ကနန်း နဲ့ ဂဏန်း

Shan Shan ဂဏန်းကောင်ဆိုတာ သတ်ပုံမှားနေပါတယ်။ ငယ်ငယ်ကတည်းက အမှားအတိုင်းသင်ခဲ့ရတယ်။ မှားမှန်း မသိခဲ့ဘူး။ ကြီးမှ ဟိုဖတ်ဒီဖတ် တောင်ဖတ်မြောက်ဖတ်နဲ့သိရတာ။ ဂဏန်းဆိုတာ ဂဏိတဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ။ ဂဏန်းသင်္ချာအတတ်၊ အတွက်အချက်ပညာလို့ အဓိပ္ပါယ်ရကြောင်း ဖတ်ဘူးပါတယ်ဆရာ။ ရေသတ္တဝါမဟုတ်ပါ။ မမှားဘူးဆိုရင် သူ့သတ်ပုံအမှန်က ကနန်းလားမသိဘူး။ မေ့တေ့တေ့တော့ဖြစ်နေပြီ။

ပါဠိ-မြန်မာ အဘိဓာန်အရ ဂဏန်းဆိုရင် သင်္ချာလို့ဆိုလိုတာ မှန်တယ်။

အရင်ခေတ် သတ်ပုံစာအုပ် ၂ အုပ်ထဲမှာ ကနန်း လို့ပါတယ်။
ခုခေတ်ထုတ်သတ်ပုံစာအုပ်မှာ ကဏန်း လို့ပါတယ်။
မြန်မာ့စွယ်စုံကျမ်းမှာ ကနန်း လို့ရေးပါတယ်။

ကနန်း ကသာ ပိုပြီးသင့်မြတ်မယ်ထင်ပါတယ်။ ကဏန်း ဆိုရင် ဂဏန်း နဲ့ ရောထွေးမယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး