ရံ ရန် ယံ ယန် ယမ်

၁။ ဖိနပ်တရံ ကအမှန်လား၊ ဖိတ်နပ်တရန်က အမှန်လားဆရာ။ တစ်လို့ရေးရလား တရန်လို့ရေးရလားဆရာ။
၂။ ရံ နှင့် ရန် ရဲ့အသုံးကွာခြားပုံရှင်းပြပေးပါလားခင်ဗျာ။
၃။ စရံနဲ့ စရန် ဘယ်ဟာမှန်လဲဆရာ။ (အိမ်စရံပေး၊ အိမ်စရန်ပေး)
၎။ ဆရာ ရံ နှင့် ရန် အသုံးကွဲပြားပုံလေးလည်း ရေးပေးစေလိုပါတယ်။ ကျေးဇူးအထူးပါရှင့်။

ရံ
ကာရံဝါကျ (ကာရန်ဝါကျ)
ကိုယ်ရံကြီးပင်
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ထရံ
ဗညားရံ
ရံကာသည် (ကာရံသည်)
ရံပတ်
ရံဖန်ရံခါ (ရံဘန်ရံခါ)
ရံဘန်ရံခါ
ရံစောင် (အရံအစောင့်ထားသည်)
ရံစောင်ထားသည် (အရံအစောင့်ထားသည်)
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ ပံ့ပိုးသည်
ဝိုင်းရံသည်
အရံအတား
ကျောင်းနံရံ
ခြွေမှ ရံသည်
ရွှေစာရံဘုရား
နွာမရံရွာ

ရန်
ကာရန်ဝါကျ (ကာရံဝါကျ)
စားရန်ငွေ
စားရန်သောက်ရန်
ဒွတ္တရန်မင်း
နန်းရင်ညွန့်ဖူး
နန်းရန်ညွန့်ဖူး ရွှေနားနူးလော့
ပန်းရန်ဆရာ
ပါပိရန်မင်း
ဖိနပ်တရန်
ပြုလုပ်ရန်
ရန်ကင်းတောင်
ရန်ကုန်မြိ့
ရန်စွယ်နှင့်ငေါငေါ
ရန်ဆူးရန်ငြောင့်
ရန်တုံ့မူသည်
ရန်တပိုစာချုပ် (ရန္တပိုစာချုပ်)
ရန်ပုံခွင်းအမြောက်
ရန်ပုံငွေ
ရန်ပွဲ
ရန်ဖျဉ်ပေးသည်
ရန်ကြီးအောင်
ရန်ငြိမ်းပြီ
ရန်ငြိုးဖွဲ့သည်
ရန်မာန်ဘေးဒဏ်
ရန်မီးငြိမ်းပြီ
ရန်မူသည်
ရန်ပြုသည်
ရန်သတ္တရုပြုသည်
ရန်သူ
ရန်တွေ့သည်
ရန်ပြေမာန်ပြေ
လက်ကောက်တရန်
သွားရန်လာရန်
အတွင်းရန် အပြင်ရန်
ရောင်းရန် ဝယ်ရန်

ယံ
ကမ်းယံလူမျိုး
စုံမြိုင်ယံ
ညဦးယံ
ညဥ့်သုံးယံ
တိမ်ယံ
နိယံကျမ်း
ပစ္စယံ
မိုးသောက်ယံ
ယားယံ
မြစ်ကမ်းယံ
သယံဇာတ
အပေါ်ယံ
ကောင်းကင်ယံ

ယန်
နတ်နန်းဝေယန်
ဘုံဝေယန်
ဝေဇယန်
ဝေဇယန္တာ
ဝေယန်လိုပင်

ယမ်
နိယမ်
သယမ္ဘူဉာဏ်

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၇
၁၈-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး