Generations ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်

သင့်မှန်တဲ့ နာမ်စားအောက်မှာ ကွန်မင့်တခုရတယ်။ ရှုတ်ထွေးသော အသုံးအနှုံးများ တဲ့။

အရင်ကတော့ ဆွေမျိုးအခေါ်အဝေါ်တွေကို စာမတတ်သူကပါ သိနားလည်းခဲ့ကြတယ်။ မိဘတွေက သင်ပေးကြတယ်။

တချို့အရပ်တွေမှာ အဖေ-အမေ။ တချို့အရပ်တွေမှာ မေမေ-ဖေဖေ။ တချို့အရပ်တွေမှာ ပါပါ-ဒက်ဒီ-မာမီ-မမ်။

အမေ-အဖေထက်ကြီးသူကို ဦးကြီး၊ ငယ်သူကို ဦးလေး။ အန်ကယ်လို့လည်း ခေါ်တယ်။ အုန်းကြီ-အုန်းလေး ခေါ်တယ်။ ဒေါ်လေး-ဒေါ်ကြီး ခေါ်တယ်။ ဒွေးလေ-ဒွေးကြီးလည်းခေါ်တယ်။ အရည်းလို့လည်းခေါ်တယ်။ 

အဖေ-အမေရဲ့ မိဘတွေကို ဘ-ဘဘ-ဘကြီး၊ အဖွါး-ဖွါးလေး။ ဘကြီး-အဖွားရဲ့ အဖေကိုတော့ အဖိုး။ မတူတဲ့ အရပ်ဒေသတွေမှာ မတူတာတွေ ခေါ်ကြတယ်။ အဖေညီအရင်းဆို ဘဒွေး၊ အဖေ့အစ်ကိုဆို ဘကြီး၊ အမေ့အကိုဆို ဦးကြီး၊ အမေ့မောင်ဆို ဦးလေး။

အထက်ဆွေစဉ် ခုနစ်ဆက်
၁။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော။
၂။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ညှောက်၊ စေ့။
၃။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘဲ့၊ ဘော့၊ ဘွေး။
၎။ အဖ၊ အဖိုး၊ အဘွေး၊ အဘဲ၊ အဘီ၊ အဘော၊ အဘောင်။

အောက်ဆွေစဉ် ခုနစ်ဆက်
၁။ သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ကျွတ်ဆတ်။
၂။ သား၊ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ဆတ်၊ ဆက်။
၃။ သား၊ မြေး၊ မြစ်၊ တီ၊ မြော့၊ ကျွတ်၊ ကျွတ်ဆတ်။

ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသစီရင်တဲ့ သုတေသနသရုပ်ပြအဘိဓာန်ကို ကိုးကားပါတယ်။ ပါရာဇိကဏ်မှာ မိမိ၏အထက်-အောက် ခုနစ်ဆက်ကို ဉာတိက ဆွေမျိုးတော်သူများလို့ ဆိုထားပါတယ်။

ခုခေတ်ကတော့ မခင်တဲ့သူငယ်ချင်းကို ဖရင်းတဲ့။ အမျိုးမတော်ရင် သားတဲ့။ သမီးတဲ့။ လူမြင်ရင် အဘတဲ့။ စာတတ်လွန်းသူတွေက ခေါ်ကြတာ။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး