သင်ပုန်းကြီး လင်္ကာ

ကျွန်တော့်ပို့စ်တခု = ကရင်နှစ်သစ်ကူး

ကွန်မင့်တခု = ကန်စွန်းရွက် ဖြစ်မလားလို့ပါဆရာ။

က ကစွန်းပင် ရေမှာရွှင်
ခ ခရမ်းသီး ဓားနဲ့လှီး
ဂ ဂဏန်းကောင် လက်မထောင်
င ငပုဏ္ဏား ဟင်းချက်စား
စ စပယ်ဖြူ မွှေးကြူကြူ
ဆ ဆရာကြီး ခေါင်းလောင်းတီး
ဇ ဇလားမှာ ဆန်ထည့်ပါ

ကန်စွန်းလို့က နောက်မှာရေးလာတယ်။ ခါးရမ်းသီးရေးကြတာ မမှန်လောက်ပါ။ စံပယ် မဟုတ်။ စပါယ် မဟုတ်။

သတ်ပုံစာလေးရေးတိုင်း ပြောလာကြတယ်။ ခေတ်ဆိုတာ ပြောင်းနေတာ မသိဘူးလားတဲ့။ ကျွန်တော့်ကို ပုဂံခေတ်လူသားတဲ့။ အဲတာက ဂုဏ်ယူစရာတော့ ကောင်းတယ်။

ခေတ်ကာလအပြောင်းအလဲဟူသည် ငပိ ကို ငါးပိ၊ သမတ ကို သမ္မတ၊ ခရမ်းသီး ကို ခါးရမ်းသီး၊ ကစွန်းရွက် ကို ကန်စွန်းရွက်၊ မုံ့ ကို မုန့်၊ စပယ် ကို စံပယ်၊ တခါတရံ ကို တစ်ခါတစ်ရံဟု ရေးစေလော့လို့ ငေါ့ရေးခဲ့တယ်။ ကန်တော့ပါ။ ဆောရီး။

သတ်ပုံကို ဘယ်သူတွေ ဘယ်လိုရေးရေး ကျွန်တော် သူငယ်တန်းကတည်းက အခုထိ ကစွန်းရွက်စားပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၇
၁၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး