မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 13, 2017

Kidney cancer ကျောက်ကပ် ကင်ဆာ

ဆရာ ကျွန်မအဖေ အသက် ၅၈ နှစ်ပါ။ ဆီးသွားတာသွေးပါတာ ရက်၂၀ လောက်မှာ ဆေးသွားစစ်တော့ ဆီးအိမ်ကင်ဆာမှန်းသိရပါတယ်ဆရာ။ ဆရာဝန်ပြောတာတော့ တခြားနေရာတွေကိုမပြန့်သေးဘူးပြောပါတယ်ဆရာ အဆင့်ကတော့ high ပဲဖေါ်ပြထားပါတယ်။ ချေထားတာကို ချက်ချင်းခြစ်ထုတ်ပြီး ရောဂါထပ်စစ်ပြီးရင် ဓါတ်ကင်ဖို့ ပြောပါတယ်ဆရာ။ အသက်ကြီးတော့ ဓါတ်ကင်ရင်အဆင်ပြေနိုင်မလားဆရာ။ ဆရာတို့မိသားစု ကျန်းမာ လိုအင်ဆန္ဒ ပြည့်ဝပါစေ။

မေးခွန်းကို သတ်ပုံတွေ ပြင်လိုက်ပါတယ်။ ဆောရီး။

ကျောက်ကပ်ကင်ဆာ အမျိုးအစားတွေရှိတဲ့ထဲမှာ ၁ဝ ယောက်မှာ ၉ ယောက်က Renal cell carcinoma (RCC) အမျိုးအစားဖြစ်တယ်။ သူတို့ထဲက ၁ဝ ယောက်မှာ ၇ ယောက်က Clear cell renal cell carcinoma အမျိုးအစား ဖြစ်တယ်။ Papillary renal cell carcinoma အမျိုးအစားက စုစုပေါင်း ကျောက်ကပ်ကင်ဆာထဲက ၁ဝ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ တခြားအမျိုးအစားခွဲတွေလည်းရှိတယ်။ ကင်ဆာမဟုတ်လာလည်းရှိသေးတယ်။

ကျောက်ကပ်ကင်ဆာလူနာပေါင်း ၆၂၇ဝဝ ထဲမှာ ယောက်ျား ၃၉၆၅ဝ နဲ့ မိန်းမ ၂၃ဝ၅ဝ ယောက်ပါတယ်။ ယောက်ျား-မိန်းမ ကင်ဆာတွေအားလုံးထဲမှာ ကျောက်ကပ်ကင်ဆာက နံပတ် (၁ဝ) အထွင်းမှာပါတယ်။

ကင်ဆာဆိုတာ ဘာလို့ဖြစ်သလဲ မသိနိုင်တာများလွန်းတယ်။ ကျောက်ကပ်ကင်ဆာဟာ ဆေးလိပ်သောက်သူ၊ မိသားစု ရာဇဝင်ရှိသူတွေ၊ အသက်မငယ်သူတွေ၊ ဝသူတွေနဲ့ သွေးတိုးရှိသူတွေ အဖြစ်များတယ်။ လုပ်ငန်းခွင်မှာ cadmium ဓါတ်နဲ့ trichloroethylene ဓါတ်တွေကို သတိထားရမယ်။ တချို့ဆေးဝါး (အနာသက်သာဆေး၊ ဆီးသွားစေတဲ့ဆေး) တွေကိုလည်း စဉ်းစားနိုင်တယ်။

ကုသနည်းတွေကတော့
Surgery ခွဲစိတ်နည်း၊
Ablation and other local therapies နည်း၊
Active surveillance နည်း၊
Radiation therapy ဓါတ်ကင်နည်း၊
Targeted therapy ပစ်မှတ်ထားကုသနည်း၊
Immunotherapy အင်မြူနိုသာရာပီနည်း၊
Chemotherapy ကင်ဆာဆေးပေးနည်း။

ခုခေတ်မှာ ကုသနည်းတွေတိုးတက်လာလို့ အသက်ရှင်နှုန်းပိုကောင်းလာပါတယ်။ အဆင့် ၁ = ၈၁%၊ ၂ = ၇၄%၊ ၃ = ၅၃% နဲ့ ၄ = ၈% (၅) နှစ်အသက်ရှင်နေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.