Bad words ဖရုသဝါစာ

• ဖရုသဝါစာ = ကြမ်းတမ်း ယုတ်မာ တိုင်းထွာ ဆဲရေးခြင်း၊
• သမ္ဖပ္ပလာပဝါစာ= အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း၊

ဆဲရေးတိုင်းထွာတာကို အင်္ဂလိပ်လို Curse (cuss) လို့လဲခေါ်တယ်။ မကောင်းတဲ့စကားလုံးတွေ၊ ညစ်ညမ်းတဲ့ စကားလုံးတွေ၊ အပြစ်ဖြစ်တဲ့စကားလုံးတွေ၊ ဆဲဆိုတဲ့စကားလုံးတွေ၊ မဖွယ်မရာစကားလုံးတွေ၊ စော်ကားတဲ့စကားလုံးတွေ စသဖြင့် ယဉ်ကျေးသူအများစုက လက်မခံနိုင်ကြတာတွေ ဖြစ်ပါတယ်။ ဆဲတာသာမက ကျိန်ဆဲသလိုလည်းဖြစ်တယ်။
ဆဲရေးတိုင်းထွာတာကို ဘာသာရေးနဲ့ လိင်ပိုင်းအရာတွေနဲ့ဆိုင်တာများတယ်။ ဘာသာရေးမှာအဲလိုပြောတာကို Blasphemy လို့ ခေါ်တယ်။ ဒါ့ပြင် ကိုယ်အမူအယာနဲ့ မဖွယ်မရာလုပ်တာလဲ ပါသေးတယ်။

Profanity ဆဲတာနဲ့ဆိုင်တဲ့ အင်္ဂလိပ်လိုစကားလုံးတွေလို့ သတ်မှတ်ထားတာရှိပါတယ်။
• Ass ဖင် (စအို)၊
• Bastard မိမစစ် ဖမမစ်ကမွေးလာသူ၊
• Bitch ခွေးမ၊ မကောင်းတဲ့မိန်းမ၊
• Cocksucker ကျားအဂ်ါစုပ်သူ၊
• Cracker လူဖြူကောင်၊
• Cunt မအင်္ဂါ၊
• Damn အပြော့စားဆဲခြင်း၊
• Dick ကျားလိင်အင်္ဂါ၊
• Freaking လိင်ဆက်ဆံမှု၊
• Fuck ဖို-မဆက်ဆံမှု၊
• Hell ငရဲ၊
• Jerk off ဖါသာလိင်အာသာဖြေခြင်း၊
• Motherfucker မအေနဲ့ကိုင်ဆဲခြင်း၊
• Nigger လူမဲကောင်၊
• Piss သေးပေါက်၊
• Poon မိန်းမလိင်အင်္ဂါကဲ့သို့၊
• Prick ယောက်ျားလိင်အင်္ဂါ၊
• Prostitute ဖါသည်မ၊ လိင်ကိုငွေနဲလဲသူ၊
• Pussy မိန်းမကိုယ် (လိင်)၊
• Quim မိန်းမကိုယ် (လိင်)၊
• Shit မစင်၊
• Slut မကောင်းတဲ့မိန်းမ၊
• Tit နို့၊
• Whore ဖါသည်။

ကျွန်တော်တို့ငယ်စဉ်က စာသင်ကျောင်းတွေမှာ ပြည်သူ့နီတိသင်ပေးတယ်။ ကျောင်းမတက်ရခင် ဘုန်းကြီးကျောင်းတွေက ယဉ်ကျေးမှုသင်ပေးတယ်။ အခုတော့ ဆဲရေးတာကို ဘယ်သူတွေက သင်ပေးနေသလည်း။ ကိုယ်ပိုင်ယဉ်ကျေးမှု စည်ပင်ထွန်းကားတဲ့မြန်မာပြည် ပြန်ဖြစ်လာပါစေ။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၅
၁၄-၁-၂ဝ၁၆
၁၄-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး