Karaoke night လူလုံးမလှ အဖြစ်ရှုံးရတဲ့ ကာရာအိုကေည

လူလုံးမလှယူကြုံးမရ မဖြစ်ရအောင်စာကို မကြာသေးခင်ကတင်ပါတယ်။ အဲဒီရက်လောက်မှာ တကယ်ယူကြုံးမရဖြစ်ရတဲ့ မိန်းကလေးတယောက်နေ မေးလို့ဖြေသင့်တာတွေဖြေလိုက်ပါတယ်။ တဆက်တည်းမှာ သူ့အဖြစ်အပျက်ဆိုးကို ပြောနိုင်ရင် ပြောပါဆိုတော့ အခုပဲ သူ့ဆီကစာပြန်လာတယ်။

ဖြစ်စဉ်ကဒီလိုပါ။ သမီးက့ ကျောင်းကပါ။့ လို့ခေါ်ပါတယ်။ အဲ့ဒီနေ့က ကျောင်းနောက်ဆုံးရက်ပါ။ Assignment တွေပြီးလို့ အတန်းထဲကလူတွေအားလုံးအပြင်မှာ karaoke သွားဆိုကြပါတယ်။ အားလုံးစားသောက်ပျော်ပါးလို့ အပြီးမှာ အိမ်ပြန်ကြပါတယ်။ အဲ့ကောင်လေးနဲ့က အဲ့ဒီနေ့ကမှရင်းနီးကြတာပါ။ စကားပြောကြရင်း သူနဲ့အိမ်ချင်းနီးတယ် ပြောပါတယ်။ အတူတူပြန်လိုရပါတယ်ဆိုပြီး ပြန်ကြမယ်လုပ်တော့ သူကသူစီးနေကြ Taxi ရှိတယ်ဆိုပြီးခေါ်ပါတယ်။ Taxi ကမှန်ကိုမည်းနေအောင်ကပ်ထားပါတယ်။ အထဲကိုမမြင်ရပါဘူး။ နောက်တော့ aircon ဖွင့်ပြီးမောင်းပါတယ်။ အဲ့နောက်ပိုင်းကစပြီး မသိတော့ပါဘူး။

ခေါင်မူးလားပြီး မျက်တောင်တွေစင်းလားပြီး အိပ်ပျော်သွားပါတယ်။ အိပ်ပျော်သွားတဲ့အချိန်က ၃ နာရီနဲ့ ၄ နာရီ ကြားလောက်ရှိမယ် ထင်ပါတယ်။ နိုးလာတော့ လှိုင်သာယာက အအေးခန်းတခုမှာပါ။ နေတာက့ မြို့နယ်ပါ။ စုံစမ်းကြည်တော့ အဲ့ကောင်က သူမလုပ်ဘူး အတင်းငြင်းပါတယ်။ အခုသမီးသူခိုင်းသမျှ သူစားသမျှရှင်းရပါတယ်။ သူအကျပ်ကိုင်တာ ခံနေရပါတယ်။ ဗိုက်ထဲကကိစ္စကိုလည်း အိမ်ကမသိအောင် ကြက်ဆူဆီသောက်လိုက်၊ papaya စားလိုက်၊ aspirin သောက်လိုက် လုပ်နေတာ မထူးခြားလားလို့ပါ။

အဲလိုစာတွေအရင်ကရေးတော့ ရင်းနှီးတဲ့အမျိုးသမီးတချို့ကနေ အဲလိုအဖြစ်ခံချင်လို့သွားကြတာလည်း ရှိတယ်ဆရာတဲ့။ ကာရာအိုကေတွေ၊ ပါတီတွေသွားပြီး စားကြသောက်ကြသီချင်းတွေဆိုကြ ပျော်ပါးကြသူတွေထဲမှာ ဘာမှန်းမသိပဲ ပါသွားသူတွေ၊ အပျော်သက်သက်ပဲဆိုပြီးသွားသူတွေနဲ့အတူ အဲလိုကွန်မင့်အတိုင်းမှန်တဲ့မိန်းကလေးမျိုး မရှိဖူးလို့ မပြောနိုင်ပါ။ ၁ဝ ယောက်မှာတယောက်ရှိလည်း ဘာမသိညာမသိတွေပါ နာမည်ပျက်ပါတယ်။ ဘဝပါပျက်တော့တယ်။
(ကန်တော့ပါ) လိင်ကိစ္စနဲ့ ကိုယ်ဝန်သာမကသေးပါ။ မူးယစ်ဆေးဝါး + လိင်ကတဆင့် ကူးစက်ရောဂါတွေလည်း ကာရာအိုကေ လာဆိုကြတယ်။ သူတို့နဲ့အတူ HIV ပိုးကလည်း လာပြီးကခုန်ပါသေးတယ်။

- Guidance for girls and women သင်္ကြန်တွင်းကြယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/…/advice-for-water-festiv…
- Advice for girls and women လူလုံးမလှယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/…/advice-for-girls-and-wo…
- Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/20…/…/date-rape-drugs.html
- Dirty drugs ညစ်ညမ်းဆေးတွေ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
- Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/11/dirty-drugs.html
- Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/20…/…/predatory-drugs.html
- Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/…/warning-to-girls-and-wo…

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး