ဘူး ဖူး ဗူး

၁။ ဆရာ နို့ဆီဗူးလား နို့ဆီဘူးလားသိပါရစေရှင့်။

၂။ အတွေ့အကြုံဆိုဖူးလို့ မှတ်ထားတာ ဘူးက အငြင်းဝါကျမှာသုံးတာလို့ မှတ်ထားတာ

၃။ ဆရာခင်ဗျာ ဒုတိယတန်းသင်္ချာထဲမှ နို့ဆီဘူး သတ်ပုံ ခွဲခြားပေးပါခဗျား။

ပို့ပေးတဲ့ ဒုတိယတန်းသင်္ချာထဲမှာ နို့ဆီဗူးရေးလိုက်၊ နို့ဆီဘူးရေးလိုက် တွေ့ရတယ်။ နို့ဆီဗူးက မှန်မယ်ထင်ပါတယ်။ မကြာမကြပြောလာကြတယ်။ အငြင်းသဘောမှာသာ ဘူးသုံးရပါတယ်တဲ့။ မြန်မာစာမှာ ဖေါ်မြူလာလုပ်တာတွေကို ဆန်းစစ်ကြည့်တော့ အားနည်းချက်တွေတွေ့မိပါတယ်။ ရေတွက်လို့ရတာကို တစ်ဆိုတာ အကုန်မမှန်ပါ။ မ နောက်က ဘဲ လိုက်လည်း နေရာတိုင်းမှာ မမှန်ပါ။ ငြင်းဆိုတာကို ဘူးလည်း အပြည့်အစုံ မမှန်ပါ။ ဥပမာ ကြားဘူးနားဝ အငြင်းမဟုတ်ပါ။ ဘုရားဖူးဘူးသည် အငြင်းမဟုတ်ပါ။

ဘူး
နဘူးနွယ်ပင်
ကြားဘူးနားဝ (အငြင်း မဟုတ်)
ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)
ဘူးကွယ်သည်
ဘူးခံ (နောက်သတ်ပုံ)
ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)
ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)
ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)
ဘူးသပိတ်ပင် (နောက်သတ်ပုံ)
မကြားဘူး
မဖြစ်ဖူးဘူး (နောက်သတ်ပုံ)
မမြင်ဘူး
မလိုက်ဘူး (နောက်သတ်ပုံ)
မရောက်ဘူး
ဆေးဘူး (နောက်သတ်ပုံ)၊ ဆေးဗူး (ယခင်သတ်ပုံ)
ထောင်ဘူးဝ (နောက်သတ်ပုံ)

ဖူး
ကမ်းနဖူး
စိတ်ဖူး
ဆတ်သွားဖူး
ထိပ်ဖူး
နဖူး
ဖူးငုံ
ဖူးစာ
ဖူးဖူးမှုတ်သည်
ဖူးမြင်သည်
ဖူးတွေ့သည်
ဖူးမြော်သည်
ဖူးရောင်သည်
ဖူးရွှေလက်တင်
ဘုရားဖူး
ပြောင်းဖူး

ဗူး
ခံဗူးကုထုံး
ခံဗူးရွာ
ဗူးခါးရေ
ဗူးဆို့
ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ
ဗူးပင်၊
ဗူးဘုရား
ဗူးမှုတ်
ဗူးလုံးနားမထွင်း
ဗူးသွင်းသည်
ဗူးသီး
ဗူးတောင်း
ဗူးလေးရာ ဖရုံဆင့်
ဆေးဗူး (ယခင်သတ်ပုံ)
ရေဗူး

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇
၂-၉-၂ဝ၁၇
၁၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး