Census Report လူဦးရေစစ်တမ်း

၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေစစ်တမ်းအရ စုစုပေါင်း မြန်မာပြည်ဖွား ၄့၂၅ သန်းတို့ဟာ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတယ်။ မိသားစုပေါင်း ၂့ဝ၂ သန်းပါဝင်တယ်။ သူတို့ဟာ ၁၉၈၃ ခုနှစ်ကနေ ၂ဝ၁၄ အတွင်းမှာ မြန်မာပြည်ကနေ ထွက်ခွါခဲ့ကြတာဖြစ်တယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တွေက အများဆုံးဖြစ်တယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ခကွာခြားချက်ဟာ ပြည်ပကိုထွက်ခွါစေဘို့ အဓိကအကြောင်းခံတွေ ဖြစ်တယ်။ ဘာသာစကား ဆင်တူလို့ ထိုင်းနဲ့ တရုပ် နယ်စပ်တွေမှာ နေကြသူတွေလည်းရှိတယ်။ ယောက်ျားဦးရေက ပိုများတယ်။ ၁၅၆့၃ အချိုး ၁ဝဝ ရှိတယ်။ လတ်တလော ထိုင်းဖက်ကိုလာကြသူ ၃ ယောက်မှာ ၂ ယောက်ဟာ အသက် ၁၅ နှစ်နဲ့ ၃၄ နှစ်ကြားတွေ ဖြစ်တယ်။

မြန်မာနိုင်ငံတွင်းမှာတော့ တောနယ်တွေကနေ မြို့ကိုရွေ့လာသူက ၁ဝ့၎% ရှိတယ်။ မြို့တခုကနေ တခြားမြို့ကို ပြောင်းရွေ့သူက ၄၇့၂% ရှိတယ်။ တောနေလူဦးရေက အလွန်များပေမယ့် မြို့ကိုရွှေ့လာက များများလာနေတယ်။  ကချင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေထဲကို ပြောင်းလာနေသူ တိုးလာတယ်။

နေရာအမျိုးမျိုးဆီကိုပြောင်းရွေ့နေထိုင်သူ ၅၃% က အမျိုးသမီးတွေဖြစ်ကြပြီး အများစုဟာ အိမ်ထောင်မကျသေးသူတွေ ဖြစ်တယ်။ ပြည်တွင်း နေရာပြောင်းနေထိုင်သူအမျိုးသမီး ၄၉% ကလည်း အိမ်ထောင်မကျသေးသူတွေဖြစ်တယ်။

BACI ကပြုစုထားတဲ့ ၂ဝ၁၅ စာရင်းအရ၊ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာပြည်ကလူဦးရေ = 146,037
ကရင် = 64,759
ချင်း = 50,147
ကရင်နီ (ကယား) = 11,619
ဗမာ = 5,167
ကချင် = 3,395
ရခိုင် = 2,345
မွန် = 2,022
ရှမ်း = 1,118
အခြား = 904

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး