တိုင်တရာ

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ ရိုက်နှိပ်ထားပါတယ်။

၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးတဲ့ဆောင်းပါးမှာ ကျောင်းနာမည်ဟာ (တိုင်တစ်ရာ) ဖြစ်သွားတယ်။

ရေးတော့အမှန် ဖတ်တော့အသံဆိုတာ လမ်းညွှန်ဖြစ်ပါတယ်။ အညမညကို အင်ညမင်ညလို့ဖတ်ရတာကတော့ ဟုတ်ပါမယ်။ တစ်ခါတစ်ရံကို တခါတရံဖတ်ခိုင်းတာ အဲတာမဟုတ်ပါ။

ရေးတော့အမှား ဖတ်ကားတလွဲတွေ တွေ့နေရတာ အခုမှမဟုတ်ပါ။ ဆရာကြီးရွှေဥဒေါင်းက မြန်မာ့အသံကို နားထောင်ရသည်မှာ နားကလော၏လို့ သူအယ်ဒီတာချုပ်လုပ်ရတဲ့ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ရေးဖူးတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး