မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, January 24, 2017

ပြန့် နှင့် ပျံ့

ဆရာ ကျယ်ကျယ်ပျံ့ပျံ့ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဘယ်ဟာအမှန်ပါလဲဆရာ

ပြန့်
ကားကားပြန့်ပြန့်
ကျယ်ပြန့်သည်
ပြန့်ပွါးသည်
ပြန့်ဖြူးနေသည်
ပြန့်ပြောကြွယ်ဝသည်
ဖြန့်၍ ပြန့်သည်
သန့်ပြန့်စင်ကြယ်
မြေပြန့်ညီညာသည်

ပျံ့
ဂုဏ်သင်းပျံ့နှံ့သည်
စကားပျံ့လွင့်သည်
စိတ်ပျံ့လွင့်သည်
ညှင်းညှင်းပျံ့ပျံ့
တန်းခိုပျံ့နှံ့သည် (ယခင်သုံး)
ပျံ့ပျူးသည်
ပျံ့နှံ့ကျော်ကြားသည်
လှိုင်လှိုင်ပျံ့သည်
သင်းပျံ့သည်
မွှေးပျံ့သည်

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.