အားနာတယ်

ကိုလေး (အင်းဝဂုဏ်ရည်) = အမောင်ပြောက်ကျား တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်၌ ကိုယ်လွတ်ရှောင်ခွါ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ဒီမှာတွေ့လား အားနာတယ်တဲ့ တယ်ပြီး ကောင်းလိုက်တဲ့ စကား။ ပြောက်ကျားလေး မိုင်းထိတော့ ရွာသားတွေကပွေ့ပြီး တိုင်းပြည်ကို ဘာမှာခဲ့ချင်ပါသလဲ မေးတော့ ခရီးမတ်တတ် လမ်းခုလတ် (လွတ်လပ်ရေး ရအောင်ယူမပေးနိုင်ခဲ့လို့) တိုင်းပြည်ကို အားနာလိုက်တာတဲ့။ ကိုင်း အားနာဆိုတာ ဘယ်လောက်ထိ ဖြစ်သွားသလဲဗျာတို့

ဒေလီမှာနေခဲ့တုံးက ဆေးခန်းက ဆရာမလေးတွေက မေးပါတယ်၊ အားနာတယ်ကို အင်္ဂလိပ်လိုဘယ်လိုလဲဆရာတဲ့။ ခပ်ဆင်တူတဲ့ အင်္ဂလိပ်စာလုံး သုံးလေးလုံးသာ ပြောနိုင်တယ်။ အခြေအနေအရ ရွေးပြောလို့ဖြေလိုက်ပါတယ်။ အင်္ဂလိပ်စာမှာ အားနာစာလုံးနဲ့ထပ်တူကျတာ ကျွန်တော်သိသလောက် မရှိပါ။

မြန်မာ-အင်္ဂလိပ် အဘိဓာန်
အားနာ = be embarrassed by feelings of respect, delicacy; be restrained by fear of offending.
အားနာပါးနာ = with a feeling of embarrassment or restraint through a sense of delicacy.
အားတုံ့အားနာဖြစ် (အားတောင့်အားနာဖြစ်) = have a feeling of delicacy about something.

ကျွန်တော်တို့လူမျိုးတွမှာသာ အားနာတတ်တဲ့ ယဉ်ကျေးမှုရှိတယ်။ အင်္ဂလိပ်စာလုံးလေးတွေပါထည့်ရေးရလို့ အားနာပါတယ်။

အင်္ဂလိပ်စာမှာ အားနာစကားလုံးမရှိဘူးဆိုပြီး ကိုယ့်လူမျိုးက ပိုကောင်းတယ်တော့ မထင်ပါနဲ့။ ကျွန်တော်က ပြည်ပမှာ နိုင်ငံခြားသားမျိုးစုံနဲ့ နှစ်ပေါင်းအစိတ်ကျော်နေရတာမှာ ကိုယ့်လူမျိုးတွေက အားမနာပါးမနာလုပ်ကြတာတွေ တွေ့တိုင်း သူများတွေကို အားနာနေရတာ။

တချို့ကလည်း တို့ကိုးကွယ်တဲ့ဘာသာမှာ သစ္စာတရားရှိတယ်။ မေတ္တာတရားရှိတယ် စသဖြင့်ဂုဏ်တင်ကြတယ်။ တရားထဲမှာသာရှိရင်တော့

ဒေါက်တာတင့်ဆွေ
၎-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး