ဖတ်စာ ၁၂

စားစရာ

မေမေ ဘယ်က လာသလဲ။
မေမေ ဈေးက လာသည်။
ဈေးမှာ ဘာရှိသလဲ။
ဈေးမှာ စားစရာ ရှိသည်။
ဘာ စားစရာတွေ ရှိသလဲ။
ဆား ရှိသည်။ သကြား ရှိသည်။
ငါး ရှိသည်။ အသား ရှိသည်။
ဘာတွေ ရှိသေးလဲ။
ဘူးသီး ပဲသီး ခဝဲသီး
အာလူးတွေ ရှိသည်။
သခွါးသီးကော မရှိဘူးလား။
သခွါးသီးလဲ ရှိပါသည်။
မေမေ ဘာ ဝယ်ခဲ့သလဲ။
သားတို့ သမီးတို့ စားဘို့
စားစရာတွေ ဝယ်ခဲ့သည်။     ။

မှတ်ချက် = စာဖတ်သူတွေရဲ့ မေမေက သားတို့ သမီးတို့ စားဘို့ စားစရာတွေ ဝယ်ခဲ့ဘူးပါသည်။

ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး