Etiquette လူကြီး မလိမ်မာရင်

လူကြီးတွေမှာ ပြောစရာတွေရှိတတ်တယ်။ လူရွယ်တွေလည်း မိတ်ဆွေအပေါင်းအသင်းတွေကို မွေးနေ့၊ မင်္ဂလာဆောင်မှာ ဆုမွန်စကား ပြောတာကအစ၊ ဘုန်းကြီးတွေမှာလည်း ဆုပေးတာကအစ သတိထားစရာတွေ ရှိပါတယ်။

ဘုန်းကြီးကျောင်းတကျောင်း ဆိုင်းဘုတ်မှာ ကြောင်းလို့ရေးထားလို့ အမြင်မတော်တဲ့ ဒါယကာတဦးက လျှောက်တယ်။ ငါ့ဟာငါ ဘယ်လိုရေးရေး ငါ့ကျောင်းကို့ သယ်အိမ်လို့ ဘယ်သူမှ မထင်ပါဘူးကွတဲ့။ ဘုန်းကြီးတော်တွေပါးစပ်က လူဝတ်တွေထက် စောင့်စည်းရပါတယ်။

အသက်ကြီး လူကြီးတဦးကို သီတင်းကျွတ်မှာ အသက် ၄-၅ နှစ်အရွယ် ကလေးမလေးတယောက်ကနေ ကန်တော့တယ်။ လူကြီးက ဆုပေးပါတယ်။ တခြားဆုတွေအပြင် လင်ကောင်းသားကောင်းရပါစေလို့ ပါသေးတယ်။ လူကြီးတွေက လူရွယ်တွေထက် တတ်သိရပါမယ်။

ယဉ်ကျေးမှုဆိုတာ ကျယ်ပြန့်တယ်။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး