ကျောက်တန်း မုံ့ဟင်းခါး

အင်ဒီယာနာမှာ စားရတယ်။ ဆရာ လာစားပါ၊ ဘာနေ့လည်း။ ဘာနေ့ရယ် မဟုတ်ပါ။ ကျွန်တော် ချက်ထားတာ။ ငန်ပြာရည်မသုံး၊ ပဲမသုံး၊ ငါးနဲ့သာချက်တာတဲ့။ အခုပဲ ၂ ပန်းကန်စားခဲ့တယ်။ လက်ဖက်ခြောက်ကလည်း စပယ်နံ့လေး မွှေးနေတာပဲ။

နယူးဒေလီမှာရော၊ အင်ဒီယာနာပလစ်မှာရော မုံ့ဟင်းခါးချက်ကောင်းသူတွေရှိတယ်။ ဖိတ်ကျွေးကြတယ်။ အိမ်လာပို့ကြတယ်။ တယောက်ကမှ မွတ်ငါးတို့၊ မွန်းဂါးတို့ မပြောကြပါ။ ကျွန်တော်တို့တတွေက ပြည်ပမှာနေကြရတာ။ မြန်မာအစားအစာတွေစားပြီး၊ မြန်မာစာ မြန်မာစကား မှားမပြော မှားမရေးကြပါ။ နာမည်မှားခေါ်တဲ့ မုံ့ဟင်းခါးထက် ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး