စာနဲ့ ဂဏန်း

ဆရာ သိုသိုသပ်သိပ်က ဘာပြောတာလဲဟင် သို၂သိပ်၂ ဟုတ်ဘူးလား အာ့ဘာလဲဟင်

ရေးထားတာ (၂၄) နာရီမပြည့်သေးပါ။ စာရေးတဲ့အထဲမှာ ဂဏန်းထည့်ရေးတာ သတိထားရတယ်။ အက္ခရာသင်္ချာမှာ ထပ်ကိန်းရေးတာနဲ့ တူနေတယ်။ အေးအေးဆေးဆေး၊ ဖြည်းဖြည်းအေးအေး၊ သိုသိုသိပ်သိပ်၊ မြန်မြန်ဆန်ဆန်၊ လှလှပပ၊ ချောချောမွေ့မွေ့၊ အေးအေးသာသာ၊ အေးအေးနေပါ (ပုံမှာပါ)၊ စသည်။

မြန်မာစာမှာ စာလုံးအတူကို ၂ ဂဏန်းနဲ့ ရေးနည်းမရှိပါ။ သီချင်းစာသား ထပ်ဆိုရမယ့်အပိုဒ်ကို ကွင်းစ-ကွင်းပိတ်နဲ့ ၂ လို့တော့ရေးကြပါတယ်။ ရှေးကထုတ်တဲ့စာအုပ်တွေမှာ မပါခဲ့ပါ။ နောက်မှာ ပုံနှိပ်ထုတ်ဝေတာတွေမှာလည်း မပါလောက်ပါ။

အချင်းချင်းဆီ စာရေးချင်ရေးကြပါမယ်။ ကျန်းမာရေးမေးခွန်းမှာ ပါလာရင် နားလည်ရခက်တယ်။ နည်း၂ လို့ရေးတာကို နည်း (၂) ဒါမှမဟုတ် ဒုတိယနည်း လို့ထင်မိတယ်။ မေးခွန်းမေးတဲ့သူက မြန်ချင်တိုချင်လွန်းပေမယ့် အဖြေပေးရတဲ့သူမှာ လိုအပ်ရင် သုတေသနလုပ်ရ၊ လိုသေးရင် ဘာသာပြန်ရ လုံလောက်အောင်ရေးရတာကို သိစေချင်ပါတယ်။

မေးယူရလောက်အောင်အထိ မသိတာကိုတော့ နားမလည်ပါ။ သို၂သိပ်၂လို့ ဘယ်ကျောင်းတွေမှာ သင်ပေးပါသလဲ။

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး