ဒန့်သလွန်နဲ့ ညောင်ပင် ဇာတ်လမ်း

ဖရင်းတယောက် ဆွမ်းတော်ကပ်တဲ့ပို့စ်မှာ ယနေ့ဟင်းလျာ ငါးတန် ဒန့်ဒလွန်သီး မုန်လာဥ မန်ကျီးမှည့်ချဉ် ငရုပ်သီးစိမ်း နံနံပင်ခပ်လို့ ဖတ်ရတယ်။

ဒန့်
ဒန့်ကျွဲပင်
ဒန့်သခွားပင်
ဒန့်သလွန်သီး
တဒန့်ဒန့်နေသည်

ကျွန်တော် အခုနေထိုင်ရတဲ့ အင်ဒီယာနာပလစ်ဘုန်းကြီးကျောင်းအတွက် မဟာဗောဓိညောင်ပင်နှစ်ပင်ကို နယူးဒေလီကနေ မရရအောင်သယ်ယူလာခဲ့ပါတယ်။ တခြားကနေယူလာတဲ့ အပင်တွေ အကောင်တွေကို ယူအက်အေ နိုင်ငံထဲ သွင်းမရပါ။ အဲတာနဲ့ သိုသိုသိပ်သိပ်တကူးတက ယူခဲ့ရတယ်။ ထုပ်ပိုးတာမှာ နေရာကျဉ်းအောင် ကိုင်းတွေလဲဖြတ်၊ အရွက်တွေပါသတ်။ ထည့်ယူမယ့် ပလပ်စတစ်ပုံး အဖုံးကို အပေါက်ဝိုင်းလေးတွေ စီစီညီညီ ဖေါက်ပေးပါတယ်။

ရှီကာဂိုလေဆိပ်မှာ စစ်ဆေးတယ်။ ကံကောင်းချင်တော့ ဒန့်သလွန်သီးအစည်းက ကယ်လိုက်တယ်။ စကင်လုပ်ပြီး အိတ်ဖွင့်တော့ ဒန့်လွန်သီးတွေကိုတွေ့သွားလို့ အမှိုက်ပုံးထဲထည့်တာနဲ့ အောက်ဆုံးမှာထည့်သယ်လာတဲ့ ညောင်ပင်လေးတွေ အသက်ချမ်းသာရခဲ့ပါတယ်။ အခု ညောင်တပင်ကို တခြားမြို့ကဘုန်းကြီးကျောင်းကို လှူလိုက်တယ်။ ဒန့်သလွန်သီးဆိုတိုင်း ဒီဇာတ်လမ်းကို သတိရတယ်။

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၇

Comments

  1. ဒန့်ဒလွန်လို့လည်း အရင်ကရေးပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး