Posts

Showing posts from September, 2016

I’m so worried! လူနာတွေရော လူမာတွေကိုပါ စိုးရိမ်မိတယ်

Image
ဆရာရှင့် ကျွန်မ အသက် ၃၅နှစ် ရှိပြီး အပျိုပါ။ အသက် ၂၇ နှစ်တုန်းက သားအိမ်အလုံးဖြစ်လို့ ခွဲထုတ်ထားဘူးပါတယ်။ အခု ရာသီလာရင် ဗိုက်အရမ်းအောင့်ပြီး စအိုဘက်ကလည်းနာ ပါတယ်ဆရာ။ အဖြူလည်း ဒီကြားတယ်မှာနည်းနည်းနဲ့ ရက်ကြာကြာ ဆင်းနေလို့ ဆေးခန်းပြန်ပြပြီး အာလ်ထွာဆောင်းရိုက်တော့ အသားလုံးအသေးတွေ့တယ်လို့ ပြောပါတယ်။ ဆရာဝန်ကတော့ ရာသီလာလို့ နာရင်းသောက်ဖို့ ဆေးပေးပြီး ခြောက်လနေမှ ပြန်ပြဖို့ချိန်းပါတယ်။ အခုက ကျွန်မ ညာဘက်ဗိုက်အောက်ပိုင်းက အောင့်ပြီး ခါးကနေပေါင်လောက်အထိကို တော်တော် နာနေပါတယ်ဆရာ။ အသားလုံး ရှိနေလို့ အဲ့လိုဖြစ်တာလားဆရာ။ သမီးဘာကြောင့်ဖြစ်တာမှန်း မသိလို့ ဖြေကြားပေးပါအုံးနော်။ အမှားပါတာရှိလည်း ခွင့်လွှတ်ပါဆရာ။ လေးစားစွာဖြင့်။ သမီးရဲ့ အာလ်ထွာဆောင်းအဖြေနဲ့ ဆရာဝန်ညွှန်ကြားပေးထားတဲ့ ဆေးပါဆရာ။ အလုံးဆိုတာကြောင့်ဖြစ်နိုင်တယ်။ အနာသက်သာဆေး တခုခုသောက်ပါ။ အာလ်ထွာဆောင်းအဖြေ မသိပါ။ အဖြူဆင်းတာ အနေရခက်ရင် ထပ်မေးပါ။ Uterine Fibroid Treatments သားအိမ်အကျိတ်ကုသနည်း အမျိုးမျိုးစာ ပို့လိုက်ပါတယ်။ အခုလိုပြည့်ပြည့်စုံစုံပြန်လည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာလည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။ မအားတဲ့ကြားကနေ အခုလို

My hands bleed

Image
ကျွန်မက အခု ၄၂ ပါ။ ခြေမညာဖက်က ခြေသည်းထိပ်ပိုင်းပါးလာပြီး နာပါတယ်။ ဘယ်ဖက်ခြေမက ဘယ်ဖက်ဒေါင့်က အရေခွံလန်ပြီးနာလဲနာ ခြေသည်းလဲ ပိုးစစားနေပါပြီ။ အဆိုးဆုံးက ညာလက်မ တခြမ်းပုတ်ပြီး နာနေတာ ပန်ကန်ဆေး ဟင်းချက်နဲ့ ပိုဆိုးနေလို့မေးတာပါဆရာ။ ခင်မင်လေးစားစွာနဲ့ပြောရရင် ဆရာကို အားကိုးပါတယ်။ ရောဂါဖြစ်တိုင်း ဆေးခန်း မသွားနိုင်တာလဲပါတယ်ဆရာ၊ မြန်မာပြည်မှာ အဲ့လောက်နဲ့ ပြည်သူဆေးရုံ သွားမကောင်းသလို အပြင်ဆေးခန်းသွားလဲ ပိုက်ဆံအတွက် အဆင်မပြေလို့ပါ၊ ဆရာ မှတ်မိမလားမသိ၊ ကျွန်မ ဆရာ့ကို ခါးဆစ်ကိစ္စကော လေဖက်နာကိစ္စကော မေးဖူးပါတယ်။ အခုအလုပ်ကနားပြီး ကွကိုယ် တစ်ယောက်တည်းနေပါတယ်။ ခင်မင်လေးစားစွာဖြင့်၊ ဆရာကျန်းမာပါစေရှင်။ လက်သည်းမှိုရောဂါစာ ပို့မယ်။ (ကွကိုယ်) ဆိုတာ ကွန်မင့်မှာ အပျော်အပျက်ရေးတာသာဖြစ်တယ်။ အခုလိုစီကာစဉ်ကာရေး မေးတာမှာ ကိုယ့်ဟာကိုယ်လို့ ရေးသင့်တယ်။ အခုပဲ အန်တီက မေးတယ့့် (မွတ်ငါး) က ဘာလဲတဲ့။ ဖေ့စ်ဘွတ်ကနေသင်ယူထားတဲ့ ကျွန်တော်က ဆရာလုပ်ပါတယ်။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာ ဆိုရိုးစကားပါ။ မြန်မာစာအရေးအသားနဲ့ ပြောစကား၊ အလေးမထားကြလို့ စိတ်မကောင်းပါ။ ကျွန်တော့်လက် သွေးထွက်တဲ့အထိ ရေးပါမယ်။ ဒေါက်တာတင့်ဆွေ

Carelessness ဘယ်လိုအန္တရာယ်ရှိနိုင်လဲ

Image
ဆရာရှင့် သမီးမနေ့က ညနေက စီးဆစ်ကြည့်တာ နှစ်ကြောင်းပေါ်လို့ ဆရာဝန်သွားပြတော့ နှစ်ပတ်လောက်ရှိပြီ ပြောပါတယ်ဆရာရှင့်။ ခုဒီမနက်ကျတာ့ သွေးနည်းနည်းဆင်းနေပါတယ်ရှင့်။ သမီးကကလေးလိုချင်လို့ တားဆေးမသုံးတာ သုံးလလောက်တော့ရှိပါပြီရှင့်။ ခုလိုသွေးဆင်းတာ ဘယ်လိုအန္တရာယ်ရှိနိုင်လဲ ကျေးဇူးပြု၍ဖြေပေးပါဆရာရှင့်။ Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်းစာ ပို့လိုက်ပါတယ်။ ဆီးစစ်လို့ ရေးရပါမယ်။ ဆရာဝန်ကတော့ မြန်မာစာနဲ့ စကားကို အဲလိုမှားနေကြတာ ဘယ်လိုအန္တရာယ်ရှိနိုင်လဲ သိချင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၁-၁ဝ-၂ဝ၁၆

Colors of the Rivers မြစ်တို့၏ အရောင်များ

Image
ငယ်ငယ်က စာတွေဖတ်တော့ ကွန်မြူနစ်စာပေတွေထဲမှာ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေက ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။ ကွန်မြူနစ်မဟုတ်တဲ့ကျွန်တော် အသက်ကြီးလာလို့ နိုင်ငံရေးထဲရောက်တော့ သွေးစီးလာတော့တဲ့ ဧရာဝတီနဲ့ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ မောချွေးတွေ ဇောချွေးတွေ စီးကျလာပါတယ်။ ၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးထွက်ပါတယ်။ ကနေ့ မြန်မာပြည်ကမြစ်ကြီးတွေ သွေးနီစွန်းသေးလား။ ကြေးဝါရောင်ဖြစ်သွားပြီလား။ စိမ်းပုပ်နေသလား။ နက်မည်းနေပြီလား။ ဒေါက်တာတင့်ဆွေ ၁-၁ဝ-၂ဝ၁၆

Gong မောင်းထုလိုက်ပါကြောင်း

Image
ရိုသေလေးစားရသောဆရာရှင်။ ကျမ္မားရေးမေးခွန်းတွေမေးခဲ့ဖူးပါတယ်။ ဆင်မပြေခဲ့ပါဘူး။ ခုတခါမေးခွန်းက လူမူရေးလို့ ထင်ပါတယ်။ ဆရာရဲ့စာ တော်တော်များများဖတ်ဖူးလို့ ဆရာရဲ့အကြံပေးမူလေး သိချင်ပါတယ်။ ကျမအသက် ၂၉ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၈ လရှိပါပြီ။ ထိုင်းမှာနေပါတယ်။ အဲဒါ မြန်မာပြည်က ထိုင်းမှာ ကလေးမွေးခွင့် မပေးတော့ဘူး။ မွေးရင် မြန်မာပြည်က မွေးစာရင်းလုပ်မပေးတော့ဘူး။ ကျောင်းနေမရဘူးလို့ အမိန့်ထုတ်လိုက်ပြီ ပြောပါတယ်ဆရာ။ ကျမမှာ ပတ်စပို့လည်းမရှိတော့ပါဘူး။ ကလေး ၂ လလောက် ပတ်စပို့ကျတော့ အိပ်ရာထဲလည်းနေလို့ သက်တမ်းမတိုးလိုက်ရဘူး။ ဘတ်ပဲ့ရိုက်လိုက်နိုင်တယ်။ ကျမလိုပဲ အခက်ခဲပေါင်းများစွာ လူတွေရှိပါတယ်။ ဘတ်ရှိရင် သဋ္ဌေးကထွက်ခံစားပေးရင် အဆင်ပြေပေမယ့် မပေးတော့ အဆင်မပြကြဘူးဆရာ။ မြန်မာပြည်မှာက မိဘမဲ့ကလေးတွေကြောင့် ဆရာဝန်တွေ၊ ကျောင်းဆရာမတွေ၊ အုပ်ထိန်းသူတွေ အဆင်မပြေဖြစ်လို့ ပြောပါတယ်ဆရာ။ တချို့ကလည်း မွေးပြီးပြန်လာမယ်ပြောပါတယ်။ ဒီလိုလုပ်ရင်လည်း ဘာကွာခြားလို့လည်း။ မွေးပြီးတလနှစ်လထားလည်းတူတူ၊ ကျမတော့ သားဦးလေးကို ၃ နှစ်မှ သွားထားခဲ့ပါတယ်ဆရာ။ ခုကိုယ်ဝန်က ၈ လဆိုတော့ အခက်ခဲတွေကြောင့် ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေပါတယ်။ မိခင်တွေအားလုံး

Generosity and Grammar သဒ္ဓါတရားနဲ့ သဒ္ဒါအမှား

Image
ကွန်မင့်မှာ ပုံတခုလာတယ်။ စာတွေနဲ့။ သဒ္ဓါလို့ရေးရမှာ မှားနေတယ်။ သဒ္ဒါဆိုရင် (ဂရမ်မာ) ဖြစ်သွားမယ်။ ပုံကို ခဏနေရင်ဖျက်ပါမယ်။ ကျွန်တော်က ကွန်မင့်မှာ ပုံတွေလာတာ သဘောမကျပါလို့ အကြိမ်ပေါင်းများစွာရေးထားပါတယ်။ သူများလုပ်ထားပြီးသားပုံတွေ ခဏပေါင်းများစွာ တင်နေကြ၊ ရှယ်နေကြတာက အီနောက်လာတယ်။ ကိုယ်တိုင်လက်နဲ့ ကြိုက်-မကြိုက်၊ ကောင်း-မကောင်းရေးတာကို ပိုအလေးထားပါတယ်။ သတ်ပုံအကြောင်းရေးတာတာလည်း သူများမျက်စိနောက်မှာ သိပါတယ်။ ကိုယ်ကြိုက်တာရေးကြတာ ကျွန်တော့်မှာ တားခွင့်မရှိပါ။ ကျွန်တော့်ပို့စ်မှာ သုံးတာမှန်သမျှတော့ ပြင်ပြီးမှသာ သုံးပါမယ်။ ကျွန်တော်တတ်နိုင်တာ ဒါလေးသာရှိတယ်။ Dr. တင့်ဆွေ

Uniformly enforced တပြေးညီ

Image
ကျွန်တော့်ပို့စ်တခု = ဟင်းချိုမှုန့် သတင်း ကွန်မင့်တခု = ဆရာကလည်း မသုံးသင့်ကြောင်း တည့်တည့်မပြောဘူး။ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဖို့ဝယ်ထားတယ်တဲ့။ ဆရာဝန်ပြောရင် နားမထောင်ချင်။ ပျောက်စေဆရာနဲ့ ကြော်ငြာဆေးမျိုးကို သဘောကျ။ အထက်အမိန့်ဆို ပြားပြားဝပ်လိုက်နာတဲ့အကျင့်က ပါနေကြတယ်။ ကျွန်တော့်မှာက ဆရာဝန်ယူနီဖေါင်းတောင် မရှိတော့ဘူး။ Smile ၁၉၈၁ မှာ ဥက္ကဋ္ဌကြီးက တပြေးညီအောင်လုပ်ကြဆိုကတည်းက ခုထိ သတ်ပုံတွေက တစ်အောက်မှာ ပိပြားနေကြတုန်းပဲဗျ။ သူက ယူနီဖေါင်းဖြစ်အောင်လုပ်ခိုင်းတာပါ။ No Smile! ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၅

Persistence ခေါင်းလည်းမာ နေတတ်ပါစေ

Image
သတင်း = စစ်ကိုင်းကောင်းမူတော်စေတီအား မူလထုံးသင်္ကန်းအတိုင်း အများပြည်သူမှ ဖူးမြော်လိုပါက တိုင်းအစိုးရမှ ဆောင်ရွက်ပေးမည်ဟုဆို (ကိုသစ္စာ-မုံရွာ) ဒီသတင်း ခိုင်မာမှုတော့ သိပ်မသိပါ။ ကောင်းမှုတော်စေတီကြီးကို ရွှေအတုသင်္ကန်းကပ်ထားတာကို အဝေးကြီးကနေ အစောကြီး သဘောမကျပါကြောင်း ကန်တော့ပါဘုရား ခွင့်တောင်းပြီး ကျွန်တော်ရေးခဲ့ပါတယ်။ ဖြစ်လာ မလာ မပြောတတ်ပါ။ ဖြစ်မလာလို့လည်း စိတ်ထဲမှာ နေတတ်အောင် နေနိုင်ပါတယ်။ ကျွန်တော်က အယူအဆမှာ ခေါင်းမာတယ်။ နိုင်ငံရေးမှာ အဲတာက ဒုက္ခပေးတယ်။ ပြည်ပနိုင်ငံရေး ၂၅ နှစ်အတွင်းမှာ ကျွန်တော့်ဖက်က အများအားဖြင့်နိုင်ပေမဲ့ မဲရှုံးတာ တခါတခါရှိခဲ့ပါတယ်။ ဒီမိုကရေစီမှာ မဲနဲ့ဆုံးဖြတ်ရတဲ့ နည်းနာကို ပယ်မရပါ။ လူ ၁၃ ယောက်ရှိတဲ့အသင်းအဖွဲ့တခုမှာ ၅ ယောက်ကို စည်းရုံး သိမ်းသွင်းနိုင်ရင် လုပ်ချင်တာလုပ်ပေတော့ဆိုတဲ့ တကယ့်အဖြစ်အပျက် နမူနာတခု ပေးခဲ့ဘူးတယ်။ လူတွေကို သိမ်းသွင်းနည်းက အမျိုးမျိုး။ ဒါကြိုက်သူကို ဒါပေး၊ ဟိုဟာကြိုက်သူကို ဟိုဟာပေး။ ဘေးကနေ သိုင်းမဲ့ဝိုင်းမဲ့သူတွေကလည်းရှိသေး။ အဲလိုခေါင်းမာခဲ့တာ မကောင်းဘူး။ ရွာပြင်ရောက်နေသူ ခြံစည်းရိုးအပြင်ရောက်ပါလေရော။ အခုတော့ နေတတ်ပါပြီ။ ဒေါက်တာတင့်ဆွေ

Tetanus မေးခိုင်ရောဂါ

Image
မေးခိုင်ပိုးဝင်ရင် ကုလို့ရပါသလားဆရာ။ ကျွန်တော့်အသက်က ၂၈ ပါ။ ဆေးပညာနဲ့ပတ်သက်ပြီး ဗဟုသုတရချင်၍ မေးတာပါဆရာ။ တစ်ချို့နားမလည်သူတွေကို ပြန်ရှင်းပြတာမျိုး၊ ကြားနေမြင်နေရတာတွေမှာ  နားမလည်တာလေးတွေ မေးတာပါဆရာ။ မေးခိုင်ပိုးဝင်သူက အသက် ၂၅ ဝန်းကျင် ယောက်ျားလေးပါ၊ သံနဲ့ထိခိုက်မှုဖြစ်ပြီး ၄ ရက်မြောက်မှာ စကားပြောရင် လေးနေလို့ ဆေးရုံအမြန်သွားခိုင်းလိုက်ပါတယ်။ ၂၈.၉.၂၀၁၆ ရက်နေ့ကပါ။ လမ်းမှာကြုံတာပါဆရာ။ အဲဒါ သူတကယ်လို့ မေးခိုင်ပိုးဝင်တယ်ဆို ကုလို့ရလား သိချင်ပါတယ်။ မေးခိုင်ရောဂါသည် Gram-positive Clostridium tetani ဗက်တီးရီးယားကြောင့် ဖြစ်ရသည်။ အနာ-ဒဏ်ရာထဲသို့ ၄င်းပိုးဝင်၍ ဖြစ်သည်။ မေးရိုးကြွက်သားများ လှုပ်မရဖြစ်၍ မေးခိုင်ရောဂါဟု လူသိများသည်။ ပိုးဝင်ပြီး ၂-၁၄ ရက်ကြာမှ ရောဂါလက္ခဏာများပေါ်သည်။ အနာ-ဒဏ်ရာများသည် အထဲနက်မှသာဖြစ်စေတတ်သည်။ ဥပမာ သံစူးခြင်း၊ ခွဲစိတ်ခြင်း၊ မွေးပြီးကလေး ချက်ကြိုး ဖြတ်ခြင်းကြောင့် ဖြစ်တတ်သည်။ ကလေးဖြစ်လျင် နို့မစို့နိုင်ဖြစ်လာမည်။ ကြွက်သားများ တောင့်တင်းနေမည်။ ပါးစပ်ဟရ ခက်လာမည်။ အစာဝါးသည့်ကြွက်သားများ၊ မျက်နှာအမူအယာ လုပ်သည့်ကြွက်သားများ တောင့်တင်းနေသဖြင့် မဲ့ပြုံးပြုံးနေသလို ဖြစ်နေမည်။

MSG Criticisms Should Be Taken With A Grain Of Salt ဟင်းချိုမှုန့် သတင်း

Image
ဟင်းချိုမှုန့် ဆေးသုတေသနသတင်း လန်ဒန်နေသူငယ်ချင်းက တင်ထားတယ်။ ကျွန်တော်လည်း ဟင်းချိုမှုန့်၊ အသားမှုန့်စာတွေရေးထားလို့ သေချာဖတ်ရတယ်။ အဲဒီသတင်းက ၂၆-ဂ-၂ဝ၁၄ နေ့ကထွက်ခဲ့တာပါ။ သတင်းခေါင်းစဉ်က MSG Chinese Food တရုပ်လုပ် ဟင်းချိုမှုန့်လို့ ရေးထားတာနဲ့ ဟင်းချိုမှုန့်ခေါ် Monosodium glutamate (MSG) သမိုင်းကို လှန်ရတယ်။ ဟင်းချိုမှုန့်မှာ အဓိကပါတဲ့ Glutamic acid (ဂလူတားမစ် အက်စစ်) ကို ၁၈၆၆ ကတည်းက ဂျာမန်ပညာရှင် တွေ့ထားတယ်။ ၁၉ဝ၈ မှာ Kikunae Ikeda (အိုင်ကီးဒါး) ဂျပန် ဘုရင့်တက္ကသိုလ်ကနေ အရာသာဓါတုပစ္စည်းအဖြစ် ဖေါ်ထုတ်ပါတယ်။ Laminaria japonica ပင်လယ် ရေမှော်ပင်ကနေ ထုတ်ယူတာပါ။ Katsuobushi နဲ့ Kombu အရသာမှုန့်တွေကိုလည်း (အိုက်ကီဒါး) ကနေ တွေ့တာပါ။ Dashi လို့ခေါ်တယ်။ အရသာသစ်ဟာ ချိုတာလည်း မဟုတ်၊ ငန်တာလည်း မဟုတ်၊ ချဉ်တာလည်း မဟုတ်၊ ခါးတာလည်း မဟုတ်ပါ။ လူတွေက ကြိုက်ကြတယ်။ Aji-no-moto (အာဂျီနိုမိုတို) လို့ခေါ်တဲ့ ကနေ့လူသုံးများလွန်းလှတဲ့ ဟင်းချိုမှုန်ကိုတော့ ၁၉ဝ၉ ခုနှစ်ကတည်းက ဂျပန် Suzuki ဆူဇူးကီး ညီအကိုကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ တရုပ်တယောက်မှ မပါခဲ့ပါ။ ဟင်းချိုမှုန့်သုံးစွဲလွန်းလို့ရလာတဲ့ရောဂါကိုတော့ Chinese Food Syndr

Fibrous papule of the face မျက်နှာငါးမျက်စိ

Image
ဆရာ အရပ်အခေါ် ငါးမျက်စိဆိုတာ ဘာကြောင့် ဖြစ်ရတာလည်း၊ ဘယ်လိုကုသလို့ ရပါသလဲဆရာ။ အရပ်ခေါ်တွေက တခါတလေဂွကျတယ်။ ငါးမျက်စိဆိုတာ ခြေဖနောင့်တွေမှာဖြစ်တာကိုလည်း ခေါ်တယ်။ အဲတာက ဆေးစာနဲ့ Corns and calluses ဖြစ်တယ်။ စာတပုဒ်ရေးထားပါတယ်။ အခုမေးတာမျိုးက မျက်နှာ။ Fibrous papule ခေါ်တယ်။ ကင်ဆာမဟုတ်တဲ့ အသစ်ဖြစ်လာတဲ့၊ ဝက်ခြံနဲ့တူတဲ့ အကျိတ်-အလုံး-အသီးလေးတွေဖြစ်ပါတယ်။ ရောဂါဗဒေမှာ Angiofibroma အမျိုးအစားလို့သတ်မှတ်တယ်။ အဖြစ်မနည်းပါ။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ အရေပြားပေါ်မှာ ခပ်ခုံးခုံးလေး တောက်ပြောင်နေတယ်။ အသားပိုနဲ့ တူတယ်။ အရွယ်အစားလည်း ၁ ကနေ ၅ မီလီမီတာရှိတယ်။ ပါး၊ မေး၊ လည်ပင်း၊ နဖူးတွေမှာ အဖြစ်များတယ်။ ၃ ယောက်မှာ ၁ ယောက်က ထိခိုက်မိရာကနေဖြစ်တယ်လို့ ပြောကြတယ်။ အများစုမှာ အလိုလို ပေါက်လာတယ်။ လက်မှာဖြစ်တာမျိုးက မှန်ဘီလူးနဲ့စစ်ရင် မတူတာတွေ့တယ်။ giant cell fibroma ခေါ်တယ်။ အခုဟာမှာ spindled cells တွေတွေ့မယ်။ ကုသဘို့မလိုပါ။ အကြည့်ရဆိုးတာကလွဲရင် ဘာမှမဖြစ်ပါ။ ဆေးသောက်-ဆေးထိုး-ဆေးလိမ်းလို့ မပျောက်ပါ။ အလှအပတွက်ဆိုရင် ခွဲထုတ်ရမယ်။ အမာရွတ်လေးထင်ကျန်မှာတော့ သိထားပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၅

Our Culture ကျွန်တော်တို့ ယဉ်ကျေးမှု

Image
အဆာပြေစားစရာ တို့ဟူးသုပ်၊ ကိုယ်တိုင်လုပ်သူက လာပေးပါတယ်။ အရင်လည်း ပေးတယ်။ ဆိုင်တွေမှာ ဝယ်ရတဲ့ တို့ဖူးကတမျိုး။ ပဲပုပ်စေ့နဲလုပ်တာ။ ပဲပြားခေါ်တယ်။ ဒေလီမှာနေတုန်းက အောက်စ်ဖို့ဒ်ဆရာမကြီးက ပဲပြားကို ဆီတို့ဟူးလုပ်နည်းပြောပြတယ်။ သူက ရှမ်းပြည်မှာနေခဲ့လို့သိတာ။ နေ့လယ်စာ ကြက်ဟင်းခါးရွက်ချက်တာနဲ့စားရတယ်။ ကနေ့ညနေမှာ ကိုယ်တိုင်စိုက်ပျိုးသူကနေ ဟင်းသီးဟင်းရွက်တွေ လာရောင်းမယ်ထင်တယ်။ ခွေးတောက်ရွက်ပါရင် ဝယ်ရအုန်းမယ်။ ဒီမြို့မှာ သီတင်းသုံးတဲ့ ဘုန်းကြီးကို ကပ်ပါမယ်လို့ လျှောက်ထားပြီးပြီ။ အဲတာ မြန်မာ့ယဉ်ကျေးမှု။ တယောက်ရှိတာတယောက် ဝေမျှစားကြ၊ ပေးကြကမ်းကြ၊ လှူဒါန်းကြတယ်။ အန်တီ အခုပဲ ဒူးနာကို ဖီဇီကယ်သာရပီလုပ်ပြီးအပြန်မှာ ဈေးဝင်ဝယ်လာတာ။ ငှက်စာ။ ကုန်တိုင်း တအိတ်တအိတ်ဝယ်ရတယ်။ ငှက်တွေကို ကိုယ်က မွေးမြူထားတာတော့ မဟုတ်ပါ။ အဲတာလည်း ကျွန်တော်တို့ယဉ်ကျေးမှု။ Dr. တင့်ဆွေ

One in 10 children has Aids defence

ကလေးဆယ်ယောက်မှာ တယောက်က အိဒ်စ်ရောဂါကိုခုခံနိုင် ၂၉-၉-၂ဝ၁၆ နေ့ထွက်တဲ့ဆေးပညာသတင်းပါ။ ကလေး (၁ဝ) ယောက်ထဲက (၁) ယောက်မှာ မျောက်လို ခုခံအားစနစ် ရှိကြတယ်။ အဲတာကနေ အိဒ်စ်ရောဂါကို ခုခံကာကွယ်မှုပေးနိုင်တယ်။ HIV ပိုးကူးစက်ခံထားရတဲ့ကလေး ၆ဝ% ဟာ ဆေးမကုပဲနေရင် ၂ နှစ်ခွဲနေရင်သေဆုံးနေကြရတယ်။ အဲလိုကူးစက်ခံရတဲ့ မျောက်တွေကတော့ မသေကြပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ ခုခံအားစနစ်ကိုဖျက်ဆီးပစ်တယ်။ ဒီပိုးရှိနေရင် တခြားကူးစက်ပိုးတွေဝင်လွယ်တယ်။ အဲလိုဖြစ်လာတာကို AIDS ဖြစ်ပြီလို့သတ်မှတ်ပါတယ်။ ဒီလေ့လာဆန်းစစ်မှုမှာ တောင်အာဖရိနိုင်ငံက ကလေးပေါင်း ၁၇ဝ ယောက်ကို စမ်းတယ်။ ဒီကလေးတွေက ART ဆေးလည်း မရကြသူတွေဖြစ်တယ်။ AIDS အဆင့်လည်း မရောက်ကြသေးပါ။ အောက်စဖို့ဒ်က ပါမောက္ခ Philip Goulder (ဖိလစ် ဂူလ်ဒါ) ဆိုသူလည်း သုတေသနလုပ်တဲ့အဖွဲထဲမှာပါတယ်။ ဗိုင်းရပ်စ်နဲ့ စစ်တိုက်ရတာ အမှားအကျူးလွန်တတ်ဆုံးပါလို့ပြောပါတယ်။ HIV ပိုးက ခုခံအားနစ်ရဲ့ စစ်သည်တွေဖြစ်ကြတဲ့ သွေးဖြူဥတွေကို သတ်နေတယ်။ ပါမောက္ခပြောတာက AIDS မှာ HIV နဲ့ဆိုတာထက် ခုခံအားနစ်နဲ့ဆိုင်နေတယ်။ ဒီတွေ့ရှိချက်ကနေ ခုခံအားအခြေခံကုသနည်း ပေါ်ထွက်လာစရာရှိနေပါပြီ။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၆ http://w

September 30, 1994

Image
၁၉၉၄ ခုနှစ် စက်တင်္ဘာလ (၃ဝ) ရက်နေ့ ဒိုင်ယာရီ ပြင်သစ်သံရုံးသို့ ထပ်သွား၍ ဗီဇာကိစ္စထပ်လုပ်ရ။ (မိန်း ဒက်စတီနေးရှင်း) အမေရိကန်ပြည်ထောင်စုဟု ရေးခဲ့သည်ကို ပြန်ပြင်ရ။ ဂျာမဏီဟုပြင်ရေး။ (ကာဗာ လက်တား) လိုသည်ဆို၍ မိမိ၏ပဒ်ဖြင့်တစောင် ဝန်ကြီးချုပ်ရုံး (လက်တာဟက်) နဲ့ တစောင်ပေးလိုက်။ အဆင်ပြေ။ ရက် (၉ဝ) ထက်မပိုသော ရက်တိုပြည်ဝင်ခွင့်ဗီဇာရတယ်။ (၁၂ဝဝ) ရူးပီးသွင်းခဲ့ရ။ ညနေ (၄) နာရီ ဗီဇာရ။ အဲဒီရက်တွေမှာ ဥရောပယူနီယံ လူ့အခွင့်အရေးကော်မတီကစီစဉ်တဲ့ အစည်းအဝေးတခုတက်ဘို့ အဝေးရောက်အစိုးရက ကျွန်တော့်ကို တာဝန်ပေးထားပါတယ်။ အစည်းအဝေးနေရာက ပြင်သစ်နိုင်ငံ (စထွက်စ်ဘာ့ခ်) မြို့မှာဖြစ်တယ်။ ဂျာမဏီဗီဇာ အရင်လျှောက်ရတယ်။ နောက် ပြင်သစ်ဗီဇာလျှောက်တယ်။ ဥရောပရောက်နေတုန်းမှာ ဝန်ကြီးချုပ်ရုံးရှိရာ ဝါရှင်တန်ဒီစီ ကိုလည်း ဆက်သွားဘို့စီစဉ်တယ်။ ပြင်သစ်ဗီဇာလျှောက်တော့ ပြင်သစ်ကနေ ယူအက်စ်အေအထိ သွားမယ်လို့ရေးတာ ယူအက်စ်အေဗီဇာက မရှိသေးတော့ အရင်နေ့ကသွားတာ အဆင်မပြေခဲ့လို့ နောက်တနေ့ ထပ်သွားရတာပါ။ ဂျာမဏီဘွန်းမြို့ကိုအရင်ရောက်တယ်။ ဒီမိုကရေရေးမှာ စိတ်အားထက်သန်စွာပါဝင်နေသူ ဦးနွယ်အောင်က အစစအရာရာ ကူညီတယ်။ (ဘွန်း) ကနေ (စထွက်စ်ဘာ့ခ်) မြို့ကိုဆက်သွား

Medical investigation စမ်းသပ်ခြင်း

Image
ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။ ရောဂါကို ဆရာဝန်ပြသင့်။ သတ်ပုံကိုတော့ ကျွန်တော်ပြင်ပေးပါမယ်။ စမ်းသပ်လို့သာရေးရတယ်။ သက် = အသက်၊ သက်ရောက်မှု၊ သက်ဆိုင်သူ။ သက္ကတဘာသာ၊ ခုနှစ်သက္ကရာဇ်၊ သက္ကလတ်စောင်၊ သက်စွန့်ကြိုးပမ်း၊ သက်ဆိုးရှည်၊ သက်တံ့ရောင်၊ သက်တမ်းရှည်၊ ချစ်တဲ့သက်နှံ၊ ချစ်ဖက်သက်လျာ၊ သက်ရင်းကြီးပင်၊ သက်လုံကောင်း၊ သက်သာချောင်ချိရေး၊ သက်သေပြ၊ သက်သောင့်သက်သာ၊ သက်သတ်လွတ်စား၊ သက်ကျားအို၊ သက်ကြီးခေါင်းချအချိန်၊ သက်ဦးဆံပိုင်စနစ်။ သပ် = ပွတ်သပ်၊ သပ်လျှို၊ သပ္ပာယဖြစ်၊ သပ္ပာယ်၊ သပ်ရပ်။ Yes ရက်စ် Medical investigation စမ်းသပ်ခြင်းစာလည်းတင်ပြီးရော ကွန်မင့်တခုလာတယ်။ ဆရာအရေပြားကင်ဆာအကြောင်းသိချင်လိုပြောပြလိုရမလားရှင် မေးနည်းစည်းကမ်း ပို့လိုက်။ ဟုတ်ကတ်ပါ ဟုတ်ကဲ့ပါလို့သာ ရေးရတယ်။ ဝေခွဲမရရင် ရက်စ်လို့သာရေး။ ကတ် = ကတ်ကြေး၊ ကတ္တရာစေး၊ ကံ-ကတ္တား၊ ကတ္တားခြား၊ ကတ္တီပါဖိနပ်၊ ကတ်ထူစာအုပ်၊ ကတ်ဖဲ့ဖဲ့လုပ်၊ ကတ်သီးကတ်သတ်၊ ကုတ်ကုတ်ကတ်ကတ်၊ တရုတ်ကတ်တံခါး၊ တုံးပေကတ်သတ်၊ တွက်ကတ်၊ နားကြားပြင်းကတ်၊ ပိဋကတ်၊ ပို့စကတ်၊ ပေကတ်ကတ်၊ မြင်ပြင်းကတ်၊ လက်ပေါက်ကတ်၊ အမြင်ကတ်၊ အလုပ်ခိုကတ်။ ဒေါက်တာတင့်ဆွေ

Small Rain မိုးနည်းနည်းရွာတယ်

Image
ကနေ့ လက်ဖက်ရည်ဆိုင်သွားတော့ မိုးဖွဲဖွဲလေးရွာနေတယ်။ မသည်းပေမဲ့ တနေကုန်လိုရွာတယ်။ နိုင်ငံရေးစကား ပြောချင်လို့ လက်ဖက်ရည်တိုက်နေကျတယောက်နဲ့ပါ။ သိချင်သူကိုပဲ အရင်မေးပါတယ်။ နိုင်ငံရေးမိုးလေဝသ ဘယ်လိုလဲ။ သိပ်ထူးတာတွေတော့ မရှိပါ။ ဒေါ်စုကျန်းမာရေ့း့ သူက စစ်တပ်ထဲမှာ ကြာခဲ့သူဖြစ်ပြီး နေရာအတော်များများကိုရောက်ထားသူ။ ကိုကိုးကျွန်းကတဆင့် ရခိုင်ကို ဟားခါး ကြယ်ငါးပွင့်သင်္ဘောစီးသွားလာရဘူးသူ။ လက်ဖက်ရည် တခွက်စီမှာတယ်။ သူက ဒေါ်စုနေမကောင်းသတင်းကြားတော့ (ဗခမက) စောမောင်သေဆုံးခဲ့ရပုံကိုသတိရပြီး စိုးရိမ်နေတယ်။ ဗခမကစောမောင်ကို အခုလိုအရေးကြီးနေချိန်မှာ (နဝတ) ဥက္ကဋ္ဌကြီး ကျန်းမာနေမှဖြစ်မယ်ပြောပြီး ဆေးခေါ်ထိုးပေးတယ်တဲ့။ မကြာပါဘူး၊ ဗိုလ်ချုပ်မှူးကြီး ရူးသွားပြီဆိုပြီး၊ (ဆရာဝန်အနေနဲ့တော့ ဒီဝေါဟာရမသုံးသင့်ပါ) နေရာကနေ ဖယ်ရှားခံလိုက်ရတယ်တဲ့။ နောက်ဥက္ကဋ္ဌတက်လာတဲ့ (ဗခမမ) သန်းရွှေဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တော့ ဒုကာကွယ်ရေးဦးချုပ်ကို တော်တော်နဲ့ မခန့်ဘူးတဲ့။ ဝါစဉ်အရရော တပ်မတော်လုပ်ထုံးလုပ်နည်းတွေအရပါ ဖြစ်ရမှာက (ဗခက) တင်ဦးတဲ့။ မခန့်ဘူးတဲ့။ (နဝတ) ဖွဲ့တော့လည်း (ဗမက) တင်ဦးက အတွင်းရေးမှူး (၂) သာနေရာရပြီး ဝါအရရော အစဉ်အလာအရပ

Gracefulness ကျက်သရေရှိခြင်း

Image
မနေ့ကပဲ Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေစာကို တင်ခဲ့ပါတယ်။ Grace, Gracefulness ကျက်သရေနဲ့ ကျက်သရေရှိခြင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ အင်မတန်ကောင်းမွန်ပါတယ်။ ချောမောတယ်၊ လှပတယ်၊ ရိုးရိုးနဲ့ယဉ်တယ်၊ တင့်တယ်တယ်ဆိုတဲ့ အရည်အသွေးတွေ ရောထားပြီး၊ အဲလိုချီးမွမ်းခြင်းမှာ တွယ်ကပ်မှု နည်းပါတယ်။ လေးစားမှုနဲ့ဖြစ်တယ်။ ကျွန်တော် အိန္ဒိယမှာနေခဲ့ရစဉ်က ဟိုစောစောပိုင်းနှစ်တွေမှာ ဓါတ်ပုံသတင်းတွေမှာသာမြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပုံပန်းကို ဖေါ်ပြချက်ပေးဘို့ရာ မိတ်ဆွေဒေသခံတဦးက စကားလုံးရွေးရခက်နေတယ်။ ကျွန်တော်က ဟင်ဒီစကား မတတ်တော့ အင်္ဂလိပ်လိုပဲ ပြောကြရတာပါ။ ကျွန်တော်ကပဲ (ဂရေ့စ်ဖူးလ်) လို့ထောက်ပေးတော့ သူဘဝင်ကျသွားတယ်။ Looking and feeling your best during pregnancy ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) စာမှာလည်း ဒီစကားစုကို သုံးထားပါသေးတယ်။ Elegant လို့ပြောတာက မော်ဒယ်တို့ ဆယ်ဘီဘရက်တီတို့သာသင့်တယ်။ Charm, Delicacy, Dignity, Gentility, Grandeur, Magnificence, Nobility, Purity, Refinement, Sophistication, Splendor, Style စကားလုံးတွေကလည်း သူ့နေရာနဲ့သူသုံးမှသာ သင့်မှန်ပါတယ်။

Reading room at home အိမ်ကစာဖတ်ခန်း

Image
Tamar Myay ဆရာ့ စလုံး နဲ့ ဆလိမ် သုံးတဲ့နေရာတွေမှာ ဒေါက်တာတွေ၊ အဆင့်မြင့်ဟိုတယ်မန်နေဂျာတွေ၊ နာမည်ရ သတင်းထောက်တွေ၊ စတဲ့လူတွေကပါ မှားနေကြတာ၊ အမှားကြာအမှန်ဖြစ်နေကြတာ။ သူတို့ရေးတဲ့ပို့စ်တွေအောက်မှာ စေတနာနဲ့ ပြင်ခိုင်းရင် အရေးမလုပ်ကြတာများတယ်။ ညတုန်းကပဲ ဆုံးမရလွယ်ကူတဲ့ ပါရမီရှိကြောင်းရေးလိုက်သေးတယ်။ ဒီလိုဖြစ်နေတာက အပင်မြင့်လေ လေတိုက်ခံရလေနဲ့ ပြောင်းပြန်။ အဆင့်မြင့်လေ အောက်ဆင်းရခက်လေ။ မြေကြီးနဲ့ဝေးလေ။ ကျွန်တော် အလယ်တန်းကျောင်းသားအရွယ်လောက်က စိတ်ကူးယဉ်ခဲ့ဘူးတယ်။ အင့်း့ ငါကြီးလာရင် အိမ်မှာ စာကြည့်ခန်းလေးတခုထားမယ်။ အဲဒီအခန်းဟာ ကြမ်းပြင်အောက် တထွာလောက်ဖြစ်ဖြစ် နိမ့်ထားမယ်။ အဲတာမှ ငါဟာ ဘဝင်ခိုက်တာနည်းမယ်လို့ တွေးခဲ့တာပါ။ ကလေးတွေးပေါ့။ လက်တွေ့ဘဝမှာ ဆရာဝန်သာဖြစ်လာ၊ နိုင်ငံရေးလုပ်သူသာဖြစ်တာ၊ ပြည်ပနိုင်ငံကြေီးတွေမှာနေရတဲ့သူသာဖြစ်လာပေမဲ့ ခုထိ အိမ်မှာ စာကြည့်ခန်းလေး မထားနိုင်သေးပါ။ စိတ်ထဲမှာတော့ ကြာလေကြာလေ တထွာမက နိမ့်နိမ့်ကျလာပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၆

Formula Feedings နို့မှုံ့တိုက်နည်း

Image
၁။ ဆရာရှင့် ကျွန်မ အသက် ၂၇ နှစ်ပါ။ အမွှာမွေးထားတာ ဒီနေ့ ခုနှစ်ရက်မြောက်ပါ။ ဆေးရုံမှာတုန်းက ဆရာမတွေက နှစ်နာရီခြားတစ်ခါနို့ တိုက်ပါတယ်။ ကလေးဆရာဝန်က ဖော်မြူလာကူခိုင်းလို့ မိခင်နို့တိုက်ပြီးတိုင်းလဲ နို့မူန့် တိုက်ခိုင်းပါတယ်။ မိခင်နို့ကတော့ လိုင်လိုင်ထွက်ပါတယ်။ အိမ်ပြန်ရောက်တော့မှ ဒုက္ခစတွေ့ ပါတော့တယ်။ သမီး ပင်ပန်းမှာစိုးလို့ဆိုပြီး၊ နေ့ည နှစ်နာရီတခါ မတိုက်ခိုင်းပါဘူး။ ကလေးတွေအိပ်နေတာကောင်းတယ် ဆာရင် ငိုလိမ့်မယ်ဆိုပြီး၊ နို့မတိုက်ရပါဘူး။ ကလေးတွေ အိပ်တိုင်းမကောင်းဘူးဆိုတာပြောပြလို့ လက်မခံကြပါဘူး။ ဖုန်းလဲ ခိုးသုံးနေရလို့ ဆရာရေးတဲ့ ပိုစ်အဟောင်းတွေလဲ ပြန်ရှာခွင့်မရပါဘူး။ ကလေးနို့တိုက်ချိန်နဲ့ ပတ်သတ်ပြီး ဆရာရေးခဲ့တဲ့ ပို့စ်ဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးတာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ကူညီပါရှင်။ ယောက်ခမနဲ့ မိဘတွေကိုပေးဖတ်ချင်လို့ပါ။ စိတ်သောကရောက်နေရလို့ ပါ။ ၂။ ဆရာရှင့် ကျွန်မသမီးက ခု ၄ လကျော်ပါပြီ။ 7kg ကျော်ကျော်ပါ။ ခု ၄ ရက် ၅ရက်ရှိပြီ နို့ကောင်းကောင်း မဆို့ဘူးဆရာ။ လူကြီးတွေအစားစားရင်စားချင်နေတယ်။ ငယ်သေးတဲ့အတွက် မကျွေးသေးပဲထားပါတယ်ဆရာ။ ခုတလောနို့မဆို့တော့ ဖြည့်စွက်စာအနေနဲ့ ကျွေးသင့်ပြီလား၊ ၆ လပြည့်မှ

Virtue ဆုံးမရလွယ်သူ

Image
မနေ့က သတ်ပုံပို့စ်အောက်မှာ တစ်မရေးသင့်တာကိုရေးလို့ ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။ ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိဘူးလို့ ရေးလိုက်ပါတယ်။ အခုပဲ တယောက်က အစားအသောက်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။ ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေး ဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။ မနေ့ကအတိုင်းပဲ ပြန်ရေးပါတယ်။ လူမှုရေးမှာ ပြုပြင်ရလွယ်သူနဲ့ တရားသဘောမှာ ဆုံးမရလွယ်သူလို့ရှိတယ်။ တော်တော်တန်တန် အခံ (ပရမီ) မရှိရင် ပြင်ဘို့ မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်။ ကိုယ့်ကျောင်းသူကျောင်းသာတွေပဲကြည့်။ တချို့သာ ရသွားကြတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၆ Sentiment ခံစားချက်လား ၁။ ရှလွတ် သရေကျ နေပီဆရာ Dr. Tint Swe ဆရာလုပ်တဲ့အကျင့်ပါလို့ သွားရည်လို့ရေးရတယ်။ သရေဆိုရင် ဘောလုံးပွဲ။ Smile ၂။ စကားလုံးတွေမှားနေတာက မြန်မာဇာတ်ကားတွေ ကြည့်လိုက်ပါခမျာ ကြေကြေနပ်နပ် မှားနေကြလိမ္မယ် ။ Tint Swe ဆရာလုပ်တဲ့အကျင့်ကပါလို့ ကျေနပ်လို့ ရေးရမယ်။ Smile ၃။ စာလုံးပေါင်းသတ်ပုံတွေကို တချို့အလေးမထားကြတော့ဘူး။ အများညီ ဤ ကို ကျွဲ ဖတ်ဆိုတာလိုဖြစ်နေကြပြီ။ Dr. Tint Swe ပြင်လာကြတာ ဆရာသိတယ်။ ဂျာနယ်တချို့ေ

Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ

Image
၁။ မင်္ဂလာပါဆရာခင်ဗျား ကျန်တော့်အသက် ၂၉ နှစ်ပါ။ ပုံပါဆေးကို မျက်နှာမှာ ၃ ရက် ၄ရက်လောက် လိမ်းရင် သိသိသာသာဖွေးလာပြှး ဝက်ခြံလဲပျောက်သွားပါတယ်ဆရာ။ အဲ့ဒါ အဲ့ဒီဆေးကိုစွဲလိမ်းရင် အသားအရေ ပျက်စီးတာမျိုး ဖြစ်တတ်ပါလား။ မျက်နှာမှာလိမ်းရင် အန္တာရယ်ရှိနိုင်ပါလားခင်ဗျ ၂။ ဆရာရှင့် အမည့့် (မ)။ အသက် ၃၆ နှစ်။ အိမ်ထောင် ရှိ။ သားသမီး မရသေးပါ။ Betnovate ကို မျက်နှာမှာ လူးရင် ဘာဖြစ်နိုင်ပါသလည်းရှင်။ Betnovate ကိုလိမ်းတာ နှစ်တော်တော်ကြာပြီ မျက်နှာကချောပြီး အဖုမရှိပါ။ ထိုဆေးကို၂–၃ ရက်လောက်မလိမ်ရင် အဖုများ နဲနဲစီထွက်ပြီး မျက်နှာကို ယားယံစေပါတယ်။ ထိုဆေးကို ဆက်လူးသင့်မလူးသင့် ဖြေကြားပေးပါရန်။ မျက်နှာရှိ အဖုများ၊ ယားယုံခြင်းများ မဖြစ်စေရန် မည်သည့်ဆေးကို သုံးသင့်ကြောင်း ဖြေကြားပေးပါရန် ၃။ သမီးရဲ့ ရင်သားဘေးမှာ အပူလောင်သလို အကောင်ကိုက်သလို အရည်ကြည်ဖု သေးသေးလေးတွေဖြစ်လို့ ဆေးလိမ်းလိုက်တာ ပျောက်သလိုရှိပါတယ်။ အကင်းတော့ မပျောက်သေးပါဘူး။ Venovate-n လိမ်းဆေးလိမ်းနေပါတယ်။ ဆရာဝန်လဲ မပြရဲဘူးဆရာရယ်။ Betnovate (ဘက်နိုဗိတ်) လိမ်းဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပြီး လူသုံးလည်းများတဲ့ လိမ်းဆေးဖြစ်တယ်။ Cream (ခရင်မ်)

Health Profile of our country မြန်မာနိုင်ငံကျန်းမာရေးအခြေအနေ

Image
သတင်း = မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားစဉ်ကာလ မိခင်သေဆုံးမှုနှုန်းက အရှေ့တောင်အာရှဒေသမှာ ဒုတိယ အမြင့်ဆုံးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာမူဝါဒတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောဆိုလိုက်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂ဝ၁၄ စာရင်းအရ ရောဂါဖြင့်သေဆုံးရမှုပေါင်းနှင့် % 1. Stroke ဆထုပ်လေဖြတ်ခြင်း 56,224 - 14.14% 2. Influenza and Pneumonia တုပ်ကွေးနှင့်နူမိုးနီးယား 40,503 - 10.19% 3. Coronary Heart Disease နှလုံးသွေးကြောရောဂါ 30,018 - 7.55% 4. Tuberculosis တီဘီ 25,455 - 6.40% 5. Lung Disease အဆုပ်ရောဂါ 19,248 - 4.84% 6. Liver Disease အသည်းရောဂါ 15,466 - 3.89% 7. Diabetes Mellitus ဆီးချို 14,431 - 3.63% 8. Asthma ပန်းနာ 13,297 - 3.34% 9. Diarrhoeal diseases ဝမ်းလျှောရောဂါများ 11,443 - 2.88% 10. HIV/AIDS 11,390 - 2.86% 11. Other Injuries အခြားထိခိုက်ဒဏ်ရာ 10,074 - 2.53% 12. Kidney Disease ကျောက်ကပ်ရောဂါ 9,708 - 2.44% 13. Low Birth Weight မွေးစအလေးချိန်မပြည့်ခြင်း 9,635 - 2.42% 14. Hypertension သွေးတိုး 8,863 - 2.23% 15. Violence အကြမ်းဖက်မှု 8,092 - 2.03% 16. L

ဒေါက်တာသန်းထွန်း မူရင်းသတ်ပုံ

Image
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရေးခဲ့တဲ့ ပဒေသာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၂ (မတ် ၁၉၄၈) ထ်ုထဲက သူပုန်သတင်းစာဆောင်းပါး ကောက်နှုတ်ချက် လူထုကို နိုင်ငံရေးအရ နိုးကြားစေမှုအတွက် အရေးပါအရာရောက်ဆုံး လက်နက်တခုမှာ စာပေဖြစ်ကြောင်း မငြင်းနိုင်ကြပါ။့ ထိုသို့ သတင်းစာဂျာနယ်ဖြင့် လူထုအုံကြွမှုကို အကယ်တိ အကျိုးထင်အောင် ဖန်တည်းပေးခဲ့သည့် ဥပမာကြီးတရပ်မှာ ဘော်လ်ရှိဗစ်ပါတီ၏ ကြွေးကြော်သံဖြစ်သော သစ္စာ ခေါ် ပရာဗ်ဒ် (Prvada) သတင်းစာပင်ဖြစ်ရာ၊ ထိုသတင်းစာကြီး။ အသုံးဝင်ပုံကို လေ့လာရန်သင့်လှပေသည်။့ ညအချိန်မှာပင် ပုံနှိပ်ရက်တန်းလန်း စက်ပေါ်၌ပင် လာရောက်ဝယ်ယူကြသဖြင့် နေ့အခါ သတင်းစာရောင်းချိန်တွင် ပုံနှိပ်တိုက်၌ ထုတ်ရောင်းရန် လက်ကျန်မရှိသလောက်ပင် တခါတရံကြုံရသည်။ မှတ်ချက် - - လက်နက်တစ်ခုမှာ မဟုတ်။ - ဥပမာကြီးတစ်ရပ်မှာ မဟုတ်။ - တစ်ခါတစ်ရံကြုံရသည် မဟုတ်။ ဒေါက်တာတင့်ဆွေ

Bile အစိမ်းရောင်သည် အလွန်ခါး၏

Image
(မနှစ်က ဒီနေ့မှာရေးတဲ့စာ) ဆရာ ကျွန်တော့်အဖေရွာ မင်းတိုင်ပင်ကတော့ ကျွန်တော်ဘောင်းဘီအတို အစိမ်းရောင် ဝတ်တာလေးကို ရွာကလူတွေက ဘာလို့ အစိမ်းရောင်ဝတ်တာလဲလို့ ပြောလိုက်ကြတာ။ အဲလောက်ထိအောင် အစိမ်းရောင် မုန်းနေကြတာ တွေးတာ ကြည့်ကြပေါ့ဗျာ။ ဟုတ့့် ကာလံဒေသံ အဂ္ဃံ ဓနံ၊ ကာလနဲ့ ဒေသ ရွေးတတ်ရမယ်လို့ ဆုံးမစကားရှိတယ်။ (ဖဆပလ) ခေတ် နောက်ဆုံးရွေးကောက်ပွဲကို ငယ်ငယ်က မျက်မြင်သက်သေဖြစ်ခဲ့ရဘူးတယ်။ ငယ်တော့ မှတ်မိတာဆိုလို့ အရောင်တွေပါပဲ။ အဝါရောင်နဲ့ အနီရောင်က အဓိကများတယ်။ ကြားထဲမှာ (ပမညတ) အပြာရောင်နဲ့ တသီးပုဂ္ဂလကို အစိမ်းရောင် ပေးထားတယ်။ ဦးနုက ဘာသာရေးကို မဲဆွယ်ရေးလက်နက်အဖြစ်သုံးခဲ့တယ်။ ဘုန်ကြီးတွေရဲ့ သင်္ကန်းရောင်နဲ့ သန့်ရှင်း (ဖဆပလ) နဲ့ အဝါရောင်ကလည်း ဆင်နေသေးတယ်။ အနီရောင် တည်မြဲ (ဖဆပလ) ကို စစ်တပ်ကအားပေးတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ယှဉ်ကြည့်ရင် ထူးခြားတိုက်ဆိုင်မှုလို့ ပြောရမှာရှိတယ်။ အရင် စစ်တပ်ကအားပေးခဲ့တဲ့အနီရောင်က အခုတော့ NLD ရဲ့အရောင်ဖြစ်လာတယ်။ အစိမ်းရောင်ယူထားတဲ့ ပြည်ခိုင်ဖြိုးကို ဘုန်းကြီးတစိတ်တပိုင်းက ပြောင်ပြောင် တင်းတင်း ထောက်ခံအားပေးနေတယ်။ ခုနေမှာ အရောင်မြင်တာနဲ့ ဘာလည်းလို့သိနေကြပြီ။ တမင်တကာ ရွေးဝ

Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း

Image
(မနှစ်ကရေးခဲ့တဲ့စာ) အမျိုးသားစိတ်ဓါတ်ဆိုတာ နိုင်ငံရေးအယူအဆတခုဖြစ်တယ်။ တိုင်းပြည်ရဲ့သရုပ်လက္ခဏာကို ထင်ဟပ်စေတယ်။ အဲဒီတိုင်းပြည်ရဲ့ ဆုံးဖြတ်ချက် (ဦးတည်ချက်) နဲ့ လုပ်ဆောင်မှု (ပေါ်လစီ) တွေကို ပြဋ္ဌာန်းတယ်။ အမျိုးသားစိတ်ဓါတ် အခြေခံနှစ်ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့ အခြေအနေတွေအရ တည်ဆောက်မှုပြောင်းစေတာဖြစ်ပါတယ်။ နှစ်မျိုးလုံးက အတိတ်ကိုအခြေခံပါတယ်။ လက်တွေ့မှာ တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ (၁) တမျိုးတည်းသော ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ နိုင်ငံရေးအယူအဆတွေသာရှိတာနဲ့ (၂) နောက်တမျိုးက အမျိုးအစုအများအပြားကို လက်ခံတာဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဒုတိယအမျိုးအစားဖြစ်တယ်။ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်တယ်။ ပြည်တွင်းစစ်အထိဖြစ်တယ်။ အမျိုးသားစိတ်ဓါတ်ဟာ တိုင်းတပါးအန္တရာယ် ကြုံတဲ့အခါနဲ့ ကိုလိုနီဆန့်ကျင်ရေးမှာ အသုံးချဘို့ အကောင်းဆုံးလက်နက်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်ဆိုတာကို အခု

Tongue protrudes လျှာထွက်ရခြင်း

Image
ခေတ်ပေါ်တွေက ပိုကောင်း ပိုမြန် ပိုသွက်တယ်။ ဖုန်းနဲ့အလုပ်တွေ အများကြီးလုပ်နေကြတယ်။ ဒါပေမဲ့ ခေတ်ပေါ်တိုင်းမှာ အားနည်းချက်လည်းရှိတယ်။ ဖေ့စ်ဘွတ်ပေါ်တော့ သတ်ပုံတွေပိုပျက်တာတော့ မငြင်းပါနဲ့တော့။ ဖုန်းထဲထည့်လို့ရတဲ့ ကီးဘုတ်အရသာ စာရိုက်နိုင်ကြတယ်။ အချိန်ကုန်မခံချင်တာလည်းပါသေးတော့ အလွယ်လမ်းပဲ ရွေးမိကြတယ်။ ပိုပြီးမှားစေတယ်။ ဖုန်းထဲမှာ အရာရာဆိုသလောက် အက်ပ်တွေ ထည့်ထားနိုင်ပြီ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်လည်းအမျိုးမျိုး။ ကောင်းပါတယ်။ ဒါပေမဲ့ တလောက ကျွန်တော်စာကူသင်နေတဲ့ကျောင်းမှာ အမေရိကန် သမတလောင်းတွေသတင်း ဖတ်ခိုင်းတယ်။ ဒေါ်နယ် ထရမ့် နာမည်လည်းပါတာပေါ့။ သိတဲ့အတိုင်း ဒေါ်နယ်ဆိုတာတော့ ပြောစရာမလို။ ထရမ့်ကိုမသိတဲ့ကျောင်းသားက သူ့ဖုန်းလေးထဲမှာ လိုက်ရှာတယ်။ Trump လို့ ရိုက်တော့ ဖုန်းအဘိဓာန်က အနီးစပ်ဆုံးစကားလုံးတွေ ရှာပေးတယ်။ ကြောင်ရှာသီးတဲ့။ ကျောင်းသားခင်ဗျာ ဘယ်လိုမှဆက်စပ်မရ၊ ဒုက္ခရောက်နေလို့ ကျွန်တော့ကိုမေးပါလေရော။ Trumpet ကိုပြောတာနဲ့ လူနာမည်ဖြစ်ကြောင်း ရှင်းပြရတယ်။ အမှန်က Trumpet ဆိုတာ တူရိယာပစ္စည်းတခုပါ။ ကြောင်လျှာပင်ကို Indian Trumpet လို့ခေါ်ကြတယ်။ Broken Bones နဲ့ Damocles Tree လို့လည်းခေါ်တယ်။ ရ

You are Specialists အထူးကုများ

Image
ဒေါ်စုနေမကောင်းလို့ ကျန်းမာရေးစစ်ဆေးကုသမှုခံယူနေတဲ့ပုံတွေတင်နေကြတယ်။ နာရီပိုင်းတွေအလိုက သမတရုံး ပြောရေးဆိုခွင့်ရှိသူအဆိုအရ အစာအိမ်နဲ့ ကျီးပေါင်းတက်တာလို့သိထားရတယ်။ အဲတာဆို အစာလမ်းကြောင်း အထူးကုနဲ့ အရိုးအထူးကုတွေဆီ သွားရမယ်။ လိုသေးရင် ဖီဇီကယ်သာရာပီ။ အင်ဘက်စတီဂေးရှင်းခေါ် စစ်ဆေးးမှုလုပ်တဲ့ နေရာဌာနတွေသွားရမယ်။ ဒါက လိုနိုင်တာတွေကို အပြေးအလွှားရေးတာပါ။ ဒီစာလေးမှာ ရေးချင်တာက ဒေါ်စု အမျိုးသမီးရောဂါဖြစ်စဉ်က ခွဲစိတ်ကုသပေးခဲ့တဲ့ မိသားစုဆရာဝန်က ဒေါ်စုနဲ့အတူ တခြားနေရာဌာနတွေကို လိုက်ပို့ရတယ်။ အမျိုးသမီးဆရာဝန်တွေကို ပုံမှာမြင်ရတယ်။ အထူးကုဆရာဝန်တွေချည်းသာ ဖြစ်ပါမယ်။ ဘာသာရပ်တိုင်းမှာ အထူးကုရှိတယ်။ ဘာသာရပ်တခုတည်းမှာကို ထပ်ခွဲထားသေးတယ်။ လူတိုင်းဟာ ကိုယ်သန်ရာ၊ ဆိုင်ရာနယ်ပယ်မှာ အထူးဖြစ်ကြရတယ်။ အဲတာမှ လိုအပ်သူလာရင် ဒိုင်းကနဲ ပြောဆိုလုပ်ကိုင် လုပ်ပေးနိုင်မယ်။ ဆရာဝန်တွေမှ မဟုတ်ပါ။ နယ်ပယ်တိုင်းမှာ အထူးကျွမ်းကျင်နေကြတာရှိတယ်။ ဥပမာ ပြည်တွင်းက ကျွန်တော့်ညီတယောက် ကုန်သည်ပွဲစားပါ။ ကျောင်းပညာမှ ဆယ်တန်းသာအောင်တယ်။ သူရောင်းဝယ်တဲ့ပဲဆိုရင် သူ့နေရာလေးတနေရာတည်းကမဟုတ် တကမ္ဘာလုံးကပဲအခြေအနေကို မှန်းဆတတ်တယ်။ မိုးလေဝသ၊ ကိန်းဂဏ

Presidential Debate (1) စကားစစ်ထိုးပွဲ (၁)

Image
အမေရိကန်သမတလောင်းနှစ်ဦး စကားစစ်ထိုးပွဲ ပဌမအချီ ပြီးသွားပါပြီ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ မက်ဆီကို ကုန်သွယ်ရေးလုပ်ဆောင်မှုဟာ တသက်တာမှာ တခုတည်းသော အဆိုးဝါးဆုံး ကုန်သွယ်မှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။ အမေရိကန်ဖက်က အရှုံးချည်းလို့ပြောတာပါ။ ကလင်တန်ကလည်း ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်အခွန်ဆောင်တာ ထိန်ချန်ကိုထောက်ပြပြီး တိုက်ခိုက်ပါတယ်။ ဦးဒေါ်နယ်ထရမ့်ကတခါ  လက်ရှိသမ အိုဘားမာရဲ့ဇာတိမြို့ ချီကာဂိုမှာ မှုခင်းတွေများလွန်းတာကို ထောက်ပြပြီး (လော-အင်-အော်ဒါ) မရှိဖြစ်နေတယ်လို့ မြန်မာပြည်မှာ အာဏာသိမ်းစစ်အစိုးရ (နဝတ) အသုံးအတိုင်း ပြောပါတယ်။ ဒေါ်ကလင်တန်ကလည်း တချိန်လုံးလိုလို ဒေါ်နယ်ထရမ့်ကို ခံစစ်ဖြစ်နေအောင် ထိုးနှက်ပါတယ်။ နှစ်ယောက်လုံးဟာ တီဗွီမှန်သားပေါ်မှာ ငယ်ရုပ်တွေဆင်ထားကြတယ်။ ဒေါ်နယ်ထရမ့်ကြည့်ရတာ တခါတခါ ဘီလ်ကလင်တန်နဲ့တူသလိုလို။ ဟယ်လရီကလင်တန်ကလည်း တက်ကြွ သွက်လက်နေတယ်။ သူပြောနေစဉ်မှာ ဒေါ်စုနေမကောင်းဖြစ်နေတာကို သတိရမိလို့ စိတ်မကောင်းဖြစ်မိတယ်။ နှစ်ယောက်လုံးက ကိန်းဂဏန်းအချက်အလက်တွေ အလွတ်လက်တန်းပြောနိုကြတယ်။ ပွဲအပြီးမှာ အကဲဖြတ်ချက်တွေတက်လာနေတယ်။ (စီအင်အင်) ကတော့ ဒီပွဲမှာ ကလင်တန်က ၆၂% နဲ့ ဒေါ်နယ်ထရမ့် ၂၇% လို့ ဆ

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်

Image
ဆရာ ကျွန်တော့်အမ ၂၉နှစ် Multiple sclerosis ရောဂါဖြစ်နေတာ ၁ နှစ်ရှိပြီဆရာ။ MRI မှာလဲ ဖြစ်တဲ့နေရာ မတွေ့ရဘူးဆရာ။ အခုတော့ မျက်စိ၂ ဖက်လုံးကွယ်သွားတာရက်ပိုင်းပဲရှိသေးတယ်။ ပြန်မြင်ပါ့မလားဆရာ။ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာသိတာလေးတွေ အချိန်ရရင် တင်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ • အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက် ၂ဝ နဲ့ ၄ဝ ကြား ရောဂါရှိမှန်းစသိတာ များတယ်။ • အာရုံကြောဆဲလ်လေးတွေကို ဖုံးအုပ်ပေးထားတဲ့ (မိုင်လင်ရှိ) ဆိုတာ ပျက်စီးလို့ဖြစ်ရတယ်။ အဖုံးပျက်သွားလို့ အာရုံကြောရဲ့ အလုပ်တွေ နှေးကွေးတာ မလုပ်နိုင်တော့တာဖြစ်လာတယ်။ • ရောင်ရမ်းဖြစ်စဉ်ကြောင့် အာရုံကြောဆဲလ်လေးတွေ ထိခိုက်ခံရတယ်။ ဦးနှောက်၊ မျက်စိအာရုံကြောနဲ့ ခါးရိုးမကြီးထဲက အာရုံကြောတွေကိုထိခိုက်စေတယ်။ • ဘာလို့ဖြစ်သလဲ အတိအကျမသိရသေးပါ။ ဗိုင်းရပ်စ်လား မျိုးဗီဇလားဖြစ်နိုင်တယ်။ • ခံစားရတာတွေက အမျိုးမျိုးရှိတယ်။ တခါဖြစ်တာဟာ ရက်ပိုင်း၊ ရက်သတ္တပါတ်တွေကနေ လအထိကြာနိုင်တယ်။  သက်သာချိန်တွေကြာထဲမှာရှိပါတယ်။ ဖျားလို့၊ ရေပူချိုးလို့၊ စိတ်ဖိစီးမှုများလို့ကနေ ရောဂါထလာနိုင်တယ်။ • ကိုယ်ကိုထိန်းနိုင်မှု နည်းခြင်း၊ ကြွက်သားတွေလှုပ်ခြင်း၊ ထုံခြင်း၊ ခြေလက်လှုပ်ရတာ ခက်ခဲခြင်း၊

Presidential Debate စကားစစ်ထိုးပွဲ

Image
ခဏနေရင် (ပရက်ဆီဒင်ရှယ် ဒီဘိတ်) ခေါ်တဲ့ အမေရိကန်သမတတောင်းနှစ်ဦး စကားစစ်ထိုးပွဲ (လိုက်ဖ်) တိုက်ရိုက်ထုတ်လွှင့်တာ လာပါတော့မယ်။ နေ့ခင်းကတည်းက (ဒီဘိတ်) အမျိုးမျိုးမှာ နာမည်ရခဲ့သူတွေကို အင်တာဗျူးလုပ်တာတွေ (အင်ပီအာ) ခေါ် လူကြိုက်များတဲ့ (အက်ဖ်အင်မ်) ရေဒီယိုကနေ လာနေတယ်။ ကောလိပ်ကျောင်းသူကျောင်းသာတွေပါတယ်။ (ဒီဘိတ်) ကို စကားရည်လုပွဲလို့ ခေါ်ကြတယ်။ ကျွန်တော်ငယ်ငယ်က စကားရည်လုပွဲတွေ သွားနားထောင်ဘူးခဲ့ပါတယ်။ တခါမှတော့ ဝင်မပြောခဲ့ဘူးပါ။ နာမည်ကြီး စကားအပြောအဟောကောင်းသူတွေပြောကြတာ နာယူမှတ်သားစရာတွေ ရခဲ့ပါတယ်။ ဆရာဘုတလင်ချစ်လေးတို့၊ ဂုဏ်ထူးဦးသိန်းနိုင်တို့ပြောကြာတာ ခုထိမမေ့ပါ။ မြန်မာပြည်မှာ ခုခေတ်စားလာတာက (တီဗွီ ဒီဘိတ်) ဖြစ်မယ်ထင်ပါတယ်။ ကျောင်းတွေ၊ အသင်းအပင်းတွေကနေ စီစဉ်သင့်ပါတယ်။ နည်းတော့ စကားရည်လုတဲ့အခါ ပြောရဆိုရတဲ့ သဘာသဘာဝအသိ တိုးတက်လာတာနည်းမယ်။ လက်ခုပ်တီးအောင် ရွေးပြောတာထက် တက်သင့်ပါတယ်။ ရီမောစရာ ကောင်းပါတယ်။ ရသပါတာလည်း ကောင်းပါတယ်။ အချက်အလက်ကို ဦးစားပေးတာပါ ဖြစ်လာသင့်ပါတယ်။ ကိုယ်တင်တာမှာ ခိုင်မာမှုရှိတာမျိုး၊ တဖက်လူကို အဆင့်ရှိရှိချေပတာမျိုး၊ စကားအသုံးအနှုန်း လေးနက်ယဉ်ကျေးတာမျိုး၊ ပညာရစေတာမျိ

Merit Culture ကောင်းတာပြုတဲ့ ယဉ်ကျေးမှု

Image
ကျွန်တော်က ပစ္စည်းဥစ္စာ မချမ်းသာ၊ လှူဒါန်းပေးကမ်းနိုင်တာလည်း ခပ်သေးသေးသာ။ တတ်နိုင်တာလေးတွေတော့ ရှိတယ်။ တတ်တဲ့ပညာကို ပြောတာပါ။ မနေ့က ပြည်တွင်းထဲမှာနေကြတဲ့ အသိမိတ်ဆွေနှစ်ယောက်ရဲ့ ကျန်းမာရေးသတင်းသိရလို့ အပတ်တကုတ်ရေးထားတဲ့ ဆေးပညာစာလေးတွေကို သိသိချင်း ချတ်ဘောက်စ်ကနေ လှမ်းပို့ပေးနိုင်ခဲ့တယ်။ တယောက်က ဟိုဟိုသည်သည် မြို့ကြီးတွေကို သွားလာ ပြောဟော သင်ကြားနေတဲ့သူ။ သူ့မှာ သွေးတိုးတာ အခုမှသာသိသတဲ့။ သွေးတိုးစာ သုံးပုဒ်ပို့လိုက်တယ်။ နောက်တယောက်က အညာတခွင်မှာ ဟိုဟိုသည်သည် တောရွာဇနပုဒ်လေးတွေမှာ လူမှုရေးတွေ လိုက်လုပ်နေတဲ့သူ။ သူ့မှာ ကျောက်ကပ် မကောင်းတာသိရလို့တဲ့။ ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်းစာ ပို့ပေးလိုက်ပါတယ်။ မိတ်ဆွေတွေသာမကပါ ဒေါ်စုကျန်းမာရေးသတင်းနဲ့ဆက်ပြီး အရိုးကျီးပေါင်းတက်ခြင်းစာလည်း တင်ဖြစ်ပါတယ်။ ကိုယ့်အတွက်လည်း မ, စမဲ့သူတွေရှိတယ်။ တမြန်နေ့လောက်က ဆရာ့လိပ်စာပြောင်းသေးလား၊ စားစရာလေးတွေနဲ့ လက်ဖက်ခြောက် ထပ်ပို့ချင်လို့တဲ့။ သူလိုပို့ပေးသူတွေဆီကရတဲ့ လက်ဖက်ခြောက်ရေနွေးကြမ်းသောက်ရင်း အခုစာလေး ရေးနေတာပါ။ လူတိုင်းကိုယ်စီမှာ ကိုယ်ကပေးနိုင်တာ ရှိကြတယ်။ ရလာတာလည်း ရှိကြတယ်။ သင့်ထိုက်မှသာ ပေးခွင်

Spondylosis အရိုးကျီးပေါင်းတက်ခြင်း

Image
သတင်း = ဒေါ်အောင်ဆန်းစုကြည် အစာအိမ်နှင့် အရိုးကျီးပေါင်းဒဏ်အချို့ ခံစားနေရ အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုးအဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲပျက်ယွင်းလာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြောဆိုတာက နာတာကို သိတာနဲ့ လှုပ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထားမမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ အုံးလွဲတယ်ခေါ်တာမျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်းပါတယ်။ ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့တခုကြားနေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက

Doxycycline (ဒေါက်ဆီဆိုက်ကလင်း)

Image
၁။ ဆရာရှင့် သမီးက ပထမနှစ်ကျောင်းသူပါ။ ဝက်ခြံပေါက်လို့ doxy သောက်တာ သက်သာတဲ့ရှင့်။ နေရောင်ထဲသွားလို့ ရလားရှင့်။ သမီးက ကျူရှင်သွားနေရလို့ပါ။ ၂။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၄၂ နှစ်ပါ။ လွန်ခဲ့သော ၄ လလောက်က ထိုင်းနိုင်ငံထုတ် အလှကုန်တစမျိုးအား အသုံးပြူ ပြီးနောက် မျက်နှာပေါ်တွင် အဆီဖုမေးရိုးတစ်ဝိုက်တွင် အဆိုးဆုံးထွက်လာတယ်။ သူငယ်ချင်းတယောက်က ပြောလာတာက Doxycycline ဆေးတောင့် ညအိပ်ခါနီးသောက်ပေးဘို့ပါ။ ဆေးရဲ့ အကျိုးအပြစ်များနဲ့ သောက်သုံးရန် သင့်မသင့် မေတ္တာရှေ့ထား၍ ဆရာအချိန်ရတဲ့အခါ ဖြေကြားပေးပါဆရာ။ ကျန်းမာပကတိ ချမ်းသာစွာ အမြဲရှိပါစေရှင့်။ Doxycycline (HCl) ဆိုတာ Achromycin, Vibramycin တွေလိုဘဲ Tetracycline (တက်ထွာဆိုက်လင်း) တမျိုး ပိုးများစွာကိုနိုင်တဲ့ ပဋိဇီဝဆေး၊ဖြစ်တယ်။ ဗက်တီးရီးယားတွေကို မျိုးမပွါးစေအောင် လုပ်ပေးတယ်။ ဆေးကုမ္ပဏီတွေက ပေးတဲ့နာမယ်တွေက Adoxa, Alodox, Avidoxy, Doryx, Monodox, Oracea, Oraxyl, Periostat, Vibramycin Calcium, Vibramycin Monohydrate, Vibramycin, Vibramycin Hyclate, Vibra-Tabs တွေဖြစ်တယ်။ ဝက်ခြံ၊ Blemishes, Bumps, Acne-like lesions ခေါ်တဲ့ မျက်နှာမှာ ဝက်ခြံလို အနီဖုလေး

Water requirements ရေဘယ်လောက်သောက်ရမလဲ

Image
ဆရာ ကျမကျန်းမာရေးအမေးအဖြေအစီအစဉ်မှာ ဝင်ဖြေမလို့ပါရှင့်။ ကျမသိချင်တာလေးတွေ မေးခွင့်ပြုပါဆရာ။ လူတယောက်ဟာ တနေ့မှာ ရေအနည်းဆုံး ဘယ်လောက်သောက်သင့်ပါသလဲဆရာ။ မေးတာကောင်းတယ်။ အရင်က ရေးထာရတာ မမှန်တာတွေရေး-ပြောနေကြတာတွေ့ခဲ့လို့ပါ။ ၁။ ဆရာ သမီးက လွန်ခဲ့တဲ့ လေးလက ဆီးပြွန်မှာကျောက်ရှိလို့  Asia royal မှာ renal stone ဖယ်ခဲ့ဖူးပါတယ်ဆရာ။ ဆေးရုံကဆင်းပြီးနောက်ပိုင်း ရေများများလည်းသောက်ဖြစ်ပါတယ်ဆရာ။ လုပ်နေတဲ့အလုပ်က ထိုင်ရတာ များတယ် ဆရာ။ meeting တခါထိုင်ရင် ၉ နာရီလောက် ထိုင်ကြတယ် ဆရာ။ coffee break/ lunch တော့ အချိန်နည်းနည်း ပေးတယ်ဆရာ။ ferry စီးတော့လည်း နှစ်ယောက်ထိုင်ခုံမှာ သုံးယောက်ထိုင်ရလို့ ခါးအမြဲ နာပါတယ် ဆရာ။ ဒါတွေနဲ့ ပက်သက်လား မပက်သက်လားတော့ မသိဘူးရှင့်။ လွန်ခဲ့တဲ့ သုံးလေးရက်က ခါးနာပြီးတော့ အခုကျ ဆီး အရမ်း နည်းလာပါတယ် ဆရာ။ ရေဘယ်လောက်သောက်သောက် နည်းနည်းဘဲသွားလို့ ကြောက်လာမိတယ်ဆရာ။ ရာသီဥတု ပူလာလို့ ဆီးအရင်လို မသွားတာမျိုးနဲ့ဆိုင်တာလား၊ ကျောက်ကပ်တခုခုများ ဖြစ်လို့များလားဆိုတာ။ ၂။ ဆရာ သမီးကအသက်၂၈ ပါ။ ကိုယ်ဝန် ငါးလနဲ့ပါ။ ခုရက်ကရာသီဥတုက အေးနေတော့ ရေသောက်နည်းနေပါတယ်။ ကိုယ်ဝန်ဆောင် ရေသောက်မနည်းရဘူး သိထ

Wheelchair ဘီးတပ်ကုလားထိုင်

Image
ဒေါ်စုသတင်းကို စိတ်မကောင်းကြီးစွာနဲ့ တင်တာ၊ ရှယ်တာတွေဖတ်ရတယ်။ ကျွန်တော်လည်း အားကျမခံရေးပါဦးမယ်။ တော်တတ်၊ ထူးချွန်၊ အောင်မြင်မှုသတင်းမျိုးကို လိုက်ပြီးတုပတာမဟုတ်လို့ အပြစ်မမြင်လောက်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ခြေကျိုးလို့ ဘီးတပ်ကုလားထိုင်နဲ့ ခရီးသွားရဘူးတယ်။ ဒေလီမှာ ကျွန်တော်က ဆိုင်ကယ်လေးနဲ့ ကလေးနှစ်ယောက်ရဲ့ စက်ဘီးတစီးနဲ့ လမ်းဆုံတခုမှာ ရှောင်ကြရင်း ဘယ်ဖက်ဒူးအောက် အရိုးတချောင်းကျိုးသွားတယ်။ ခွဲစိတ်ပြုပြင်ပြီး၊ သတ္တုချောင်းထည့်ရတယ်။ သက်သာတော့ ချိုင်းထောက်နှစ်ချောင်းနဲ့ သွားလာရတယ်။ အဲဒီကာလမှာပဲ ဆွီဒင်နိုင်ငံမှာ ပြည်ပရောက်အမတ်တွေအစည်းအဝေးရှိတော့ ဘီးတပ်ကုလားထိုင်နဲ့ ရောက်အောင် သွားပါတယ်။ အဆင်ပြေပါတယ်။ တခြားအမတ်တွေက ဟိုနေရာသည်နေရာရွှေ့တိုင်း ဝိုင်းကူတွန်းပေးကြတယ်။ ပုံထဲမှာ မန္တလေးက အမတ်-ဝန်ကြီး ဦးသိန်းဦး။ ကျွန်တော် ခြေထောက်ကျိုးတော့ အိန္ဒိယ အထက်လွှတ်တော် အမျိုးသမီးအမတ် (နင်မလာ ဒက်ရှ် ပန်ဒေး) က အားပေးတယ်။ ကျမလည်း ခြေကျိုးပြီးတော့ အမတ်ဖြစ်တယ်တဲ့။ သူက ဂန္ဒီရဲ့အကြမ်းမဖက်လမ်းစဉ်မှာ နံပတ်တစ်။ သမတကရွေးခန့်တဲ့ အထက်လွှတ်တော်အမတ်ဖြစ်ပါတယ်။ သူပြောတော့ အားတက်တယ်။ ရာထူးတိုးတာတော့ မဟုတ်ပါ။ နိုင်ငံရေးထဲမ