မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 21, 2017

ကျ နဲ့ ကြ

၁။ ကျ နှင့် ကြ အသုံးကိုလည်း တင်ပေးစေလိုပါတယ်။
၂။ ဆရာ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။ တစ်ခါရေးဖူးသလားဆရာ။ ပြန်ရှာကြည့်ချင်လို့ပါ။

တစ်ခါတော့ မရေးဖူးပါ။ တခါရေးဖူးတယ်။ ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်လို့ မေးခဲ့လို့။

ကျ
ကျကျနနဝတ်စားလာခဲ့ပါ၊
ကျနသေချာစွာလုပ်ပါ။
ကျပန်း (ကျဖမ်း) စကားပြောပွဲ၊
ကျသင့်ငွေ၊
ကျသွားသည်၊
စားနေကျကြောင်ပါး (ကြောင်ဖား)၊
စာကို ကျကျနနဖတ်ပါ။
စာရေးတာ စာကျနေတယ်၊
စိတ်တိုင်းကျ၊
ဆီးနှင်းကျသည်၊
တယောက်တခုကျ ယူပါ၊
ကြုံရာကျဘန်း မပြောရ၊
မတင်မကျ၊
မိုးဦးကျပြီ၊
ရန်ကုန်ကျမှ တွေ့ကြအောင်၊
လုပ်နေကျအတိုင်းသာလုပ်ပါ၊
သင်္ကြန်အကျနေမှာ ရေကစားပါ၊
သူငယ်နာကျဗဟုံး။
သဘောကျသည်၊
အံဝင်ခွင်ကျ၊
အကျအပေါက်ကောက်တတ်သူ၊
အရွယ်ကျလာပြီ၊
အားကျ၊
အကျွေးကျအောင်မသုံးပါနှင့်၊
ငွေကြေးအကုန်အကျများတယ်၊
အောက်ကျနောက် မဖြစ်ပါစေနှင့်၊

ကြ
ကံကြမ္မာ၊
ကျီကြ၊
စိုးရိမ်ကြောင့်ကြ၊
ကြခတ်ဝါး၊
ကြငှန်း၊
ကြစုမိတ်သရက်။
ကြစုသီး၊
ကြပို့ရွာ၊
ကြစေ့ပင်။
ကြသောင်းဝါး၊
လာကြလေ၊
သွားကြမယ်၊

• ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား၊
• ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊
• လူကြီးမင်းကိုပြောရမှာ အားနာတယ်ဗျာ။
• ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ။
• မတင်မကျမလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့။
• သွားလာကြနေရာက စားသောက်ဆိုင်ကို သွားစားကြမယ်။
• စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။
• မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား၊ သတ်ပုံမှားရေးသူတွေက အတော်များ။
• မြန်မာစာကို အလေးထားကြတဲ့ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ။
• မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါတယ်။
• ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်။
• ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ (အနန္တသူရိယက သူတည်းတစ်ယောက်လို့ မရေးပါ။ တစ်ယောက်သူမှာလို့ မရေးပါ။ တစ်သက်လျာလို့ မရေးပါ။ လူတစ်ကာတို့လို့ မရေးပါ။ ခုခေတ်ဆရာကြီးတွေက အနန္တသူရိယထက် လက်ဝါးစောင်းထက်ကြတယ်။)

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.