မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 13, 2017

Angioedema အင်ဂျီအိုဒီးမား

မေးခွန်းကို အင်္ဂလိပ်လိုရေး မေးတယ်။ အသက်စတာ မပါလို့ မေးနည်းစည်းကမ်းပို့လိုက်တော့ အသက် ၂ဝ၊ အမျိုးသမီး။ ဆရာဝန်ပြတော့ ဒီရောဂါလို့ပြောတယ်။ စာမေးပွဲလည်း ဖြေနေရသတဲ့။

Angioedema လို့လည်းခေါ်တယ်။ အရေပြားရဲ့ ဒါးမစ်နဲ့ သူ့အောက်လွှာ ရုတ်တရက်ရောင်ရမ်း နီမြန်းလာတယ်။ အလာဂျီကြောင့်ဖြစ်တဲ့ အာတီကေးရီးယာ ခေါ် အင်ပြင်နဲ့ ဆင်တယ်။ အဲတာကတော့ အပေါ်ဆုံးအလွှာမှာသာဖြစ်တယ်။

တချို့မှာ ရုတ်တရက် အမြန်ဖြစ်ပြီး လည်ချောင်းရောင်တာ၊ အသက်ရှူရခက်တာဖြစ်ရင် အရေးပေါ်ကုသရပါမယ်။ Epinephrine ဆေးနဲ့ ကောင်းမယ်။ မွေးရာပါဖြစ်တာမျိုးကတော့ အဲဒီဆေးနဲ့ အဆင်မပြေပါ။ ဆောရီး။

မွေးရာပါမဟုတ်တာကို Acquired angioedema (AAE) ခေါ်တယ်။ ဘာလို့ဖြစ်မှန်း မသိပါ။ ဆောရီး။ အလာဂျီလို တခုခုနဲ့မတည့်တာကို စဉ်းစားရမယ်။ တချို့ဆေးတွေနဲ့ မတည့်သလား။ ဥပမာ သွေးကျဆေး ACE inhibitors ဆေး။
အစားအသောက်တွေကိုလည်း သတိထားစားသုံးသင့်တယ်။

ဖြစ်ရင် ရောင်လာမယ်။ မျက်နှာ၊ နှုတ်ခမ်း အဖြစ်များတယ်။ လျှာ၊ ကိုယ်လက်၊ လိင်အင်္ဂါတွေမှာလည်း ဖြစ်နိုင်တယ်။

မွေးရာဖြစ်တာကို Hereditary angioedema (HAE) ခေါ်တယ်။ အမျိုးအစာခွဲ (၃) ခုရှိတယ်။

ကုသရာမှာ ဖြစ်လာရင် Cetirizine ဆေးပေးတယ်။ တနေ့ ၁ ပြား။ လိုအပ်ရင် တိုးသောက်ရမယ်။ Desensitization ခေါ် မတည့်တာနဲ့ ယဉ်ပါးအောင်လုပ်နည်းလည်းရှိတယ်။

မွေးရာပါအမျိုးအစားအတွက် danazol, oxandrolone နဲ့ methyltestosterone ဆေးတွေသုံးနိုင်တယ်။

မွေးရာပါမဟုတ်တဲ့ အမျိုးအစားအတွက် tranexamic acid သို့ ε-aminocaproic acid ဆေးတွေသုံးနိုင်တယ်။ Cinnarizine ဆေးလည်းသုံးနိုင်သေးတယ်။

ယူအက်စ်အေမှာ အရေးပေါ်ဌာနကို တနှစ် လူနာပေါင်း ၈ သောင်းကနေ တသိန်း တသောင်းကျော်လာတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.