ဖိနပ်

Phyo Kyaw Khaing ဖိနပ်ဆိုလို့ ရှစ်တန်းကျောင်းသားဘဝ ဘုရားဆူဆီသွားတော့ ဘိနပ်မစီးရလို့ ဆိုင်းဘုတ် တပ်ထားတာကိုမြင်တော့ ဒါမှားတယ် ဖိနပ်လို့ရေးရမှာလို့ ပြောမိတယ်။ ဒါကိုကြားတဲ့ ဂေါပကလူကြီးက ပြုံးပြီး ပြင်လိုက်ပါ့မယ်သားတဲ့။ မှတ်မှတ်ရရပါ။ ဒီလိုလူကြီးတွေလည်း နိုင်ငံအတွက် လိုတယ်။

ကောင်းတယ်။ တလောက ကွန်မင့်ပေးတယောက်ပြောတဲ့ တောဘုန်းကြီးကျောင်းဆိုင်းဘုတ်မှာ ကြောင်းလို့ ရေးထားတာကို သွားလျှောက်တဲ့ ဒါယကာကတော့ အငေါက်ခံရသတဲ့။

ဖိနပ်လို့ရော ဘိနပ်လို့ပါ အရင်က ရေးခဲ့ပါတယ်။ ဖိထားသည်၊ ဖိစီးနှိပ်စက်၊ ဖိသိပ်၊ ဖိဖိစီးစီး၊ ပိအောင်ဖိ၊ ဖုံးဖိ၊ ဖိညှပ်သည်၊ ဖိသောတုံးလို့ ရေးရတာတွေကြောင့် ဖိနပ်ကပိုပြီး သင့်တော်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး