Posts
Showing posts from June, 2016
Prayer ဘုရားရှိခိုး
Image
မြန်မာစာအကြောင်းရေးတိုင်း ကိုယ့်အမြင်ကိုယ့်အသိနဲ့ ဝင်ဆွေးနွေးကြတယ်။ ဆွေးနွေးတာတော့ ကောင်းပါတယ်။ ခိုင်မာတဲ့အထောက်အထားတော့ ပေးကြစေချင်တယ်။ ကိုယ့်ဖါသာတွေးယူတာမျိုးနဲ့တော့ မသင့်ပါ။ ကျွန်တော်ကတော့ ကိုယ်ပိုင်မဟုတ်တဲ့ ခိုင်မာတာတွေကိုသာ ထောက်ပြပါတယ်။ နမူနာ (၁) အနန္တသူရိယ အမျက်ဖြေလင်္ကာမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ဖြစ်ပါတယ်။ မှတ်ချက် = တစ်တွေမဟုတ်ပါ။ နမူနာ (၂) ကန်တော်မင်းကျောင်းဆရာတော် ရေးသားစီရင်တဲ့ လောကသာရပျို့မှာ ကြွက်သေတခုအရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို၊ သူ့ထက်လွန်ကဲ ကြိုးစေမင်း။ မှတ်ချက် = ကြွက်သေတစ်ခု မဟုတ်ပါ။ နမူနာ (၃) မင်းတုန်းမင်းလက်ထက်ကနေ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်ကထုတ်သမျှ ဗမာနဲ့ မြန်မာငွေပိုက်ဆံတွေမှာ တကျပ်၊ ကျပ်တဆယ်၊ ကျပ်တရာလို့သာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။ မှတ်ချက် = ၁၈၇၂-၁၉၈၇ ကာလထုတ်ကနေစပြီး မြန်မာငွေပိုက်ဆံတွေမှာ တစ်ဆယ်နဲ့ တစ်ရာလုပ်လာတာ ဖြစ်ပါတယ်။ နမူနာ (၄) မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်းမှာ တသွေးတသား တမိဘ၊ ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော၊ တမျိုးဘာသာ တစိတ်တဒေသ၏၊ တသွေးတသ
Bloodstained July အစွန်းရောက်များ၏ ဇူလိုင်လ
Image
• ၁၉၄၇ ဇူလိုင် (၁၉) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်များ လုပ်ကြံသတ်ဖြတ်ခြင်းခံကြရ၊ လုပ်ကြံသူများ = ဦးစောနှင့် အပေါင်းပါများ (အာဏာအတွက်အစွန်းရောက်ခြင်း) • ၁၉၆၂ ဇူလိုင် (၇) ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ပဌမဆုံးသတ်ဖြတ်၊ သတ်ဖြတ်သူများ = တော်လှန်ရေးကောင်စီ (အာဏာအတွက်အစွန်းရောက်ခြင်း) • ၁၉၆၂ ဇူလိုင် (၈) ရက်နေ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖေါက်ခွဲဖျက်ဆီး၊ ဖေါက်ခွဲဖျက်ဆီးသူ = တော်လှန်ရေးကောင်စီ (အာဏာအတွက်အစွန်းရောက်ခြင်း) • ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ ဗုံးတွေပေါက်ကွဲ၊ ဖေါက်ခွဲသူ = မွတ်ဆလင်အစွန်းရောက်များ (ဘာသာရေးအတွက်အစွန်းရောက်ခြင်း) ဒေါက်တာတင့်ဆွေ ၅-၇-၂ဝ၁၅
Red Tape ဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်အရ
Image
Myananthida Mya ဆရာ ခုထိ တနဲ့တစ်ကိုရှင်းပြနေရတုံးလား Ko Naing Htun Maung ဆရာလဲ မမောနိုင်မပန်းနိုင်၊ ဆေးစာတွေနဲ့ နဘမ်းလုံးရလို့မနိုင်ရတဲ့ကြားထဲ (တ) နဲ့ (တစ်) တိုက်ပွဲကို မမေ့မလျော့ ထထတိုက်လိုက်သေးတယ်။ Smile Tint Swe အနန္တသူရိယရေးခဲ့တာ၊ လယ်တီဆရာတော်ကြီးရေးခဲ့တာ၊ မဟာစည်ဆရာတော်ကြီးဟောကြားခဲ့တာ၊ မိုးကုပ် ဆရာတော်ကြီး ဟောကြားခဲ့တာ၊ မြန်မာ့စွယ်စုံကျမ်းမှာရေးထားခဲ့တာ၊ သိပ္ပံမောင်ဝရေးခဲ့တာ၊ လူထုဦးလှရေးခဲ့တာ၊ လှသမိန်ရေးခဲ့တာ၊ မင်းသုဝဏ်ရေးခဲ့တာ၊ စတာတွေကို (မဆလ) ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်အရ (တ) ကနေ (တစ်) လို့ ပြင်ပါကြောင်း ထပ်လောင်းခါခါ သက်သေတွေ ပြနေပေမယ့် တချို့က လျှာမှာ၊ တချို့က လည်ပင်းမှာ တစ်နေကြတုန်း။ တချို့ကတော့ မျိုချလိုက်ကြပြီ။ အစာတောင် ကြေနေကြပြီ။ လျှာမှာ တစ်တာလောက်တော့ ကုသလို့ရမလားလို့။ Smile! ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၆ ပုံ = ပဌမအကြိမ်ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း၊ စာမျက်နှာ (က) အမှာစာ
July Pledge ဇူလိုင်သန္နိဋ္ဌာန်
Image
(၂ဝ၁၄ ကရေးခဲ့တဲ့စာ) • လွမ်းသူ့ပန်း၊ တမ်းသူ့ပန်း၊  • ပန်းနဲ့ထိုက်တဲ့၊ ဦးခိုက်ရမည့်သူတွေကိုမှန်း၊ • အာဇာနည်ဗိမ္မာန်ကို စိတ်အသန်နဲ့ အဓိဋ္ဌာန်ပြု၊ • ဗိုလ်ချုပ်တို့က ကိုလိုနီကိုရန်ပြု၊ ကျွန်တော်တို့က အာဏာရှင်ကိုအန်တု၊ • တခါတလေမှာ ပန်းခြင်း၊ တခါတလေမှာ ပန်းခွေ၊ • တခါတလေ ကလေးတွေ၊ တခါတလေ အမျှဝေ၊ • ရွှေတောင်ကြီးပြို၊ မျက်ရည်ယို အငိုအရှိုက်၊ • အမှောက်တိုက်၊ ခေါင်ခိုက်အောက်မိုက်တဲ့လူတသိုက်၊   • အခုလဲ မိုက်တဲ့သူတွေ ခေါင်ပေါ်တက်မိုက်နေ၊ • ဗိုလ်ချုပ်ကို တိုင်တည်ချင်ပေ၊ အမိုက်တွေမှန်သမျှ ကျဆုံးပါစေ။     ။ ဒေါက်တာတင့်ဆွေ ၁၉-၇-၂ဝ၁၄
The Little Conspirator ပုန်ကန်သူလေး
Image
ယူရို-၂ဝ၁၆ ကွာတားဖိုင်နယ်ပွဲ ပိုလန်နဲ့ ပေါ်တူကီကန်နေကြတယ်။ ပိုလန်က တဂိုးစသွင်းထားတယ်။ ပဌမပိုင်းအပြီးမှာ တဂိုးစီ။ ပိုလန်ကို အားပေးချင်နေတယ်။ အကြောင်းရှိပါတယ်။  ဝါဆောကို နှစ်ခေါက်ရောက်ဖူးလို့ ဘက်လိုက်ချင်တာပါ။ နောက်ပြီး ပေါ်တူကီတွေ သန်လျင်မှာအခြေစိုက်ပြီး မြန်မာ့အချုပ်အခြာကို ထိပါးခဲ့ဘူးတာကတချက်နဲ့ ကျွန်တော် ပိုလန်ကို ပဌမအကြိမ်ရောက်စဉ်က စာအုပ်လေးတအုပ်ရလာတာကို ဒီမိုကရေစီရေးအတွက် အသုံးချနိုင်ခဲ့တဲ့အချက်တွေကြောင့် ပိုလန်ဖက်ကို လိုက်တာပါ။ ပိုလန်ကနေ ကျွန်တော်ယူလာတဲ့စာအုပ်ကို မြန်မာဘာသာပြန်ပြီးပုံနှိပ်ပြီး၊ မြန်မာပြည်ထဲကို လျို့ဝှက်နည်းတွေနဲ့ သွင်းခဲ့ပါတယ်။ စာအုပ်အမည်က ပုန်ကန်သူလေး။ အဲဒီစာအုပ်လေးဟာ တနှစ်လေးကြိမ်ထုတ်ဝေတဲ့ နယူး ဘရန်စ်ဝစ်ခ် ယူနီဘာစီတီရဲ့ ၁၉၈၆ ခုနှစ် မိုးဦးကျ ဝိရောဓိစာစောင်ထဲက The Little Conspirator ကို မြန်မာလိုဘာသာပြန်ဆိုထာပါ။ အဲဒီဆောင်းပါးကလည်း ရိုမန်၊ အမ်၊ ဘော်ရေကိုးနဲ့ အင်ဒရီရာဒေါ်တို့က မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာပါ။ ဘာသာပြန်အမှာမှာ ဒီလိုရေးခဲ့ပါတယ်။ အကြမ်းမဖက်ဒီမိုကရေစီအရေးကြိုးပမ်းနေကြကုန်သော မြန်မာပြည်သူလူထုအတွက် အထောက်အကူပြုမည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိ
Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း
Image
၁။ မင်္ဂလာပါဆရာ။ ဖဖေက အသက် ၅၆နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကတည်းက နှာခေါင်းက အနံ့မရပါဘူး။ ဆေးခန်းပြတော့ နှာခေါင်းထဲမှာ အသားပို ဖြစ်နေတာလို့ပြောပါတယ်။ တခါတလေနှာပိတ် နှာရည်ယို ခေါင်းမူး ဖြစ်ပါတယ် အနံ့ကတော့ လုံးဝမရပါဘူး။ အသားပိုကိုခွဲသင့်လား ခွဲရင် ဘေးထွက်ဆိုးကျိုးဘာတွေဖြစ်နိုင်မလဲ။ မခွဲဘဲထားရင် အန္တရာယ်ရှိနိုင်လားသိချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။ ၂။ ကျွန်တော့်အသက် ၃ဝ ပါဆရာ။ အိမ်ထောင်မရှိပါ။ ကျွန်တော့်နှာခေါင်းအတွင်းမှာ အသားပို (အနီရောင် အသားတုံး)  ဘယ်ဖက်နှာခေါင်းမှာထွက်နေတာ နှာခေါင်းပေါက် ပိတ်လုနီးနီး ဖြစ်နေပါပြီဆရာ။ ကျွန်တော်သတိထားမိတာ (စဖြစ်တဲ့အချိန် အသားစသေးသေးလေး) လွန်ခဲ့တဲ့  ၃ နှစ်လောက်တုန်းကပါဆရာ။ အသားတုံးရှိတဲ့နေရာက နှာနုရဲ့ အဆုံး နှာခေါင်းရိုး အတွင်းဖက်မှာပါဆရာ။ ဒီအတိုင်းနေနေရင်တော့ မနာမကိုက်ပါဘူး။ နှာခေါင်းပေါက်ထဲ ထိုးကြည့် ထိကြည့်ရင်လဲ သိပ်မနာပါဘူးဆရာ။ ထိမှန်းသိရုံကလေးနာပါတယ်။ ဆရာ့ဘလော့ခ်ထဲမှာ အဲ့ဒီအကြောင်း (နှာခေါင်း ကင်ဆာ ဒါမှမဟုတ် ရောဂါတခုခု) အကြောင်းရေးထားတာ မတွေ့မိပါဘူးဆရာ။ ကျွန်တော်ရှာတာလဲ မနှံ့သေးတာပါ။ နှာခေါင်းအတွင်းကို ဖုံးထားတဲ့အလွှာကနေဖြစ်ဖြစ် နှာခေ
Water Buffalo ဤလား ကျွဲလား
Image
မြန်မာစာအရေးအသားမှာ (တ) အစား (တစ်) လို့သာရေးလာကြရတဲ့ သမိုင်းအထောက်အထားကို နိုင်ငံရေးလုပ်ဘက် မိတ်ဆွေတဦးဆီက အခုပဲရပါတယ်။ ကျေးဇူးတင်တယ် ကိုရန်။ မြန်မာစာအဖွဲ့ကနေ မှတ်တမ်းတင်ထားခဲ့တာပါ။ တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင့်း့ ၁၇။ မြန်မာစာလုံးပေါင်းများ ပြန်လည် စိစစ်မွမ်းမံရာတွင် တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရေးကိစ္စကိုလည်း တစ်ပါတည်း ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ၁၈။ တစ်ဂဏန်းကိန်းပါပုဒ်များဖြစ်ပါလျက် တစ်တွင် စ မသတ်ဘဲ အလွယ်ရေးသားနေကြခြင်းနှင့်စပ်လျဉ်း၍ ရေးတော့အမှန် ဖတ်တော့အသံဟူသော စည်းမျဉ်းဥပဒေအတိုင်း စည်းကမ်းရှိရှိ လိုက်နာရေးသားသင့်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက ၁၉၈၁ - ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း မြန်မာစာအဖွဲ့ လုပ်ငန်းဆိုင်ရာကိစ္စများ ဆွေးနွေးရာတွင် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။ ၁၉။ မျက်မှောက်ခေတ် သတင်းစာ၊ စာအုပ်စာတမ်းများနှင့် ကျောင်းသုံးစာအုပ်များတွင် တစ်သင်္ချာကိန်းပါ ပုဒ်များကို တစ်ခု၊ တစ်ယောက် စသည်ဖြင့် စသတ်၍လည်းကောင်း၊ တခု၊ တယောက် စသည်ဖြင့် စသတ်ဘဲလည်းကောင်း မညီမညွတ် ရေးသားလျက်ရှိပါသည်။ ထိုသို့မညီမညွတ်ဖြစ်နေခြင်းကို ပါတီဥက္ကဋ္ဌကြီး၏ လမ်းညွှန
လူကြမ်းသတ်ပုံ ကပြားသတ်ပုံ
Image
Mg Hanthar မှန်ပါတယ်ဆရာ့ ဆရာပြောသလို တခု တယောက် နေရာမှာ တစ်ခု တစ်ယောက် ဖြစ်လာသလို ယခင်က အကို အမ နေရာမှာလည်း အစ်ကို အစ်မ ဆိုပြီးရေးကြပါတယ်။့ Dr. Tint Swe ကျွန်တော်တို့ခေတ်က ရုပ်ရှင်ထဲမှာ ဇာတ်လိုက်မင်းသား မင်းသမီးရဲ့ သူငယ်ချင်းတို့ အိမ်စေတို့ ဒရိုင်ဘာတို့ နေရာမှာ ကုလားကပြားတွေက သရုပ်ဆောင်ရတယ်။ သူတို့ စကားပြောရင် အစ်ကို အစ်မ လို့အသံထွက်တယ်။ အပြင်မှာ အဲလိုသံထွက်ရင် ကုလားလို့ အပြောခံရတယ်။ စာကိုအဲလိုရေးရင်တော့ ပြောမနေနဲ့။ မျက်စိထဲမှာ မန္တလေးရုပ်ရှင်က ရိုက်ရင်ပါလေ့ရှိတဲ့ ကုလားခင်မောင်လေးကိုပဲ မြင်မြင်နေတယ်။ သူလုပ်ရတာက လူကြမ်း။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၆
Schoolgirl ကျောင်းသူသတ်ပုံ
Image
၁၉၇၁ ခုနှစ်ထုတ်၊ ဖူးငုံသစ်စ ကဗျာများ၊ အမှတ် (၃) အစိုးရ အမျိုးသမီးအထက်တန်းကျောင်း၊ တောင်ကြီးမြို့ အေးမေးမွန် (တလိုင်း) ပြည်ထောင်စုနေ့သို့ကဗျာ • ချယ်ရီပွင့်လန်း၊ မောတို့သျှန်းက၊ • မိနန်းကလေးမှာလိုက်တယ်။ • မောတို့ပျော်ရာ၊ • တောင်သာယာကို။. • တခါတခေါက်၊ အလည်ရောက်အောင်လာခဲ့ကွယ်။ ဒို့တာဝန် သမီးဇံ (ရာမည - မော) • ကျောင်းသူကျောင်းသား၊ • ဒို့အများ၊ • ကြိုးစားမြတ်ပညာ၊ • တနေ့သင်ရ။ • ပညာလှ၊ • ကျက်ပါ့နေ့မကွာ၊ • သိပ္ပံ ဝိဇ္ဇာ၊ • ကိုယ်သန်ရာ၊ • လေ့လာဆည်းပူးပါ။။ • ကျောင်းမှန်မှန်တက်၊ • စာမခက်၊ • တသက်မှတ်ကြပါ။ မှတ်ချက် - (တစ်ခါတစ်ခေါက်) မဟုတ်ပါ။ (တစ်နေ့သင်ရ) မဟုတ်ပါ။ (တစ်သက်မှတ်ကြပါ) မဟုတ်ပါ။ ကဗျာရေးတဲ့ ကျောင်းသူတွေဟာ ကလောင်နာမည်တွေအရ တိုင်းရင်းသူလေးတွေဖြစ်ကြတယ်။ ရွှေဗမာတွေ၊ ရွှေဆရာတွေ၊ ရွှေဆရာကြီးတွေ၊ ရွှေစာရေးဆရာတွေ၊ ရွှေကဗျာဆရာတွေ။ ရွှေအယ်ဒီတာတွေ။ ရွှေ့ တွေ သိကြစေချင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၆ Photos from Aye Aye Mon
Brexit ဘရစ်ဇစ်
Image
By ဒီဗွီဘီ 28 June 2016  Print   အီးယူထဲကနေ ဗြိတိန်ခွဲထွက်မှာအတွက် အသစ်ပေါ်လာတဲ့ မီဒီယာအသုံးက Brexit (ဘရစ်ဇစ်) တဲ့။ Euroskeptics (ယူရိုစကက်ပတစ်) အသုံးသစ်လည်း ပေါ်လာတယ်။ အဲဒါကို ကွန်ပျူတာကနေ အနီရောင်လိုင်းပြထားတယ်။ စာလုံးပေါင်း မမှန်ဘူးတဲ့။ မဲအကုန်ရေတွက်မပြီးခင်မှာ ပေါင်ငွေတန်ဖိုး ၉-၁ဝ ရာခိုင်နှုန်း ကျတယ်။ စတော့ရှယ်ယာတွေ ထိုးကျတယ်။ နေမြဲနဲ့ ခွဲရေး ကမ်ပိန်းမှာ အရေးပါတဲ့ နှစ်ဘက်လုံးက အကြောင်းပြချက်တွေ မနည်းမနော ရှိခဲ့ပါတယ်။ စီးပွားရေး၊ နိုင်ငံခြားသား လက်ခံရေး စတာတွေ ပါတယ်။ ခွဲထွက်ရေးသမားတွေက (အီမိုရှင်း) များတယ်တဲ့။ (အင်မီဂရေးရှင်း) ကို ရှေ့တန်းတင်တယ်တဲ့။ နေမြဲဘက်က ထောက်ပြတာက ဗြိတိန်အချုပ်အခြာပါ ထိပါးလာနိုင်တယ်တဲ့။ ကွန်ဆာဗေးတစ်ပညာရှင်အသိနဲ့ ပြောတာပါ။ နောက်အကြောင်းပြချက်တခုကတော့ အီးယူဟာ စည်းမျဉ်းသစ်တွေနဲ့ ဗြိတိန်ကို လည်ပင်းညှစ်နေတယ်တဲ့။ တချို့ (ရယ်ဂူလေးရှင်း) တွေက အသေးအဖွဲလေးတွေတဲ့။ သုံးပြီးသား (တီးဘက်) ကို (ရီဆိုက်ကယ်လ်) လုပ်ရေးစည်းမျဉ်း။ (ရယ်ဂူလေးရှင်း) သစ်တွေကြောင့် ဗြိတိန်မှာ ပေါင် သန်း ၆ဝဝ အပတ်စဉ် နစ်နာရတယ်တဲ့။ နောက်တချက် (ကော်ပိုရိတ်) အကျိုးစီးပွားတွေ ဗုံးခိုကျင်းထဲ ဝင်အောင်း
မဟာစည်ဆရာတော် သတ်ပုံစစ်ခြင်း
Image
(တ) ကို (တစ်) လုပ်ထားတဲ သတ်ပုံအလွဲတွေကို ရေးနေတာများလှပြီ။ မူရင်းအမှန်ကိုသိရလို့ ပြင်လာသူတွေအတွက် အားတက်ရတယ်။ ကျွန်တော်ကတော့ တယောက်ပြီးတယောက်ကို ကြိုးဝိုင်းပေါ် တင်ပေးနေပါတယ်။ မီဒီယာဖခင်တဦး လူထုဦးလှရေးခဲ့တာကို တမြန်နေ့ကတင်ပါတယ်။ မြန်မာစာလောကဆရာတဆူ လှသမိန်ရေးတာကိုလည်း မနေ့ကတင်ပါတယ်။ မြန်မာစာနဲ့ ကဗျာအရာမှာ ဆရာတဆူဖြစ်သူ မင်းသုဝဏ်ဘာသာပြန်တာကို အခုလေးတင် တင်ပါတယ်။ သည်တခါ ဘာသာရေး ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည် စာမျက်နှာ ၉၅ = တစ်စုံတစ်ခုသော ဝိပဿနာရှုနည်းကျမ်း၊ ဒုတိယတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားရေးသားစီရင်တော်မူသည် စာမျက်နှာ ၁ဝ၃ = တစုံတယောက်က မူရင်းမြန်မာစာ၊ မူရင်းကဗျာ၊ မူရင်းဘာသာပြန်တွေကို တမျိုးတမည်လုပ်တာသာမက ဝိပဿနာစာအုပ်မှာပါ ဝိဝါဒကွဲစရာတွေက အလွန့်အလွန်အရုပ်ဆိုးပါတယ်။ စာအုပ်တိုက်တွေ၊ အယ်ဒီတာတွေ၊ စာပြင်ဆရာတွေမှာ တာဝန်ရှိကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၆
Donation box ပံ့သကူပစ္စည်း
Image
သမိုင်းအချက်အလက်လေးတွေ ရေးတင်တိုင်း အငြင်းပွားစရာတွေ့တာချည်းပဲ။ ကျွန်တော်လိုလူကိုအသာထား အများလေးစာတဲ့ သမိုင်းပညာရှင်ကနေရေးတာကို သမိုင်းဒေါက်တာဘွဲ့ရ တယောက်ကနေ အစိုးရပိုင်သတင်းစာမှာ ငေါ့ရေးတယ်လို့ ကွန်မင့်ရေးပေးတာတွေ့မှာပါ။ သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားဆိုတာ ဘယ်သူတွေကနေ ဘယ်တုန်းကရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲကလဲ။ ဘယ်ရုပ်ရှင်ထဲကလဲ။ နိုင်ငံတိုင်းနဲ့ ခေတ်တိုင်းမှာ ပေါ်လစီသမိုင်းတွေရှိတယ်။ ဆေးပညာတောင်မှ ရှိတယ်။ နာဇီခေတ်မှာ ဂျာမန်မျိုးဗီဇသုတေသနတွေထွက်ခဲ့တယ်။ စစ်အေးခေတ်မှာ လက်ဝဲ-လက်ယာ သူတို့သာတာတွေချည်း ရေးတဲ့စာတွေ၊ စပ်တဲ့ကဗျာတွေ၊ ရိုက်တဲ့ရုပ်ရှင်တွေ ပလူပျံနေအောင်ထွက်ခဲ့တယ်။ ထိုင်း-မြန်မာစစ်ကို သူ့ဖက်ကတမျိုး ကိုယ့်ဖက်ကတမျိုး စာတွေ၊ ကဗျာတွေ၊ ရုပ်ရှင်တွေ ရှိတာမဆန်းပါ။ သူ့အလုပ် သူလုပ်ကြတာ။ ကျွန်တော်က သမိုင်းကိုလိုအပ်တယ်လို့ယူဆပြီး၊ လေ့လာနေပါတယ်။ ဆေးပညာလိုပါပဲ သိလိုသူဖတ်ဖို့ရာ ဘလော့နဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတယ်။ လူမှုရေးကွန်ယက်မှာတင်တာက သာလာယံဇရပ်နံရံမှာရေးရသလိုပဲ။ မကြိုက်တဲ့သူက အောက်ကနေ သူတို့ရေးချင်တာ ရေးခြစ်သွားကြတယ်။ မျက်စိအောက်တင် မျက်ဝါးထင်ထင်မြင်သိထားတာကို ပြန်ပြောလို့လည်း လက်မခ
Thai-Burma War ထိုင်း-မြန်မာစစ်ပွဲကြီး
Image
Thai-Burma War ထိုင်း-မြန်မာစစ်ပွဲကြီး ယိုးဒယားနဲ့ ထိုင်းလို့ခေါ်တဲ့ (စယမ်) နိုင်ငံနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ မြန်မာ့ကုန်းဘောင်မင်းဆက်နဲ့ ထိုင်း (ဘန်ဖလူလောင်) မင်းဆက်မှာ ဖြစ်ခဲ့တယ်။ စစ်ပွဲအဆုံးမှာ ရာစု (၄) ခုကြာရှည်ခဲ့တဲ့ (စယမ်) မင်းဆက် ပျက်သုဉ်းသွားတယ်။ ဒါပေမယ့် မြန်မာဘုရင်ဟာ တရုပ်ရဲ့ကျူးကျော်မှုကြောင့် ခက်ခက်ခဲခဲတိုက်ယူထားတဲ့နယ်မြေကနေ ဆုတ်ခွါခဲ့ရတယ်။ ထိုင်းမှာ ကနေ့အထိသက်တမ်းရှည်တဲ့မင်းဆက်ကို ၁၇၇ဝ ကနေစပြီး ထူထောင်လာနိုင်တယ်။ ဘုရင့်နောင်က ထိုင်းကို ၁၅၆၄-၆၉ မှာတိုက်ပြီးအနိုင်ယူခဲ့တယ်။ (စယမ်) နိုင်ငံနဲ့ မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ ၁၇၅၉-၁၇၆ဝ စစ်ပွဲအဆက်ဖြစ်တယ်။ တနင်္သာရီကိုထိန်းချုပ်ရေးနဲ့ ဟံသာဝတီမွန်တွေကနေ ဗမာဘုရင်ကို ပုန်ကန်ရာမှာ ယိုဒယားဖက်ကနေ ကူညီရာကနေဖြစ်တယ်။ မြန်မာစစ်သား မြောက်ပိုင်း ၂ သောင်းနဲ့ တောင်ပိုင်းက ၂ သောင်းစီပါတယ်။ ဗမာက အယုဒ္ဓယကိုသိမ်းယူတယ်။ တချိန်တည်းမှာ တရုပ်ကလာတိုက်လာတယ်။ (စယမ်) ဘုရင်က စစ်ပြေငြိမ်းလိုတယ်။ ဗမာဘုရင်က အပြတ်လက်နက်ချခိုင်းတယ်။ ၇-၄-၁၇၆၇ မှာ အယုဒ္ဓယမြို့တော်ကို ဖျက်ဆီးတယ်။ ဗမာဖက်ကရက်စက်တယ်။ ဗမာ့ပဏ္ဍာဆက် (လန်န) ခေါ် ဇင်းမယ်က (စယမ်) အကူအညီနဲ့ ဗမာဘုရင်ကိုပုန်ကန်တော့
Taste types အရသာအမျိုးမျိုး
Image
Jimmy Thi Ha ဖန်တာကြတော့ ဘယ်လိုခေါ်ပါသလဲ ဆရာ။ Dr. Tint Swe အင်္ဂလိပ်လိုရော ဆေးစာမှာပါ အရသာမှာ ဖန်တာမရှိပါ။ စပ်တာမရှိပါ။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မခေါ်တတ်ကြတာလား။ အရသာကို လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အဖုကလေးတွေကြောင့်သိရတယ်။ အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့နဲ့ အရသာထဲမှာ အရသာက အားအနည်းဆုံးဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ ဆေးဝါးသောက်တာ၊ ဗီတာမင်ချို့ယွင်းတာ၊ ဦးခေါင်းကိုထိခိုက်မိတာ၊ ဦးနှောက်အကျိတ်၊ ဓါတ်ကင်ခံရတာတွေကနေ အရသာနည်းတာ၊ မရတာဖြစ်စေနိုင်တယ်။ ကွမ်းစားတဲ့လူက ချဉ်တာမကြိုက်ကြပဲ၊ တော်တော့စပ်တာကို မမှုပါ။ အငန်နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းမတွေက ယောက်ျားတွေထက် အရသာသိတာ ပိုများတယ်။ တယောက်တည်မှာလည်း အသက်အရ အရသာခံတာပြောင်းတယ်။ သိပ်ငယ်စဉ်မှာ အရသာသိစေတဲ့ အဖုလေးတွက လျှာတခုထဲကနေမဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲရှိလို့ ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။ အ
Without Coffee ဆက်ပြီး ခက်နေတုန်း
Image
ယောက်ျားတယောက်နေ မိန်းမတယောက်အတွက်မေးတာနဲ့ မိန်းမတယောကက်နေ ယောက်ျားတယောက်အတွက် မေးတာတွေလာတိုင်း သိပ်အဆင်မပြေလှပါ။ လင်မယား၊ သမီးရည်းစားကတမျိုး။ သူများလင်ယောက်ျားဖြစ်နေတာကို တခြားမိန်းကလေးတယောက်ကမေးတာလည်း အဆင်မပြေလှပါ။ မေးတဲ့သူက သူ့ကိုယ်သူ ယောက်ျားလို့၊ မိန်းမလို့ မိတ်ဆက်တာရှိသလို ဖေ့စ်ဘွတ်နာမည်က ယောက်ျား-မိန်းမ မသိနိုင်တာရှိတယ်။ နာမည်ကို တမင်လွဲပြီး လုပ်ထားတာလည်းရှိတယ်။ • ချတ်ဘောက်စ်တခုကလာတဲ့မေးခွန်း ဆရာခင်ဗျား ဆရာကတော့ ကိုယ်စားမေးပေးတာ မနှက်သက်ဘူးဆိုပေသိ အစအဆုံးဖြစ်စဉ်ကို သိနေလို့ ကိုယ်စား မေးပေးရခြင်းပါ။ ဆရာမနှစ်သက်ရင် ကြိုတင်တောင်းပန်ပါတယ်။ ဖြစ်တာက မိန်းကလေး ပါဆရာ။ အတူတူနေပြီး အရေးပေါ်ဆေးသုံးဖြစ်ပါတယ်။ အဲ့ဒီဆေးသုံးပြီး ရက်သတ္တပါတ် ၁ပါတ်ခွဲလောက်နေတော့ ဓမ္မတာလာပါတယ်ဆရာ ပုံမှန် ပမာဏပါဆရာ။ နောက်တစ်လမှာတော့ ဓမ္မတာလာခါနီး သာမန် အအေးမိဖျားပါတယ်။  အဖျားပျောက်အောင် ဆေးထိုးဆေးသောက်လည်းလုပ်ပါတယ်။ ဖျားနေတုန်းမှာ ဓမ္မတာလာပါတယ်ဆရာ ရက်ကလည်း အနီးစပ်ဆုံးမှန်ပါတယ်။ ဒါပေမယ့် ၂ ရက်လောက်ပဲ လာပြီးရပ်သွားပါတယ်ဆရာ။ အဖျားကတော့ ဆက်ဖျားနေတုန်းပဲဆရာ။ ဓမ္မတာရပ်သွားပြီး၂ရက်လောက်နေမှပျောက်ပါတယ်။ အခု လက်ရှိအချိန်မ
Morning မောနင်း (သို့) ကော်ဖီမပါသေးတဲ့ခွက်
Image
အိပ်ယာထထချင်းဆိုတော့ ဂွတ်တမောနင်းပေါ့။ ဒါပေမယ့် မဂွတ်တာတွေနဲ့ အရင်ဆုံး နပမ်းလုံးရတယ်။ စာမဖတ်သူလား၊ ကြော်ငြာဆေးမှ ကြော်ငြာဆေးပဲစွဲလမ်းသူလားတော့မသိရသူ - • Ma Yu ဆရာရှင့်fillyMorအကြောင်းလေးရှင်းပြပေးပါ၊ အမျိုးသမီးရောဂါတွေ တကယ်ရော ဒီဆေးသောက်ရုံနဲ့ရပါ့မလား • Tint Swe အဲဒီအကြောင်းကိုရေးနေရတာ အလွန်ကိုမောလှပြီ။ ကြော်ငြာဆေးပါဆို မေးနေကြတာပဲ။ အဲလိုရေးပေါင်းကလည်း များလှပြီ။ အရပ်ဆေးဆရာလား မသိရသူ - • R Zar Ni ဘယဆေးဆိုင်မှာပျဉ်စကာနီသီးလို့ပြောဝယ်ပြီးကျောက်ပျဉ်ပေါ်မှာသွေးပြီးလိမ်းပါ လိမ်းထားတဲ့နေရာကစစ်စစ်နဲ့ ကိုက်လာယင်အနာနဲ့ဆေးတွေ့တာကြောင့်ပျောက်ပါ၏ သွေးစုနာ ပေါင်ခြံတွင်ပေါက်တဲ့ဘင်နာ အနာစိမ်းတို့ကို သက်သါပျောက်ကင်း၏ • Tint Swe အဲလို အရပ်နည်း ကိုယ်ပိုင်နည်းတွေကို ကိုယ့်နေရာမှာသာတင်ပါလို့ ခဏခဏ (ခဏခဏ) ရေးပါတယ်။ ခဏနေရင် ကွန်မင့်ကိုဖျက်ပါမယ်။ အရင်က အဲလို ခဏခဏရေးထားပြီးဖြစ်လို့ပါ။ ဆောရီး။ မင်းရှင်းလုပ်ပြီး ပို့စ်တင်သူကို စိတ်ရှုတ်စေသူများ (ပို့စ်ကို တခွန်းမှမပြောပဲ ပို့စ်တင်သူ မသိတာတွေရေးသားသူ) များ - • Kyi Zaw Lwin Myat Hsuhsumon • Ayelay Ayelay thank mama • Si Thu Aung Ei Phoung • Htay Htay
P57 Hoodia ဗိုက်အဆီချဆေးလားမသိ
Image
3:56PM Aung Phyo ဆရာ p57 Hoodia ဆေးအကြောင်းလေးသိချင်ပါတယ်။ ဝယ်သောက်သင့်မသင့် လမ်းညွန်ပေးပါခင်ဗျ။ ကျွန်တော့်ဆီလာတဲ့မေးခွန်းတွေက အဖေါ်နဲ့လာလေ့ရှိတာ ခဏခဏထုတ်ပြောပါတယ်။ မနက်က FillyMor သမားနဲ့ ရန်ဖြစ်ရမလား အောက်မေ့ရတယ်။ P57 Hoodia မေးခွန်းကို အခုပဲဖတ်ရပါတယ်။ မေးတဲ့သူ အသက်-ကျား-မ မသိရပါ။ ဘာဖြစ်နေလို့ အဲဒီဆေးကို သောက်ချင်သလည်း မသိပါ။ ဆေးကြော်ငြာပုံအရ ဗိုက်အဆီချဖို့လို့ ထင်ရပါတယ်။ ရေးထားပြီးသားမရှိလို့ ရှာပါတယ်။ တွေ့ပါတယ်။ အမေရိကန် FDA ကနေ သတိပေးချက်တခုကို ၁၈-၁ဝ-၂ဝ၁၁ နေ့ကထုတ်ထားပါတယ်။ P57 Hoodia ထဲမှာ ဘာတွေပါတယ်လို့ အတိအကျထုတ်ဖေါ်ပြထားချက်မရှိပါတဲ့။ ဓါတ်ခွဲစစ်ဆေးမှုအရ အဲဒီဆေးထဲမှာ Sibutramine ပါတာ တွေ့ရတယ်။ အဲဒီဆေးကို မရောင်းဖို့ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလကတည်းက ပိတ်ပင်ထားပြီးဖြစ်တယ်။ စားသုံးသူတွေအနေနဲ့ ဝယ်ယူသုံးစွဲခြင်းမပြုသင့်ပါ။ တွေ့ရှိရင် အကြောင်းကြားပါတဲ့။ Public Notification: “P57 Hoodia” Contains Undeclared Drug Ingredient P57 Hoodia[October 18, 2011] The Food and Drug Administration (FDA) is advising consumers not to purchase or use “P57 Hoodia,” a product for weight loss sold on
အီတစ်လီကနိုင်သွားတယ်
Image
  မြန်မာပြည်မှာ မီဒီယာတွေကရေးကြမယ့်သတ်ပုံ
GERD အချဉ်ရည် အထက်ဆန်ခြင်း
Image
My humble wish for Media မီဒီယာသမားများအတွက် ဆုတောင်း
Image
ဆဲဗင်းဒေးနေ့စဉ်သတင်းစာနှင့် တပ်မတော်အရာရှိများကြေညာချက်ထဲမှာ့ သတင်းတစ်ပုဒ်၊ တစ်ရပ်ရပ်၊ တစ်စုံတစ်ယောာက်လို့ ရေးထားတာကို ဖတ်ရတယ်။ အမှုတော့ တစ်မနေလောက်ကောင်းပါရဲ့။ မီဒီယာဖခင်တွေထဲက တဦး (တစ်ဦးမဟုတ်) ဖြစ်တဲ့ လူထုဦးလှလိုပဲ ဆုတောင်းလိုက်ပါတယ်။ တချက်လွှတ် (တစ်ချက်လွှတ်မဟုတ်) အမိန့်တော်ပြန်တမ်းကို ကျူးလွန်ခြင်းမှ ကင်းလွတ်လိမ့်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း။ ဒေါက်တာတင့်ဆွေ ၂၇-၆-၂ဝ၁၆
GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁)
Image
မင်္ဂလာပါဆရာ။ ကျွန်တော်အမေက အသက် ( ၅၉ ) နှစ်ပါ။ ဒေါပုံမြို့နယ် ရန်ကုန်မြို့မှာနေပါတယ်။  အမေက နေ့တိုင်း ရင်ပြည့် ရင်ကယ်ဖြစ်ပြီး ရင်ခေါင်တောင့်ပါတယ်။ လေက အပေါ်ကိုဆန်တက်ပါတယ်။ တဂေ့ဂေ့နဲ့ပါ။ အောက်ကို လေမလည်ဘူး။ အစာစားပြီးတော့လည်း ရင်ခေါင် တောင့်ပြီး နေမရထိုင်မရဖြစ်ပါတယ်။ အစားစာပြီတော့ အန်တော့ မအန်ပါဘူး။ မိုးအေးတဲ့ချိန်မှာ ရင်ခေါင်နှင့်ကျောတွေ အောင့်တတ်ပါတယ်။ ညဘက်တွေမှာ အိပ်မရအောင်ဖြစ်ပါတယ်။ ဆေးခန်းပြတော့လည်း ခဏပဲသက်သာပါတယ်။ အမေငယ်ငယ်တုန်းကတော့ အစားအိမ်အောင့်တတ်ပါတယ်။ ကျွှန်တော်ဘယ် လုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။ ရိုသေလေးစားစွာဖြင့်။ Gastroesophageal reflux disease (GERD) ဆိုတာ အစာအိမ်-အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ ဖြစ်ပါတယ်။ လူအတော်များများမှာ ဖြစ်ကြတယ်။ အစာအိမ်နဲ့ အစာမြိုပြွန်ဆက်တဲ့ နေရာမှာရှိတဲ့ အထိန်းက အလိုအလျှောက် ပွင့်တဲ့အခါ ဖြစ်တယ်။ သူပွင့်လို့ အစာအိမ်ထဲက အစာနဲ့ ရေ-အရည်တွေဟာ အထက်က အစာမြိုပြွန်ဆီကို တက်လာတယ်။ တက်တော့ ပြောသလိုတွေဖြစ်ရော။ Acid reflux or Acid regurgitation လို့လဲ ခေါ်တယ်။ အစာအိမ်ထဲက အစာခြေအရည်ဆိုတာက (အက်စစ်) ဖြစ်လို့ပါ။ အဲလိုဖြစ်လာရ
History shows သမိုင်း အသုံးဝင်ပုံ
Image
သမိုင်းအကြောင်းရေးတာကို လူတွေအများကြီးကနေ ဖတ်ရှုပြီး မှတ်ချက်တွေပါပေးကြလို့ အားတက်ရပါတယ်။ သမိုင်းယူလို့ အလုပ်အကိုင်အခွင့်အလမ်းမကောင်းလှတာတွေဖတ်ရတယ်။ သမိုင်းသာသာရပ်ကို ဝိဇ္ဇာဘွဲရဖို့နဲ့ အလုပ်ရဖို့သာမဟုတ်ပါ၊ တသက်လုံးသုံးရမှာပါ။ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူတွေက သက်တမ်းအရ နိုင်ငံသားလျှောက်ထားသူတွေက စာမေးပွဲ ဖြေကြရပါတယ်။ Civics Questions and Answers for the Naturalization Test လို့ခေါ်ပါတယ်။ AMERICAN GOVERNMENT အမေရိကန်အစိုးရအကြောင်း မေးခွန်း ၁ မှ ၅၇ အထိ = ၅၇ ခု၊ AMERICAN HISTORY အမေရိကန်သမိုင်း မေးခွန်း ၅၈ မှ ၈၇ အထိ = ၃ဝ ခု INTEGRATED CIVICS ပထဝီစတဲ့ မေးခွန်း ၈၈ ကနေ ၁ဝဝ အထိ = ၂၃ စုစုပေါင်း မေးခွန်း (၁ဝဝ) ရှိတယ်။ သမိုင်းမေးခွန်းတွေထဲမှာ ကိုလိုနီတွေရောက်လာပုံ၊ ကျွန်စနစ်၊ ဖွဲ့စည်းပုံ၊ တိုင်းပြည်ဖခင်၊ ကမ္ဘာစစ်စတာတွေ ပါတယ်။ မေးခွန်းနဲ့အဖြေတွေကို အစိုးရတခါပြောင်းတခါ မပြင်ပါ။ ကျွန်တော် နယူးဒေလီမှာနေစဉ်က လူငယ်ကျောင်းသားတွေကို ပညာသင်ဆုအတွက် အင်တာဗျူးမေးရတတ်ပါတယ်။ မြန်မာပြည်ကနေထွက်လာတာမကြာသေးတဲ့ ကျောင်းသားတယောက်ကိုမေးပါတယ်။ မြန်မာပြည်ဟာ ဘယ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရခဲ့သလည်းဆိုတော
History of Burma မြန်မာနိုင်ငံသမိုင်း
Image
ပုံပါသတင်းကို အခုပဲတွေ့ရလို့ အံ့သြတုန်လှုပ်မိပါတယ်။ သမိုင်းမေဂျာနဲ့အောင်ခဲ့တဲ့ဇနီးကိုပြောတော့ သူ့ဆရာ ဒေါက်တာသန်းထွန်းကို အမှတ်ရမိတယ်တဲ့။ သမိုင်းသင်တာက မ,အအောင်လို့ပြောခဲ့တဲ့ဆရာ။ အခု သမိုင်းကို မသင်ကြတော့တာက အ,ချင်လို့မဟုတ်မှန်းသိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကို စဉ်းစားကြရတာဖြစ်နိုင်ပါတယ်။ ပညာရေးဆိုတာ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သင်ပေးနိုင်ရင်ကောင်းတယ်။ ကျွန်တော်ကတော့ (၉) တန်းအထိသာ သမိုင်းသင်ခဲ့ရပါတယ်။ သိနေအောင်တော့ ဆက်လုပ်နေရတုန်းပဲ။ မြန်မာနိုင်ငံသမိုင်း ပြည်ထောင်စုမြန်မာနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ ဖြစ်ထွန်းမှုတွေ နှစ်ပေါင်းထောင်နဲ့ချီပြီးရှိတယ်။ သမိုင်းမတင်မီကတည်းက မြစ်ကြီးတွေနဲ့ တောင်ကြားလွင်ပြင်တွေမှာ လူတွေနေထိုင်ခဲ့ကြတယ်။ အိမ်နီးချင်း တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ကူးလူး ဆက်ဆံခဲ့ကြတယ်။ သီရိလင်္ကာကုန်သင်္ဘောတွေရောက်တယ်။ တခြားဒေသတွေကနေ မလေးကျွန်းဆွယ်ကြား ခရီးတထောက်နားရာအရပ်ဖြစ်ခဲ့တယ်။ အိန္ဒိယတိုက်ကနေ ဘာသာရေး၊ နိုင်ငံရေးနဲ့ တရားစီရင်ရေး၊ အနုပညာ၊ လက်မှုပညာတွေ၊ အယူအဆတွေရခဲ့တယ်။ ဒါပေမယ့် အိန္ဒိယယဉ်ကျေးမှုလွှမ်းတာ မသိသာပဲ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းထားနိုင်တာက တခြားအရှေ့တောင်အာရှနိုင်ငံတွေထက် ထူးခြာ
The Grass မြက်ခင်းဟောင်း
Image
ရောင်းရန် နေရန် ပြင်ရန်မလုပ်၊ လူထုတ်တဲ့ အတားအဆီး ခါးစည်းခံ၊ အထီးကျန် သစ်ပင်၊ မြက်ပင်၊ ပေါင်းပင်၊ ရှင်သန်၊ အိမ်နိမ့်စံ ရောင်းရန်မဟုတ်၊ တဲကုပ် ရွှေထုပ်မရှိ၊ လူသူမသိ ဝေဒနာရှိ၊ လူမသိသူမသိ စောင့်ရှောက်သည့်နတ်သာသိ၊ ခြံထဲရှိ မြက်ရှစ်ဆုပ်၊ အကျွန်ုပ့့် အရိမေတ္တယျကပ်လှူမယ့်သူအတွက် ဒကာလုပ်။ ဒေါက်တာတင့်ဆွေ ၂၆-၆-၂ဝ၁၆
History မြန်မာရာဇဝင်
Image
၁။ မှတ်တမ်းမတင်မီကာလ ရှေးဟောင်းသုတေသနတွေ့ရှိချက်တွေအရ ယနေ့မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုတွေဟာ ဘီစီ ၁၁ဝဝဝ ကတည်းက ရှိနေခဲ့တယ်။ ကျောက်ခေတ်မှာ ဥရောပ ကျောက်ခေတ်နဲ့ စင်ပြိုင်ရှိနေခဲ့တယ်။ ဘီစီ ၁၅ဝဝ လောက်မှာ ကြေးခေတ် ရှိခဲ့တယ်။ စပါးစိုက်ပျိုးလာကြတယ်။ မွေးမြူရေးလုပ်လာတြယ်။ ဘီစီ ၅ဝဝ လောက်မှာ သံခေတ်ရှိလာတယ်။ - ပျူမြို့ပြနိုင်ငံများ တိဘက်တို-ဗားမန်းအနွယ်လူမျိုးတွေဟာ ဘီစီ ၂ ရာစုမှာ ဧရာဝတီမြစ်ဝှမ်းဒေသကို ယူနန်ဒေသကနေ ဝင်လာတယ်။ မြို့ပြနိုင်ငံတွေတည်ထောင်တယ်။ ပျူလူမျိုးဟာ မြန်မာ့သမိုင်းမှာ အစောဆုံးလူမျိုးလို့ ဆိုနိုင်တယ်။ တရုပ်၊ အိန္ဒိယ နိုင်ငံတွေနဲ့ ကူးသန်းဆက်ဆံကြတယ်။ ၄ ရာစုမှာ ဗုဒ္ဓဘာသာစတင်လာခဲ့တယ်။ ကနေ့ ပြည်မြို့တောင်ဖက်မှာ တည်ခဲ့တဲ့ သရေခေတ္တရာ မြို့ပြနိုင်ငံက အကြီးဆုံးဖြစ်တယ်။ တရုပ်သမိုင်းအရ ပျူမြို့ပြနိုင်ငံပေါင်း ၁၈ ခုထိရှိတယ်။ - ဗမာ ၉ ရာစုနောက်ပိုင်းမှာ မြင်းစီးမြန်သူလို့တင်စားတဲ့ လူမျိုးတွေ မြောက်ဖက်ကနေဝင်လာတယ်။ ဗမာလို့ခေါ်တယ်။ ၉ ရာစု အစောပိုင်းကတည်းက ယူနန် နန်ဇောင် (နန်ချောင်) ဘုရင်တွေနဲ့ ပျူတွေစစ်ခင်းနေကြတယ်။ ၈၃၂ မှာ နန်ဇောင်းဘုရင်က ဟန်လင်းကြီးကို ဖျက်ဆီးလိုက်တယ်။ ပျူ ၃ဝဝဝ ယောက်ကိုဖမ်းခေါ်သွား