ကုတင်

၁။ ကတင်၊ ကုတင်၊ ခုတင် အမှန်သိပါရစေ။ ကု နှင့် ခု ကိုဆေးရုံတွေမှာ နှစ်မျိုးစလုံးသုံးတာတွေ့နေပါတယ်။

၂။ ကုတင်၊ ခုတင် ရှင်းပြပေးပါခင်ဗျား

အလွန်စောတဲ့သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ကုလားထိုင်အသုံးဖြစ်လာမှသာ ကုတင်လို့ရေးလာကြတယ်။ ကတင်လည်း မရှိပါ။ ခုတင်လည်း မရှိပါ။ ခတင်လည်း မရှိပါ။

ကု
ကုဋိ (ကုဋီ)
ကုတို့ (ကူးတို့)
ကုထုံး
ကုဗပေ
ကုမ္မာရီ
ကုမာရ
ကုမုဒြာ (ကုမုဒ်ကြာ)
ကုရုကျွန်း
ကုလသမဂ္ဂ
ကုလားကာ (ကန့်လန့်ကာ)
ကုလားကျမင်း
ကုလားဆင်
ကုလားတည် သရက်ချဉ်
ကုလားထိုင်
ကုလားပဲ
ကုလားဖန်ထိုး
ကုလားမ
ကုလားမခြေထောက်
ကုလားဖြူ
ကုလားဟင်း
ကုလားအုပ် (ကုလားအုတ်)
ကုလားရွှေ
ကုလားသေကုလားမော
ကုလားအော်ငရုတ်
ကုသမင်း
ကုသသည်
ကုသိနာရုံ
ကုသိုလ်
ကုဋေကုဋာ
ဦးကုလားရာဇဝင်
ဆေးကုလားမ

 ကိုယ်ထင် ကုတင်ရွှေနန်းလို့ စကားပုံရှိတယ်။ အရင်ထုတ်တွေမှာရော ခုခေတ်ထုတ်သတ်ပုံစာအုပ်တွေမှ ကုတင် မတွေ့သေးပါ။ ကုတင် (၁ဝဝ) ဆန့်ဆေးရုံ စသဖြင့်လည်း ရေးပါတယ်။ ခုတင်ဆိုရင်တော့ မှားမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး