မိခင်မေတ္တာ

မွေးမိဆံထုံး ရွှေပန်းကုံးသို့
နှလုံးဝမ်းတ သတ်မှတ်ရသည်
သားလှရွှေတောင် မိမျက်နှောင်။

မောင်ငယ်သားထွေး နာဘိသေးလော့
ရှေးရှေးဘဝ သံသာရ၌
မောင့်ဖနှင့်ငါ ရေသွန်းပါ၍
ဟင်္သာမောင်နှံ ငှက်သဏ္ဌာန်သို့
တူစံလှည့်ရာ စွဲလာသန္ဓေ
နေသည်ကာလ သားလှချမ်းသာ
ရစိမ့်ငှာဟု ပူဆာစပ်ခါး
မစားတို့ရ ထကြွဖြေးဖြေး
ကိုယ်ရေးကိုယ်ထက် ဆယ်ဆတက်၍
သက်သက်ကြင်နာ မောင့်ကိုသာလျှင်
ချမ်းသာမြင်ကြောင်း လက်ဆယ်ချောင်းကို
ခေါင်းမှာရွက်တင် မျက်နှာမြင်လည်း
ရွှေစင်အလား သားယောက်ျားကို
ငါ့သားဖြစ်လို ဆုတောင်းဆို၍
ညကို ရေချမ်း နံနက် ဆွမ်းနှင့်
ဖြန့်မွမ်းထုလွတ် သုံးလူ့နတ်ကို
မိမြတ်ပူဇော်ကုန်၏တည်း။

ပုတ္တောဝါဒပျို့ (ဆားတုံ ဆရာတော်)

ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး