မုံ့ဆန်း


 ဒီမှာစားကြတဲ့ (ခရစ်ပီ ရိုက်စ်) ခေါ်တဲ့ ဆန်ကြွပ်တအိတ် လက်ဆောင်လာပေးထားတယ်။ ဘယ်လိုစားမလဲ။ အမေရိကန်တွေကတော့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ ဘာလီ၊ အုတ်စပါး စတာတွေနဲ့လုပ်တဲ့ (ဆီရီရယ်လ်) ခေါ်တာကို နွားနို့နဲ့ရောပြီး မနက်စာ လုပ်စားကြတယ်။

ဆန်ကြွပ်ကို လှော်လိုက်တယ်။ ဆီက ပါရုံသာပါတယ်။ အိုးကင်းပူနံ့လေးနဲ့ မုန့်ဆန်းလျှော်ဖြစ်သွားရော။ သူ့ထဲက ပျားရည်အရသာလည်း ကင်းသွားတယ်။ ကျွန်တော်က အကြံပေးပြီး၊ ဒေါ်မြမြအေး လုပ်တာပါ။

ကျွန်တော်တို့ သူငယ်တန်းမှာ လ လနတ်တော် မုံ့ဆန်းလှော်လို့ သင်ခဲ့ရတယ်။ အခုက တပို့တွဲလပြည့်တော့မယ်။ တ တပို့တွဲ ဆန်ကြွပ်ပွဲ။

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး