အရမ်း

Thaung Thaung Nu အရမ်းဆိုတဲ့စကားလုံးကို သုံးသင့်ပါလားဆရာရှင့်။ ဒေါ်ခင်သန်းနုက ကြော်ငြာတခုမှာပြောလို့ လိုက်သုံးကြတာမျိုး မသုံးသင့်ဘူးလို့ ဖတ်ဖူးလို့ပါ။

အရမ်းကောင်းတာပဲ။ အရမ်းတော်တာပဲ သဖြင့်ပြောတာက ခေတ်စကားသာဖြစ်ပါတယ်။ တချို့က ထောက်ပြတယ်။ အရမ်းကို အနုတ်သဘော၊ အပျက်သဘောမှာသာ သုံးသင့်တယ်တဲ့။ ပရမ်းပတာ၊ လူသရမ်း၊ ဟော့ဟော့ရမ်းရမ်း အသုံးတွေကြောင့် ထင်ပါတယ်။

ရမ်း
ကိုယ်လက်ရောင်ရမ်း
ခရမ်းကစော့ (ကဆော့) သီး
ခရမ်းခါးသီး
ခရမ်းချဉ်သီး
ခရမ်းကြွပ်သီး
ခရမ်းရောင်
ပရမ်းပတာ
ဗညားရမ်း
ရမ်းကား (စော်ကား)
ရမ်းဆ
ရမ်းတုတ်
ရမ်းဗြဲကျွန်း
ရမ်းသန်းပြော
ရမ်းရော်
လူသရမ်း
သမိန်ဘရမ်း
ညောင်ရမ်းမြို့
ရော်ရမ်းမှန်းဆ
ဟော့ဟော့ရမ်းရမ်း

အရမ်းကို အလွန်အကဲဆိုတဲ့ နာမဝိသသနနဲ့ ကြိယာဝိသေသနအဖြစ် သုံးနေကြတယ်။ ရမ်းရမ်းလွေ့ = များသည်လို့ရော ရမ်းရမ်း = အားရနှစ်သက်သည်လို့ပါ ခေတ်ဟောင်းသတ်ပုံစာအုပ်မှာ ပါခဲ့တယ်။ ကျွန်တော့်သဘောက ကန့်ကွက်ဘို့ ဝန်လေးပါတယ်။ ရမ်းရမ်းလွေ့ကတောင် လှသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး