မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 21, 2017

တဆယ်တန် သတ်ပုံ

ကနေ့ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့စာကြည့်တိုက်ရောက်ပါတယ်။ စာအုပ်တအုပ် ယူလာခဲ့တယ်။ နိုင်ငံသမိုင်း သုတေသနစာစောင်၊ နိုင်ငံသမိုင်း သုတေသနဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၇၇ ခုနှစ်မှာ ထုတ်ပါတယ်။

ကျွန်တော်ဖတ်တဲ့စာအုပ်တွေမှာ မူလလက်ဟောင်း သတ်ပုံမှန်နဲ့သာရိုက်နှိပ်ထားတာတွေဖြစ်တယ်။
စာမျက်နှာ (၇၃) မှာ -
စရိတ်အနေဖြင့် တနေ့လျှင် အခွန်ဝန်ကို ဒင်္ဂါးပြားရေ ၂ဝ
အကမိန်းမတို့ကို တယောက် ဒင်္ဂါးပြားရေ ၂
နောက်ပါလူငယ်တို့ကို တကိုယ်လျှင် ၂ မတ်စီပေး၏

စာအုပ်တန်ဖိုး ၁ဝ ကျပ်။ ကျွန်တော်က တဆယ်တန်သတ်ပုံပဲ သဘောကျတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.