ်။ (ဖျက်) ဆိုရင် ကိုယ်ဝန်ဖျက်တာမှာသာ ရေးရတယ်။ (ခလေး) လို့ရေး မေးသူတွေကလည်း အတော်များတယ်။ (ကလေး) လို့သာရေးရတယ်။ ကလေးရချင်သူတွေ ကလေးသတ်ပုံမှန်ပါစေ။ ကျွန်တော်လည်း သတ်ပုံမှားရေးတတ်တယ်။ စာရိုက်ရာမှာ ကျတာ ပိုတာ လိုတာတွေဖြစ်တတ်တယ်။ ပြန်ပြင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၄-၂ဝ၁၆

Syphilis and Bank employee ဘဏ်ဝန်ထမ်းနဲ့ ဆစ်ဖလစ်

Image
Syphilis and Bank employee ဘဏ်ဝန်ထမ်းနဲ့ ဆစ်ဖလစ် မြန်မာ့သတင်းထူးသတင်းဦးများ ဖေ့စ်ဘွတ်မှာတင်ထားတဲ့ ငွေစက္ကူရေတွက်တာကနေ ကာလသားရောဂါ ကူးစက်နိုင်သလား ပို့စ်ကို တွေ့ရပါတယ်။ အဲတာကို ရှယ်သူတွေလည်းမနည်းပါ။ သတင်းမှာ အမျိုးသမီးတဦးကို ဆေးစစ်တော့ ကာလသားရောဂါရနေတယ်လို့ အဖြေထွက်။ သူ့အမျိုးသားကိုစစ်တော့ ကာလသားရောဂါမတွေ့။ အိုဂျီကနေ ရောဂါဇစ်မြစ်ကိုရှာ။ အမျိုးသမီးက ဘဏ်ဝန်ထမ်းဖြစ်။ ငွေစက္ကူတွေကိုင်၊ လက်မဆေးပဲ သန့်စင်ခန်း ဝင်ရာကနေ ကာလသားရောဂါ ကူးစက်တယ်လို့မှတ်ချက်ချ။ ကာလသားရောဂါဟာ လိင်ဆက်ဆံရာကနေသာမက ကြားနေအရာဝတ္တုတွေကလည်းကူးစက်။ ဂနိုနဲ့ ဆစ်ဖလစ် ဗိုင်းရပ်တွေဟာ လူခန္ဓာကိုယ်ကနေထွက်ပြီး ၂ နာရီမှာ ၃ နာရီအကြားထိ အသက်ရှင်နိုင်။ စိုစွတ်နေတဲ့ တဘက်၊ စောင်၊ အိပ်ရာခင်းနဲ့ အိမ်သာအိုးတွေမှာ လူ့ကိုယ်ကနေထွက်ခွာပြီး ၁ဝ နာရီမှ ၁၈ နာရီအထိ အသက်ရှင်နိုင်။ ၈ဝ% ငွေစက္ကူသစ် တရွက်မှာ အူလမ်းကြောင်းဆိုင်ရာရောဂါပိုးတွေနဲ့ ဘီပိုးစတဲ့ပိုးမွှားပေါင်း ၁၂ သိန်း ကျော်တွေ့ရှိ။ တနာရီကြာရင် လက်မှာ ရောဂါပိုးမွှားပေါင်း သုံးသန်းကျော်တွေ့ရှိ။ သာမန်သူတွေထက် အသည်းရောင်အသားဝါရောဂါ ကူးစက်နိုင်ခြေ ၆ ဆ ပိုမြှင့်မား။ အချိန်ပိုကြာလေ ကူးစက်နိုင်မှု ပိုမြှ

One-sided Story အပြောခံတဲ့သူပဲပြော

Image
မေးခွန်းပေါင်း (၂ဝ) ကျော်ဖြေပြီးပြီ။ မေးတဲ့အရေအတွက်က လျှော့ကျတယ်မရှိပါ။ မေးတာကိုသဘောမပေါက်စေနိုင်တဲ့ သတ်ပုံအမှားတွေလည်း (၂ဝ) လောက်ပါတယ်။ အမှားနည်းလာတယ်လို့ မထင်ပါ။ မေးနည်းစည်းကမ်းကို (၂ဝ) လောက်ပို့ပေးရတယ်။ အသက်-မ-ကျား မပြောကြားလိုသူကဆို ပိုတောင် များလာသလားမသိပါ။ ကျွန်တော့်ပြဿနာက အချိန်မကုန်သင့်ပဲကုန်တာအပြင် အဲလိုလေးရေးတိုင်း ဆရာ သည်းခံပေးပါ၊ ဆရာဝန်ဆိုတာ စိတ်ရှည်ရတယ်လို့ ဆုံးမသူတွေကပေါ်လာစမြဲ။ နိုင်ငံရေးမှာ ရှေ့မတိုးနောက်မဆုတ်ကာလတွေမှာ ပြောကြတယ်။ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ သည်ဖက်ကလည်း နည်းနည်းလျှော့၊ ဒိုင်ယာလော့လို့ မြန်မာပြည်ပေါက်ပညာရှင်တွေက ပြောကြတယ်။ အဖြူပညာရှင်တွေကတော့ ဒေါ်စုက ခေါင်းမာတယ်တဲ့။ စစ်တပ်ကိုတော့ ထားပါတော့တဲ့။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂ဝ၁၆

Sunday talk on RFA

Image
တနင်္ဂနွေစကားဝိုင်းအတွက် ကနေ့ ကြိုတင်အသံသွင်းပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ။ တီဗွီနဲ့ ရေဒီယိုကနေ သဘောအမြင်ပြောရတာ အချက်အလက်ထက် ပိုခက်တာက အချိန်ပါ။ လုံးစေ့ပတ်စေ့ ပြောချိန်မရတာ များတယ်။ ကိုယ်ကနေ ဝေဖန်တာလုပ်ခံရတဲ့ဖက်က တလွဲထင်သွားတာခံရနိုင်တယ်။ ပြောပြီးမှ ဘွာခတ်လို့မရတာမျိုး။ ကြိုတင်ဆွေးနွေးခန်းမျိုးက တိုက်ရိုက်အသံလွှင့်တာထက်တော့ သက်တောင့်သက်သာရှိပါတယ်။ အသံမဖမ်းခင်မှာ ခေါင်းစဉ်ရထားရင် (ဟုမ်းဝပ်) လုပ်ထားရတယ်။ တချို့အကြောင်းအရာတွေဆို (ရီဆပ်ခ်ျ) ပါ လုပ်ရတယ်။ ဒေါ်စု နေအိမ်အကျယ်ချုပ်ကလွတ်လာချိန်နဲ့ သံဃာတော်များအရေးအခင်းတုန်းကတော့ အားလုံးက လက်တန်းချည်းပဲ၊ ပြောရတာကလည်း ဗိုလ်လိုချည်းပဲ။ တီဗွီ တိုက်ရိုက်ကနေ (ဟဒ် တော့လ်ခ်) မှာပါရရင် မထင်တဲ့မေးခွန်းမျိုးက လာသေးတာ။ ဘာရမလည်း ကြာတော့ လေနဲ့လုပ်စားတတ်လာတယ်။ ကနေ့အသံသွင်းရတဲ့ ဆွေးနွေးခန်းမှာ (ဟုမ်းဝပ်) တွေ (ရီဆပ်ခ်ျ) တွေတော့မလိုပါ။ အင်တာဗျူးကို ကောလိပ်တခုအသွား ကားစီးရင်း လုပ်ပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့အကန့်အသတ်တွေအပြင် သတိထားရတာရှိပါတယ်။ အဖွဲ့အစုတိုင်းထဲမှာ အဖြောင့်သမားနဲ့ အကောက်သမား ရောထွေးနေတာများတယ်။ တိုင်းရင်းသားဆိုပြီး ခြုံပြောမိလို့ ရိုးသားတဲ့ တိုင်းရ

Library စာကြည့်တိုက်

Image
ရောက်တဲ့အရပ်မှာ စာကြည့်တိုက်ကို စူးစမ်းမိလာတာ အခုနေရာရောက်မှပါ။ အိန္ဒိယမှာတုန်းက ထူးထူးခြားခြား သတိမထားမိခဲ့ပါ။ ရောက်ရောက်ခြင်း နေအိမ်မှာ အင်တာနက်နဲ့ ဝိုင်ဖိုင်မရေးသေးခင် တလလောက် အိမ်နားက စာကြည့်တိုက်ကိုသာ နေ့တိုင်းသွားအားကိုးခဲ့တဲ့ကျေးဇူးကကြီးတယ်။ မြန်မာပြည်မှာ ငယ်ငယ်လေးတုန်းက မုံရွာမြို့ အလုံလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်း လမ်းဆုံနေရာမှာ အစိုးရက ဖွင့်ထားတဲ့စာကြည့်တိုက်ကို ခဏခဏရောက်တယ်။ ဘာစာအုပ်မှတော့ မငှားဖူးပါ။ သတင်းစာတွေကိုသာ လှန်လှောကြည့်ဖြစ်တယ်။ အဲတာလည်း သွားတာပဲ။ တနေ့ကပဲ ကျွန်တော့်ဇာတိမင်းရွာမှာ ကျွန်တော်ရဟန်းခံထားတဲ့ဦးဇင်းကနေ စာကြည့်တိုက်လေး ဖွင့်ပေးထားတယ်လို့ တယောက်ကနေလှမ်းအသိပေးလို့ ဝမ်းသာရတယ်။ ကနေ့ အင်ဒီယာနာပလစ်မှာရှိတဲ့ ကွန်မြူနတီကောလိပ်ကို ရောက်တော့လည်း စာကြည့်တိုက်ကို သဘောကျခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂ဝ၁၆

Ivy Tech Community College ကွန်မြူနတီကောလိပ်

Image
ကနေ့ စာသင်နေတဲ့ကျောင်းကနေ ပြင်ပလေ့လာရေးသွားတယ်။ ဒီမှာက အဲလိုပဲ Event လိုခေါ်တဲ့ အပြင်သွားတာမျိုး စီစဉ်ပေးတယ်။ ကျောင်းသားတွေ လိုက်ချင်သူလိုက်။ လိုက်ရင်အမှတ်လည်းရတယ်။ မလိုက်နိုင်ကြတာများပါတယ်။ ကနေ့ Ivy Tech Community College ကောလိပ်ခရီးမှာ ကျောင်းသား ၉-၁ဝ ယောက်ပဲလိုက်တယ်။ မြန်မာပြည်က ကျောင်းသား (ကချင်တယောက်နဲ့ ချင်းတယောက်) နဲ့ ကျွန်တော်။ (အိုဗီ တခ်) က ကွန်မြူနတီကောလိပ်အမျိုးအစား၊ အများလက်လှမ်းမီအောင်စီစဉ်ပေးတဲ့ကောလိပ်မျိုးဖြစ်တယ်။ သင်ယူနိုင်တဲ့ဘာသာ (၅ဝ) ရှိတယ်။ လပိုင်းလေးကနေ ၃-၄ နှစ်အထိကြာတာမျိုးတွေ။ ဘာသာရပ်တွေကလည်း စုံတယ်။ အကုန်ရေးရင် ခေါင်းတောင်ရှုတ်မယ်။ စာရင်းကိုင်၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ ပညာရေး၊ အုပ်ချုပ်ရေး၊ နည်းပညာ၊ ကျန်းမာရေး (သွား၊ ခွဲစိပ်၊ သူနာပြု) ၊ အနုပညာ၊ လက်သမား၊ ဂဟေဆော်၊ စဖိုမှူ့း့။ တခြားနိုင်ငံတွေကနေလာတဲ့ ကျောင်းသားတွေ အားကျပြီး ကောလိပ်ဆက်တက်နိုင်အောင်နဲ့ ဘယ်လိုအခွင့်အလမ်းတွေရှိသလည်းသိအောင် လုပ်ပေးတာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂ဝ၁၆

Baby Gender Test ကလေး ကျား-မ သွေးစမ်းသိနိုင်

Image
ဆရာရှင့် သမီးသိချင်တာလေးရှိလို့ပါရှင့်။ သူငယ်ချင်းတယောက် ကိုယ်ဝန်ဆောင်တာ ၁၂ ပတ်ပဲရှိသေးတယ်။ ဒါပေမဲ့ ယောကျာ်းလေး မိန်းကလေး သိရပြီဆိုလို့ပါ။ သူကတော့ သွေးစစ်ပြီး သိတာလို့ ပြောပါတယ်။ အာထရာဆောင်းမှာတော့ ကလေးက အရမ်းသေးနေသေးလို့ မပေါ်သေးဘူတဲ့။ အဲဒီလို သွေးစစ်ကြည့်ချင်တာ ဘယ်လိုပြောရလဲ မသိလို့ပါဆရာ။ အဲဒီသွေးစစ်လို့သိတဲ့ အဖြေကရော ရာနှုန်းပြည့် မှန်နိုင်သလားဆရာ။  လေးစားစွာဖြင့့် ဗိုက်ထဲကကလေး ကျား-မခွဲခြားဘို့ရာ အလွယ်ဆုံးနည်းကတော့ အာလ်ထွာဆောင်းရိုက်တာဖြစ်ပါတယ်။ ကိုယ်ဝန် ၁၅ ပါတ်နဲ့ ၂၅ ပါတ်မှာရိုက်တယ်။ Level 3 ultrasound ရိုက်ရင် ၁၂ ပါတ်နဲ့သိနိုင်ပါမယ်။ Amniocentesis ရေမြွာရည်စုပ်ယူစစ်ဆေးနည်းကို အသက် ၃၅ နှစ်ကျော်ကိုယ်ဝန်ဆောင်တွေကိုလုပ်ရတာများတယ်။ မွေးရာပါကလေးချို့ယွင်းချက်သိချင်လို့သာဖြစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။ Chorionic Villus Sampling (CVS) နည်းလည်းရှိတယ်။ Cystic fibrosis နဲ့ Down’s syndrome ဆိုတဲ့ မွေးရာပါရောဂါ သိဘို့စစ်တယ်။ ကိုယ်ဝန်ပျက်နှုန်း ၁-၃% ရှိတယ်။ ကျား-မ စောစောသိနိုင်တဲ့နည်း မိခင်လောင်းသွေးထဲမှာရှိနေတဲ့ DNA from fetal cells ကိုစမ်းသပ်တာဖြစ်တယ်။ တိတိကျကျဆိုရင် Y

Natural Gas ဓါတ်ငွေ့

Image
ဘာသာပြန်စရာတခုကို တပိုင်းတစလုပ်၊ မေးခွန်းတွေကိုဖြေ၊ မေးနည်းစည်းကမ်းကို လူ ၂ဝ လောက်ဆီပို့ပေးပြီး၊ ပေါ့ပေါ့ပါးပါးလေး ရေးစရာစဉ်းစားပါတယ်။ မနက်က နိုင်ငံရေးစကားပြောချင်သူကလာခေါ်လို့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ပြောကြတာတော့ အလေးစားတွေပါ။ တိုက်ပွဲတွေနဲ့ ဘာသာရေးအမည်ခံသတင်းတွေအကြောင်း။ ဘယ်သူတွေကနေ မီးတိုက်ပေးသလည်း၊ ဓါတ်ဆီလောင်းပေးနေသလည်း၊ လေမှုတ်ပေးနေသလည်း။ တချို့အကြောင်းအချက်တွေကို သိပေမယ့် ရေးမဖြစ်၊ ပြောမသင့်တာတွေရှိတယ်။ လူချင်းရင်းနှီးပေမယ့်လည်း ပြောမထွက်တာတွေရှိသေးတယ်။ မမြင်ရတာတွေက ပိုကြောက်စရာကောင်းတယ်ဆိုတာ အမှန်တကယ်ရှိတယ်။ အရေးက ပေါ့သေးသေး မဟုတ်ပါ။ အော်နေကြတာတွေတချို့က မမှန်ပါ။ လုပ်ပြနေကြတာတွေတချို့ကလည်း မှားတယ်။ မသိသေးသ၍တော့ သူ့နယ်ပယ်မှာ ဟီးရိုးတွေလို့ မြင်ကြမယ်။ မျက်လှည့်ဆရာပြတာချည်း ကြည့်နေလို့ကတော့ ဦးထုပ်ထဲက ခိုထွက်လာတာပဲ မြင်ရမယ်။ ပေါ့ပေါ့လေးပဲ ပြောပါမယ်။ အရောင်အဆင်းမရှိ၊ အရသာမရှိ၊ မီးလောင်ခြင်းကိုအားပေး၏ဆိုတဲ့ဓါတ်ဆိုတာ ငါးတန်းကလည်းကသင်ခဲ့ကြရတယ် မဟုတ်လား။ ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၆

God bless you!

Image
အိန္ဒိယမှာနေစဉ်က မြန်မာပြည်နဲ့ဆက်စပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းကို မကြာခဏသွားဖြစ်ခဲ့ပါတယ်။ မဏိပူ၊ မီဇိုရမ်နဲ့ နာဂလင်းတွေ။ ၂၈-၄-၂ဝ၁၂ နေ့ကရိုက်ထားတဲ့ ဓါတ်ပုံကို အခုပဲရပါတယ်။ တင်ပေးသူက (ဒေါက်တာ လီဘန် ဆာတို) ဖြစ်တယ်။ သူက မဏိပူပြည်နယ်သား။ (မဂါလယာ) ပြည်နယ် (ရှီလောင်း) မြို့ တက္ကသိုလ်ကဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဘာသာရပ်ကို အထူးပြုသူဖြစ်တယ်။ သူနဲ့အတူ ကွန်ဖရင့်တွေ အတူတက်ခဲ့ဘူးတယ်။ သူကနေ ဒေလီက မြန်မာဒုက္ခသည်တွေအတွက် ကျွန်တော့်ဖွင့်ထားတဲ့ ယမုန်နာဆေးခန်းလေးအတွက် မျက်စိစမ်းသပ်ကိရိယာတစုံနဲ့ နားကြပ်တခု လှူဖူးတယ်။ သူနဲ့ မိတ်ဆက်ပေးသူကတော့ Dr. Alana Golmei ခေါ်တဲ့ ကျွန်တော်နဲ့အတူ Burma Center Delhi (BCD) မှာ တွဲလုပ်ခဲ့တဲ့ မဏိပူမှာနေတဲ့ နာဂအမျိုးသမီးဖြစ်ပါတယ်။ God bless you Dr. Leban Serto! ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၆

Tibet struggle တိဘက်အရေး

Image
အဝေးရောက် တိဘက်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် Lobsang Sangay (လောဘ်ဆန်း ဆန်ဂေး) ကို ထပ်မံရွေးချယ်လိုက်ပါတယ်။ ကျွန်တော် အိန္ဒိယမှာနေခဲ့စဉ်က တိဘက် အဝေးရောက်ပါလီမာန် Parliament of the Central Tibetan Administration ကနေဖိတ်ကြားလို့ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၁၇-၁၈ ရက်နေ့မှာ Dharamsala (ဒါရမ်ဆလာ) ကို သွားရောက် လည်ပတ်ခဲ့စဉ်က တိဘက်ဝန်ကြီးချုပ် (လောဘ်ဆန်း ဆန်ဂေး) နဲ့လည်းတွေ့ခဲ့ရပါတယ်။ တိဘက်လူမျိုးတွေရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေ အောင်မြင်ပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၆ Tibet struggle (2) တိဘက်အရေး (၂) တိဘက်အရေးကိုပဲ ဆက်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည့် နေအိမ်အကျယ်ချုပ်နေရစဉ်က အသက် (၆ဝ) ပြည့်မွေးနေ့ကို နယူးဒေလီမှာ ကျင်းပခဲ့ပါတယ်။ တိဘက် အဝေးရောက်လွှတ်တော်ဥက္ကဋ္ဌ၊ တိဘက်အဆင့်မြင်တက္ကသိုလ် ဒုအဓိပတိ၊ (နောင်မှာ တိဘက်ဝန်ကြီးချုပ် ဖြစ်လာသူ) Samdhong Rinpoche (ဆမဒေါင် ရင်ပိုချေး) တက်ရောက်ပြီး အမှတ်တရပစ္စည်းပေးအပ်ပါတယ်။ ပိုးသားနဲ့ ယက်လုပ်ထားတဲ့ ဘုရားပုံတော်တခုလည်းပါတယ်။ ဒေလီက ကျွန်တော့် NCGUB ရုံးခန်းမှာချိတ်ဆွဲထားခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၆

Skilled birth attendant လက်မသုံးရတဲ့ လက်သည်

Image
ဆရာရှင့် သမီးက သားလေးကိုယ်ဝန်လွယ်ကတည်းက ဆရာရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အမြဲမပြတ် မေးမြန်း ဖတ်ရှုခဲ့ပါတယ်ရှင့်။ ၂၅-၄-၂ဝ၁၆ မြန်မာစံတော်ချိန် ၁ဝ:၄၉ နာရီမှာ သားလေးကို ကျန်းမာစွာ ခွဲမွေးနိုင်ခဲ့ပါတယ်ရှင့်။ ရှေ့ဆက်ပြီးလည်း ဆရာ့ရဲ့ကျန်းမာရေးအသိပညာတွေကို မေးမြန်းဖတ်ရှုချင်ပါတယ်ရှင့်။ ခုနစ်ပေါင်ရှိတဲ့ သားလေးရဲ့ပုံပါ ဆရာ့ဆီ ပို့လိုက်ပါတယ်ရှင့်။ ဆရာလည်း သားသမီးမြေးတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်။ ကျွန်တော် ဒီအရွယ်လေးတုန်းက မိဘတွေကနေ သူတို့သားလေးကို ဆရာဝန်ဖြစ်မယ်လို့ မှန်းမထားခဲ့ကြပါ။ ပုံထဲက ကလေး တချိန်မှာ နိုင်ငံခေါင်းဆောင်တယောက်မဖြစ်ဘူးလို့၊ နိုဗယ်ဆုမရဘူး မည်သူပြောနိုင်အံ့နည်း။ ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၆

Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း

Image
Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း ကွန်မင့်တခု = ဆရာ့စာများကိုဖတ်ပြီး မြန်မြန်ရင်သားကင်ဆာကို ကုနိုင်ခဲ့ပါတယ်။ ၃ ကြိမ်မြောက် ကီမို သွင်းပြီးပါပြီ။ (ခီမို) လို့ အတိုခေါ်နေတာက Chemotherapy (ခီမိုသာရာပီ) ဖြစ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင် ဆေးပေးတာ မှန်သမျှကိုခေါ်ပေမဲ့ တကယ်တော့ ကင်ဆာအတွက် ဆေးပေးကုသတာကိုသာ အဲလိုခေါ်တယ်။ (ကင်ဆာ-ဆဲလ်) တွေ ဆက်မပွါးစေမဲ့ ဆေးတွေဖြစ်တယ်။ သွေးပြန်ကြောထဲထိုးတာနဲ့ သောက်ဆေးတွေရှိတယ်။ ၂ မျိုးလုံး ပေးတာလဲရှိတယ်။ ဆေးတွေက မနည်းဘူးရှိတယ်။ ရည်ရွယ်ချက် (၃) ခုအတွက် ဆေးပေးကုသနည်း လုပ်ပါတယ်။ ၁။ ခွဲစိတ်ပြီးနာက်မှာဖြစ်ဖြစ်၊ ဓါတ်ကင်ပြီးနောက်မှာဖြစ်ဖြစ် ကင်ဆာထပ်ပေါ်မလာအောင်လုပ်တယ်။ တကယ်လို့ ရင်သားကင်ဆာက ရင်သားနဲ့ တက်စေ့မှာသာ ရှိနေသေးရင် ခွဲစိတ်ပြီးနောက် ဆေးပေးတယ်။ ကင်ဆာပြန်ပေါ်လာမှာကို တားတာဖြစ်တယ်။ ၂။ ကင်ဆာ အကျိတ်ကကြီးမယ်ဆိုရင် မခွဲစိတ်ခင် အရင်ပေးတယ်။ ဆေးနဲ့သေးသွားရင် ရင်သားတခုလုံး ထုတ်တာ မလုပ်ရပဲ၊ အကျိတ်ကိုသာထုတ်တာနဲ့ ရနိုင်မယ်။ ၃။ တကယ်လို့ ကင်ဆာ တခြားဆီပြန့်နေတဲ့အဆင့်ရောက်နေမှ သိရရင် ဆေးကုနည်းကို အဓိကကုသနည်းအဖြစ်သုံးမယ်။ ဆေးရွေးရတာ လူနာတယောက်ချင

Breast Cancer Treatment regimes ရင်သားကင်ဆာ ကုထုံးများ

Image
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အောက်တိုဘာ ၂ဝဝ၆ 1. Ductal carcinoma in situ နို့ပြွန်လေးမှာသာ ကွက်ဖြစ်နေတဲ့ ရင်သားကင်ဆာ Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း (a) Conservative surgery + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဓါတ်ကင်နည်း၊ ပြန်ဖြစ်နှုန်းနည်းတယ်။ အသက်ရှည်နှုန်း မထူးခြား။ (b) Conservative surgery + Tamoxifen + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဆေး + ဓါတ်ကင်နည်း၊ သိသိသာသာနည်းတယ်၊ ဒါပေမယ့် အသက်ရှည်နှုန်း ၆ နှစ်ထက်တော့မပိုပါ။ 2. Breast cancer (Operable) ခွဲစိတ်နိုင်တဲ့အဆင့်ရှိတဲ့ ရင်သားကင်ဆာ (a) Beneficial အကျိုးရှိနိုင်သည့် ကုသနည်း - Adjuvant chemotherapy ဆေးပေးနည်း၊ - Adjuvant Tamoxifen ဆေးပေးနည်း၊ - Athracycline regime as adjuvant chemotherapy ဆေးပေးနည်း၊ - Breast conservative surgery တစိတ်တပိုင်းခွဲစိတ်နည်း - Chemotherapy + Tamoxifen ဆေး ၂ မျိုးပေးနည်း၊ - Ovarian ablation in premenopausal women - Breast conservative surgery + Radiotherapy တစိ

Breast reduction ရင်သားသေးအောင်လုပ်ခြင်း

Image
• ကျွန်မက အသက် (၂၆) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။ • စုံအောင်မေးပါရစေ။ အိမ်ထောင်-ကလေး ရှိပါသလား။ ဘယ်-ညာ တူပါသလား။ အရွယ်အစားကြီးတာလား။ အောက်တွဲကျနေသလား။ အကျိတ်စတာ ရှိပါသလား။ • အိမ်ထောင်မရှိပါဘူးဆရာ အောက်နည်းနည်းကျပါတယ်ဆရာ ရင်သားသေးချင်တာပါဆရာ ရောဂါလည်းမရှိပါဘူးဆရာ • အရပ်က 5.2 လက်မ၊ 136 ပေါင်ရှိတယ်။ အပျိုပါ။ ရင်သားက ပုံမှန်ထက်ပိုကြီးတယ်။ ရင်သားမရှိတော့လောက်အောင် သေးခြင်တာ ကူညီပေးပါဆရာ။ မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရင်သားထွားလာတယ်။ ကိုယ်ဝန်ဆောင်ရင် ပိုကြီးမယ်။ ကလေးနို့တိုက်လို့လဲ ကြီးမယ်။ ကလေးတယောက်မွေးတခါ ပိုကြီးနိုင်သေးတယ်။ ဒါတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အဆီ (တစ်ရှူး) များလို့လဲ နို့ထွက် (တစ်ရှူး) တွေက ပုံမှန်နဲ ရင်သားကြီးတာလဲရှိတယ်။ ရင်သား အရွယ်အစားသေးအောင်၊ ပိုပြီးကြည့်ကောင်းအောင် Reduction mammoplasty ခွဲစိတ်နည်းနဲ့လုပ်နိုင်တယ်။ ရင်သားကို ကုသတာမှာ သူ့အလုပ်တာဝန်ကို မထိခိုက်ဘို့က ပိုအရေးကြီးတယ်။ (နို့သီး + အရောင်ရင့်အဝိုင်း) နေရာက အရေးအပါဆုံး ဖြ

Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း

Image
ငယ်သေးတော့ ဆီလီကွန်ထည့်မလား၊ ဒါမှမဟုတ် ဗိုက်ကအသားနဲ့ ထည့်လုပ်ရတယ်ပြောနေတာ။ ညီမလေးက အစားထိုးတာ ဘာမှမလုပ်ဘူး၊ ဖြတ်ဆိုဖြတ်တာဘဲလုပ်မယ် ပြောထားတာတဲ့ဆရာ။ အကောင်းဆုံးနည်းလမ်း ပြောပြပေးပါလားဆရာ။ အရင်က ရင်သားကင်ဆာအတွက် ရင်သားတဖက်ဖြတ်ထုတ်ရတဲ့သမီးအတွက် သူ့ဖခင်ကမေးလို့ ရေးထားတာရှိပါတယ်။ ရင်သားမှာ ကင်ဆာဖြစ်လို့ တဖက်လုံး၊ နှစ်ဘက်လုံး ဖြတ်ထုတ်လိုက်ရသူတွေကို အမြင် အရင်လိုဖြစ်စေဘို့နဲ့ အထိအတွေ့ ကောင်းစေဘို့ရာ ရင်သားအသစ် ခွဲစိတ်ထည့်ပေးနိုင်တယ်။ Implants ရင်သားအတုထည့်တာကို Mastectomy ရင်သား ခွဲထုတ်ပြီး ချက်ချင်းလဲ လုပ်နိုင်တယ်။ တချို့ကို နောက်မှ အေးအေးဆေးဆေး လုပ်နိုင်တယ်။ အခုနောက်ပိုင်းမှာ ဖြစ်နိုင်ရင် ချက်ချင်းလုပ်ကြတယ်။ လူတိုင်းက လုပ်ဘို့သင့်ကြတာတော့ မဟုတ်ပါ။  လုပ်မယ်ဆိုရင် Plastic surgeon (ပလပ်စ်တစ်) ခွဲစိတ်ဆရာဝန်၊ Breast surgeon ရင်သား-ခွဲစိတ်ဆရာဝန်၊ Oncologist ကင်ဆာအထူးကုဆရာဝန်၊ Radiation oncologist ဓါတ်ရောင်ခြည်-ဆရာဝန်တွေနဲ့ တိုင်ပင်ရမယ်။ လုပ်ပြီးရင် မွေးရာပါ လိုတော့ ကောင်းမှာမဟုတ်ပေမဲ့ အများကြီးစိတ်သက်သာရာရစေမှာ အမှန်ပါ။ အမြင်ကောင်းလာစေမယ်။ ကျေနပ်မှု တိုးတက်လာစေမယ်။ လူတောတိုးနိုင်လာမယ်။ Bre

Disabled doctor ဒုက္ခိတဆရာဝန်

Image
မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာမဝင်ခင်အချိန်တွေမှာ မေးခွန်းတွေ၊ စာရေးလာတာတွေကို ဖတ်ရ ပြန်ရပါတယ်။ အထူးကုဆရာဝန်တွေနဲ့တွေ့ရတာ အချိန်နည်းပြီး မေးချင်တာမမေးရကြောင်းလည်းဖတ်ရတယ်။ ကျွန်တော့်မှာ မေးစရာနေရာ (၃) ခုပေးထားလို့ လူနာ (၃) ယောက်ကို တပြိုင်တည်းကြည့်ရပါတယ်။ ဖေ့စ်ဘွတ်ကို (၃) ခု လုပ်ထားလို့ ကွန်မင့်နဲ့ မက်ဆေ့ခ်ျတခုစီပါတော့ (၆) နေရာအပြင် (အီးမေးလ်) ကတနေရာနဲ့ ကွန်မင့်မှာမမေးပါရန် ဆိုပေမယ့် မမေးတဲ့နေ့မရှိတော့ တံခါးပေါက် (၈) ပေါက်က တန်းစီစောင့်နေကြသလိုပဲ။ နောက်အခက်အခဲက မြန်မာစာနဲ့ မြန်မာစကားကို မှန်ကန်ပီသဘို့လည်း ခဏခဏရေးတာအားလုံးသိမှာပါ။ စာတွေကို အဖြတ်အတောက်မပါပဲ (စပေ့စ် မခြာပဲ) စာရိုက်တာ နားမလည်နိုင်ပါ။ အဲတော့ မေးခွန်းကို ကူးယူ၊ (နုတ်ပဒ်) မှာ (ပေ့စ်) လုပ်၊ (ဝဒ်) မှာ ပြန်ပြီး (ကော်ပီ-အင်န်-ပေ့စ်) လုပ်၊ အဖြတ်အတောက်နဲ့ သတ်ပုံပြင်တာ ကိုယ့်ဖါသာလုပ်ယူရသေးတယ်။ အချိန်ပိုကုန်ပါတယ်။ မေးနည်းစည်းကမ်းပို့ပေးသူတွေထဲက တဝက်လောက်ကသာ ပြန်မေးကြတယ်။ အဲတာအပြင် သတ်ပုံလွဲလို့ ဖတ်တဲ့သူနားလည်ရင်ပြီးတာပဲလို့ ကွန့်သူတွေ၊ နားထောင်တဲ့သူ သဘောပေါက်ရင်ပြီးတာပဲလို့ တွန့်သူတွေရှိတယ်။ သည်လိုမှန်းသိရင် အထူးကုဖြစ်အောင် ကြိုး

Menactra vaccine ဦးနှောက်မြှေးရောင်ရောဂါကာကွယ်ဆေး

Image
ဆရာရှင့် သမီး ၂ ယောက်က ၄ နှစ်နဲ့ ၇ နှစ်ပါ။ မနေ့က ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး Menactra သွားထိုးပါတယ်ရှင့်။ ဆေးကို ရေခဲဘူးထဲထည့်ယူလာရပြီး မထိုးခင် ဆရာမ ၂ ယောက်စလုံး ဆေးတွေကို ဆေးထိုးအပ် ၁ ချောင်းဆီထဲ စုပ်ထည့်ထားပြီး အပြင်မှာထားထားပါတယ်။ ပြီးမှ တယောက်ပြီးတယောက် ထိုးပေးပါတယ်။ စိတ်ပူတာက ရေခဲဘူးထဲ ထည့်ထားရတဲ့ဆေးကို ဆေးထိုးအပ်ထဲစုပ်ထားပြီး အပြင်မှာထားထားတာရရဲ့လားသိချင်ပါတယ်ဆရာ။ ဆေးအာနိသင် ပျက်သွားလားဆိုပြီးစိတ်ပူမိပါတယ်။ အခုလိုမျိုး ရေခဲဘူးထဲကဆေးကို အပြင်မှာခဏထားပြီး ထိုးလို့ ရ မရ ပြောပြပေးပါဆရာရှင့်။ အကယ်၍မကောင်းဘူးဆိုရင်လည်း ပြန်ထိုးဖို့လိုမလိုပြောပြပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။ စိုးရိမ်စရာမရှိပါ။ အအေးစံနစ်လိုတာတော့မှန်တယ်။ အဲလောက်ကာလတိုမှာ ဆေးအာနိသင်မပျက်ပါ။ Meningococcal vaccines ဦးနှောက်မြှေးရောင်ရောဂါကာကွယ်ဆေး (၃) မျိုးရှိတယ်။ ၁။ Meningococcal conjugate vaccines (Mentactra®, MenHibrix®, and Menveo®)၊ ၂။ Meningococcal polysaccharide vaccine (Menomune®) နဲ့ ၃။ Serogroup B meningococcal vaccines (Bexsero® and Trumenba®) တွေဖြစ်တယ်။ Quadrivalent Meningococcal Conju

Rain clouds မိုးတိမ်တွေ

Image
ကနေ့ညနေ ကျောင်းသွားဘို့ထွက်တော့ တောင်ဖက်ကောင်းကင်မှာ မိုးတိမ်တွေမှောင်မည်းနေတာမြင်ရတယ်။ အိမ်ထဲကမှာကတည်းက ထစ်ချုန်းသံတွေ ကြားနေရတာပါ။ ခဏနေတော့ မိုးစက်တွေကျလာရော။ (အင်ဒီယာနာပလစ်) မှ တနှစ်လုံးမိုးရွာတယ်။ တနှစ်မှာ ၄ဝ့၇၉ လက္မရှိတယ်။ မိုးမရွာတဲ့လမရှိပါ။ မေလမှာ (၅့၂၇ လက္မ) အများဆုံး။ ဖေဖေါ်ဝါရီမှာ (၂့၁၃ လက္မ) အနည်းဆုံးရွာတယ်။ ဇွန်လ (၄့၃၉)၊ ဇူလိုင်လ (၄့၂၆)၊ ဧပြီလ (၃့၉ဝ)၊ နိုဝင်္ဘာ (၃့၇ဝ)၊ မတ်လ (၃့၃ဝ)၊ သြဂုတ် (၃့၁၉)၊ အောက်တိုဘာ (၃့၁၁)၊ ဒီဇင်္ဘာ (၃့ဝ၈)၊ စက်တင်္ဘာ (၂့၂၅)၊ ဇန္နဝါရီလ (၂့၂၁)။ Basic Cloud Types တိမ်အမျိုးပေါင်း (၁ဝ) ခုခွဲထားတယ်။ (က) High Clouds အမြင့်စားတိမ်များ ၁။ Cirrus ၂။ Cirrostratus ၃။ Cirrocumulus (ခ) Mid Clouds အလယ်တန်းအမြင့်တိမ်များ ၄။ Altostratus ၅။ Altocumulus ၆။ Nimbostratus (ဂ) Low Clouds တိမ်နိမ့်များ ၇။ Cumulus ၈။ Stratus ၉။ Cumulonimbus ၁ဝ။ Stratocumulus ကနေ့မြင်ရတဲ့တိမ်က Nimbostratus ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်က မိုးလေဝသပညာမတတ်ပါ။ မီးခိုးမည်းရောင် ရှိတယ်။ မိုး ဒါမှမဟုတ် နှင်းနဲ့ရောထွေးနေတယ်။ နေရောင်ကိုကောင်းကောင်းဖုံးပိတ်ထားတယ်။ တိမ်အောက်ခြေမှာ မိုးနဲ့ဆက်နေတယ

Lupride Injection

Image
ဆရာရှင့်ကျွန်မ အသက် ၂၇ ပါ။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဗိုက်အရမ်းနာလို့ Ultrasoung ရိုက်ကြည့်တော့ Endometriosis ရောဂါဖြစ်နေပြီ။ 5 cm လောက်ရှိပါတယ်။ ခုဆေးသောက်တာမပျောက်လို့ Lupride ကို တလတစ်လုံး ၄ လဆက်တိုက်ထိုးရမှာပါဆရာ။ ကျွန်မသိချင်တာက Lupride ဆေးအကြောင်းလေးသိချင်လို့ပါ ဆရာ။ ရောဂါသက်သာဖို့ထိုးရတာလားရှင့်။ ဘာအတွက်လုပ်ပေးတဲ့ဆေးလဲသိချင်လို့ပါဆရာရှင့်။ လေးစားစွာဖြင့် အဝေးမှ ဆရာ၏လူနာရှင် တစ်ဦး။ ဆေးနာမည်ရင်းက Leuprolide Acetate ဖြစ်တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ Endometriosis သားအိမ်ရောဂါတမျိုး အတွက် ထိုးပေးတယ်။ အဲဒီရောဂါဖြစ်ရင် သားအိမ်တစ်ရှူးတွေက မျိုးဥအိမ်၊ သားအိမ်ပြွန်လို သားအိမ်ပြင်ပနေရာတွေ ရောက်နေမယ်။ ဆေးပေးရင် နာတာသက်သာစေမယ်။ တာရှည်မပေးသင့်ပါ။ ဥပမာ တလ တကြိမ် ၆ လအထိသာ။ ဆေးမထိုးရတဲ့လမှာ ရာသီတွေအများကြီးဆင်းမယ်။ ရောဂါတူပေမယ့် လူတိုင်းနဲ့တော့ အဆင်မပြေပါ။ Gonadotropin-releasing hormone (GnRH) agonists အမျိုးအစားအုပ်စုဝင်ဖြစ်တယ်။ အဲဒီဟော်မုန်းက အမျိုးသမီး မျိုဥထွက်စေတဲ့ Gonadotrophin hormones ကိုတားဆီးတယ်။ ယောက်ျားတွေမှာ သုက်ပိုးထုတ်လုပ်ပေးတယ်။ androgen နဲ့ estrogen ဟေ

10 Extremely Flammable Household Items

Image
မီးလောင်လွယ်တဲ့အိမ်အသုံးအဆောင်များ သတိထား 1. Non-dairy creamer ကော်ဖီ-လက်ဖက်ရည်ဖျော်တဲ့ နို့မပါနိုမှုံ့ = Sodium Alumionsilicate - AlNa12SiO5 2. Deodorant အနံ့ပျောက်ဆေး = Isopropyl Alcohol - C3H8O 3. Orange လိမ္မော်ခွံ = Limonene - C10H16 4. Hair Mousse ဆံပင်ပုံသွင်းဆေး = Isobutane - C4H10 + Propane - C3H8 5. Chili and Most Dry Power foods ငရုပ်သီးခြောက်မှုံ့ = Very Large surface area of All Sides 6. Nail polish လက်သည်းဆိုးဆေး = Isopropyle Alcohol - C3H8O + Ethyl Acetate - CH3-COO-CH2-CH3 + Butyle Acetate - C6H1O2 7. Hair Spray ဆံပင်စပရေး = Isopropyl Alcohol - C3H8O 8. Flour ဂျုံမှုံ့ = Very Large Surface Area of all Sides 9. Pool Chlorine + Brake Fluid ကလိုရင်းမှုံ့ (ချွတ်ဆေး) + ဘရိတ်ဆီ = Calcium Hypochlorite - Ca(ClO)2 10. Hand Sanitizer လက်ဆေးရည် = Ethyl Alcohol - C2H6O + Isopropyl Alcohol - C3H8O ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၆ https://www.youtube.com/watch?v=RST2SW0MDCU

Hair dye reactions ဆံပင်ဆိုးဆေး သတိပေး

Image
ဆံပင်ဆိုးဆေးကနေ ဆက်ဖြစ်တာကို မေးလာသူတွေရော မျက်စိအောက်တင်မြင်ရတာတွေရော မနည်းမနောရှိတယ်။ ဆံပင်ဆိုးဆေးနဲ့မတည့်တာကို Hair dye allergy လို့လည်းခေါ်တယ်။ သာမန်အားဖြင့်ကို လူတွေဟာ ဆံပင်ဆိုးဆေးနဲ့ အတော်မတည့်ကြပါ။ မတည့်တာသုံးမိရင် Contact dermatitis အရေပြားနာဖြစ်မယ်။ အရပြားမှာ မတည့်တာနဲ့ တွေ့ထိတိုင်း ရောင်ရမ်းမယ်၊ နီမယ်၊ ယားမယ်၊ အနာလိုလည်းဖြစ်မယ်။ အနေရခက်မယ်။ အရောင်ဖြစ်စေတဲ့ ဆိုးဆေးတွေထဲမှာ paraphenylenediamine (PPD) ဓါတ်ပါတယ်။ အဲတာကို မတည့်ကြတာများတယ်။ ဆိုးဆေး သုံးနည်းကို စနစ်တကျညွှန်ကြားစာအတိုင်းသုံးရင်တော့ စိတ်ချရပါတယ်။ black henna tattoo တက်တူးနဲ့ မတည့်သူဆိုရင် ဒါကိုလည်းမတည့်ပါ။ ဆိုးဆေးမသုံးခင် Patch test စမ်းသပ်နည်းလုပ်ရမယ်။ တံဆိပ်တူသုံးရင်တောင်မှ စမ်းပြီးမှသာ သုံးသင့်တယ်။ ဆေးကို နားရွက်နောက်နားဖြစ်ဖြစ် လက်ဖျံမှာဖြစ်ဖြစ် တစက်တို့ထားပါ။ ခြောက်သွေ့စေပါ။ စောင့်ကြည့်ပါ။ နေမထိထိုင်မသာ ဖြစ်မယ်။ ယာယံမယ်၊ နီရဲလာမယ်ဆိုရင် အဲဒီဆေးနဲ့ မတည့်ပါ။ တည့်လို့သုံးရင်လည်း ခေါင်းလျှော်ရမယ့်အချိန်မှာ လျှော်ပါ။ လက်အိတ်သုံးပါ။ Mild irritation မတည့်ရင် တချို့မှာ ဓါတ်တုန့်ပြန်မှု အသင့်အတင့်သာခံရတယ်။ ဦးရေခွံ၊ နဖ

Niti Literature နီတိကျမ်း

Image
ကျွန်တော် လောကနီတိနဲ့ ငြင်းခုန်ခြင်း၊ ၁၊ ၂ ၃ ကိုရေးဖြစ်ပါတယ်။ ဆရာတက်တိုးရဲ့ လောကနီတိစာအုပ်လေးကို ဖတ်ရင်းရေးတာပါ။ လောကနီတိဆိုတာ ဗုဒ္ဓဘုရားဟော မဟုတ်ပါ။ သက္ကရာဇ် ၇ဝ၄ ခုနှစ် သီဟသူမင်းလက်ထက်က အမတ်ပညာရှိ (စတုရင်္ဂဗလ) ကနေ ပါဠိလိုစရေးခဲ့တယ်။ အမတ်ကြီးဟာ သဒ္ဒါကျမ်း၊ ကဗျာလင်္ကာ၊ ဓမ္မသတ်ကျမ်းနဲ့ စစ်မှုရေးရာ၊ အရည်အချင်းလေးမျိုးနဲ့ ပြည့်စုံတယ်လို့သိရပါတယ်။ နီတိဆိုတာ ပါဠိစာလုံးပါ။ မြန်မာလို လမ်းညွှန်လို့အဓိပ္ပါယ်ရတယ်။ လောကနီတိဆိုတာ လောကအကြောင်းနဲ့ စပ်လျဉ်းပြီး ကြီးပွါးတိုးတက်ရေးလမ်းညွှန်ချက်တွေဖြစ်ပါတယ်။ လောကနီတိအပြင်၊ တကျွန်းနီတိ၊ ရာဇနီတိ၊ ဓမ္မနီတိ၊ မဟာရဟနီတိတွေ ရှိပါသေးတယ်။ ဘုရားဟောမဟုတ်ပေမယ့် ဘုရားဟောကျမ်းဂန်တွေထဲက ကိုးကားချက်တွေ ပါနေတယ်။ အိန္ဒိယမှာရှိတဲ့ ဟင်ဒူဘာသာရေးထဲက Nitisastra (နီတိဆက်စထရာ) ဆိုတာက သက္ကတ (သင်္သကရိုက်) ဘာသာနဲ့ပါ။ အင်္ဂလိပ်လို Ethics ဖြစ်တယ်။ မြန်မာလို ကျင့်ဝတ်၊ ကိုယ့်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာလို့ ဘာသာပြန်တယ်။ အဲတာက Bhagavad Gita (ဘဂဗဒ် ဂီတ) ထဲက Virtue နဲ့လည်းဆင်တယ်လို့ဆိုပါတယ်။ အမှန်နဲ့ အမှားကို ဆွေးနွေးထားပါတယ်။ Virtue ကို သုစရိုက်၊ သူတော်ကောင်းတရားလို့ ဘာသာပြန်ပါတယ်။ အဲတာကိုပဲ ဝိကီပီးဒ

Systemic Sclerosis စကယ်လယ်ရိုးဆစ်ရောဂါ

Image
• မင်္ဂလာပါရှင် ကျွန်မအသက်က ၃၆ နှစ်ပါရှင့်။ အိမ်ထောင်ရှိပါတယ်ရှင့်။ ဆရာဝန်နဲ့ ဒီနေ့ဆေးခန်းပြတော့ autoimmune ရောဂါဖြစ်နေတယ်လို့ပြောပါတယ် ရှင့် သွေးစစ်ထားတဲ့အဖြေတော့မရသေးဘူးရှင်။ သိချင်တာက ဒီရောဂါဖြစ်ရင် ဘယ်လို ဆေးသောက်ရမလဲ ဘာတွေရှောင်ရမလဲ။ အသက်ဘယ်လောက်ရှည်နိုင်မလဲ ဆိုတာကိုပါ။ ကျေးဇူးပြုပြီး စာကို မပယ်လိုက်ပါနှင့် - • အော်တိုအင်မြူးရောဂါတွေက အများကြီးရှိပါတယ်။ • ဟုတ်ကဲ့ပါဆရာ သွေးစစ်ချက်အဖြေရရင်ဆရာဆီပို့ပေးပြီး အကြံတောင်းလိုပါတယ်ရှင့်။ ကျွန်မပြတဲ့ ဆရာကတော့ ကံဆိုးသူမှဒီရောဂါဖြစ်တယ်လို့ပြောတယ်။ ခံစားရတဲ့လက္ခဏကတော့ ခြေဆစ်လက်ဆစ် ကိုက်တယ်။ လည်ပင်းအောက်ကအရေပြားတွေကြမ်းလာတယ်။ ရေချိုးရင် ခြေထိပ်လက်ထိပ်တွေ ပြာလာပါတယ်ရှင့်။ ဖြေပေးတဲ့အတွက်ကျေးဇူးပါ။ အဲဒီရောဂါအကြောင်းနဲ့ပတ်သက်ပြီးဆရာရေးထားတဲ့ block တခါဖတ်ဘူးသလို့မို့ မနေ့ညတညလုံးလိုက်ရှာတာ မတွေ့ပါဘူးရှင့် ကျေးဇူးတင်ပါရှင့် ဖြေပေးတဲ့အတွက် • ဆောရီး။ Blog လို့ရေးရတယ်။ • ကျေးဇူးပါဆရာ။ ကျန်းကျန်းမာမာနဲ့ ဆေးပညာဖြင့် အများအတွက် အသက်ကယ်နိုင်ပါစေ။ ဆရာဝန်က  Systemic sclerosis ရောဂါလို့ပြောပါတယ်။ ကမ္ဘာပျက်သလိုခံစားရတယ်။ ဒီရောဂါက ပျောက်အောင် ကုသလို့ရပါသလား။ S

Loka Niti (1) လောကနီတိနှင့် ငြင်းခုန်ခြင်း (၁)

Image
လောကနီတိ (၇၈) • လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။ • လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လိုခြင်တပ်မက်မှုကို အားပေးရာကျ၏။ • မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် ယူရာ၏။ • မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် အာဏာမှာ ကြာရှည်ယစ်မူးစေ၏။ • သူမိုက်ကို အလိုသို့လိုက်သဖြင့် ယူရာ၏။ • သူမိုက်ကို အလိုသို့မလိုက်ခြင်းဖြင့် ဆက်မမိုက်နိုင်တော့အောင် လုပ်ဆောင်ရာကျ၏။ • ပညာရှိကို အဟုတ်အမှန်ကို ပြောဆိုခြင်းဖြင့် ယူရာ၏။ • ပညာရှိစွာမဲပေးခြင်းဖြင့် တိုင်းပြည်ပါ ပညာရှိရာကျခဲ့လိုက်ကြ၏။ ဒေါက်တာတင့်ဆွေ

Internal matter ဖြုတ်-ထုတ်-ထွက်

Image
တခြားနိုင်ငံရေးပါတီတွေက ဖြုတ်-ထုတ် အမိန့်တွေ ကြားသိနေရတယ်။ ရခိုင်ပါတီပြီးတော့ ပြည်ခိုင်ဖြိုးပါတီ။ (၈၈၈၈)  သတင်းကတော့ တမျိုးပါ။ ဘယ်အသင်းအဖွဲ့မှာ ဖြစ်နေနေ သဘောကျစရာမကောင်းလှပါ။ ဦးနေဝင်းရဲ့ (မဆလ) ပါတီတွင်းမှာလည်း အကြီးအကျယ်ဖြစ်ခဲ့တယ်။ NLD ထဲမှာလည်း ဒေါ်စုနေအိမ်အကျယ်ချုပ်ဘဝမှာ ထိပ်ဆုံးခေါင်းဆောင်နှစ်ဦးကို ပါတီကနေထုတ်တဲ့စာထွက်ခဲ့တယ်။ ကျွန်တော်တို့လို ပြည်ပထွက်တဲ့အမတ်တွေကိုလည်း ပါတီကထုတ်တယ်ထင်တယ်။ သေချာတော့မသိပါ။ ကိုယ့်ကိုယ်ကိုတော့ ထုတ်ခံရတယ်မထင်ပါ။ (မဆလ) မှာဖြစ်ခဲ့တာ၊ NLD မှာဖြစ်ခဲ့တာတွေနဲ့ အခုဖြစ်နေတာတွေက မတူပါ။ NLD ပါတီထဲမှာ တိုင်တဲ့သူကိုရော အတိုင်ခံရသူကိုပါ ကျွန်တော်က ကောင်းကောင်းရင်းနှီးလို့ ကြိုးစားပြီးထိန်းပါတယ်။ နောက်ဆုံးအခြေအနေကတော့ တိုင်သူက လူပုဂ္ဂိုလ်ကို မရည်ရွယ်ပါ။ ပါတီကောင်းစေချင်လို့ပါလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် (ဖြုတ်-ထုတ်-သတ်) ခေတ်နဲ့ (ဖြုတ်-ထုတ်-မပြုတ်) ခေတ်ကနေ (ဖြုတ်-ထုတ်-ထွက်) ခေတ်တော့ ရောက်လာပါပြီ။ ဒေါက်တာတင့်ဆွေ ၂၅-၄-၂ဝ၁၆

The Health Risks of Shift Work အလုပ်ချိန်နဲ့ ကျန်းမာရေး

Image
ကျမအမျိုးသားက အသက်၎ဝ ရှိပါပြီ။့ မှာနေပါတယ်။ ကျမနဲ့ အိမ်ထောင်မကျခင်ကတည်းက night duty ဆင်းတာ အခုထိဆိုရင် ၁၂ နှစ်ရှိပါပြီ။ အမျိုးသားမှာ ဘာရောဂါမှတော့ မရှိပါဘူး။ ဒါပေမယ့် အွန်လိုင်း မှာ ရေရှည် ညပိုင်း အလုပ်လုပ်ခြင်းရဲ့ ဆိုးကျိုးကိုဖတ်မိပြီး အမျိုးသားအတွက် စိတ်ပူမိလို့ပါဆရာ။ အိပ်ရေးဝဝအိပ် တဲ့အပြင် လိုအပ်ရင် အားဆေးသုံးစွဲသင့်မသင့် ဆရာ့ကိုမေးချင်တာပါ။ အလုပ်က ခါတိုင်း ၈ နာရီ ကနေ ၁၂နာရီ အထိတိုးပြီး တပတ် ၅ ရက် ခိုင်းတဲ့အတွက် ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးစေချင်ပါတယ်ဆရာ။ အမေရိကားမှာ လူပေါင်း ၈့၆ သန်းဟာ အလုပ်ချိန်ပြောင်းစနစ်အရအလုပ်လုပ်နေကြတယ်။ ညလုပ်ချိန်ကျတဲ့အခါ ကျတယ်။ အလုပ်သက်တမ်းသဘောအရ အဲလိုလုပ်ဘို့လည်းလိုတယ်။ အဲလိုလုပ်ရလို့ ကျန်းမာရေးကို သက်ရောက်မှုအတွက် စိုးရိမ်စရာတွေကိုလည်း ပိုပြီးနားလည်လာရပါတယ်။ စိုးရိမ်သင့်တဲ့ရောဂါတွေကတော့ နှလုံး-သွေးကြောရောဂါ၊ ဆီးချိုနဲ့ အဝလွန်ရောဂါတွေဖြစ်တယ်။ ဒါတွေအပြင် လေနာ၊ သွေးတိုး၊ စိတ်ဓါတ်ကျရောဂါနဲ့ မတော်တဆ ထိခိုက်မှုတွေလည်း ပါတယ်။ သာမန်ဖြစ်နိုင်တာတွေကတော့ ဝမ်းမမှန်၊ အိပ်ရေးခက်တာ၊ လူနေမှုဘဝအားနည်းတာ၊ နေမကောင်းသလိုခံစားရတာေ