Alinamin F ထိုးဆေး

ဆရာခင်ဗျာ ပုံပါ‌ဆေးကို‌လေဖြတ်ကာကွယ်‌‌ဆေးအဖြစ် မြန်မာပြည်မှာထိုး‌ပေး‌နေပါသည်။ အ‌မေရိကန်ထုတ်ဟု ပြော‌ရောင်း‌နေပါသည်။ မြန်မာ‌ငွေ ၁၂၀၀ သာရှိပါသည်  အကျိုးအပြစ် ရှင်းပြ‌ပေးပါခင်ဗျား။

Alinamin-F ဆိုတာ Disulfide 50 mg နဲ့ Fursultiamine ထိုးဆေးဖြစ်တယ်။ Fursultiamine HCl တမျိုးတည်းပါတာနဲ့ riboflavin ပါတာ ၂ မျိုးရှိတယ်။ B1 ဗီတာမင် ဘီ-၁ နဲ့ B2 ဘီ-၂ နည်းသူတွေကိုပေးတယ်။ ဘီ-၂ ထဲက Alinamin-F သာပါတယ်။ beri-beri ဘယ်ရီဘယ်ရီရောဂါနဲ့ neuritis အဖျားအနားအာရုံကြောရောင်တာတွေကိုပေးတယ်။ ဗီတာမင်ဘီ-၁ နဲ့ ဘီ-၂ တွေ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ခါတိုင်းထက်ပိုလိုအပ်တယ်။ ဝမ်းလျှောသူ၊ အစာလမ်း အဆင်မပြေ ဖြစ်သူတွေကိုလည်း ပေးနိုင်တယ်။

လေဖြတ်တာကို မကာကွယ်ပါ။ ဆောရီး

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး