KTV-STD လိင်ကတဆင့်ကူးစက်ရောဂါတချို့

(ကန်တော့ပါ။)

၁။ မင်္ဂလာပါဆရာ။ တခုလောက်သိချင်လို့ပါဗျ။ KTV ကမိန်းကလေးတဦးနဲ့ အကာအကွယ်မဲ့ဆက်ဆံမိသွားပါတယ်။ တခါဆက်ဆံမိရင် ရောဂါကူးစက်တတ်သလားဗျ။ မိန်းကလေးမှာရောဂါရှိမရှိဆိုတာမသိပါဘူး။ ကျနော်စိုးရိမ်နေလို့ပါဗျ။ ကျေးဇူးပြုပြီး ဖြေပေးပါနော်ဆရာ။ စာတွေအမှားပါရင် ရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ်ဆရာ။

၂။ ဆရာရှင့် နားနဲ့မနာဖဝါးနဲ့နာပါဆရာ။ သမီးအမျိုးသားက အခုကျားလိင်အင်္ဂါမှာ အနာဖြစ်ပြီး ပြည်အရည်ကြည်တွေ ထွက်နေပါတယ်ဆရာ။ အဲ့ဒီအရည်တွေက တော်တော်လေးနံပါတယ်ဆရာ။ နောက်ပြီး သူ့အင်္ဂါရဲ့ဥကလဲ မာမာခဲခဲကြီး ဖြစ်နေပါတယ်ဆရာ။ အဲ့ဒါ စိတ်ပူစရာရှိပါသလားဆရာ။ သိချင်လို့ပါဆရာ။ အရေးကြီးလို့ပါဆရာ။ သူက အခု့ မှာ သင်တန်းတက်နေလို့ သမီးကအခုလိုမေးတာပါဆရာ။ ဖြေပေးပါဦးဆရာရှင့်။

လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
(၁) Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD ကို ရေးထားပါတယ်။

(၂) Gonorrhea ဂနိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်။ ရေးထားပါတယ်။

(၃) Syphilis ဆစ်ဖလစ်ကိုလည်း ရေးထားပါတယ်။

(၄) Genital herpes လိင်လမ်းရေယုံကိုလည်း ရေးထားပါတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ (HSV-2) ဗိုင်းရပ်စ်ကနေဖြစ်တာ။ အရည်ကြည်ဖုတွေဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့်ကလေးကိုကူးနိုင်တယ်။

(၅) ဗဂျိုင်းနားရောင်ခြင်းကိုဖြစ်စေတဲ့ (၃) မျိုးထဲမှာ(ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)နဲ့ (ကင်ဒီဒိုင်ယေးဆစ်) တွေက လိင်နဲ့ မဆိုင်ပဲ ဖြစ်ပေမဲ့ (ထွိုင်ကိုမိုးနပ်စ်) ကတော့ လိင်ကနေကူးစက်တယ်။

(၆) Chancroid ရှန်ကာ ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာအနာ၊ အကျိတ်ပေါ်လာမယ်။ ပေါင်ခြံကအကျိတ်တွေရောင်လာတယ်။

(၇) LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမှာမနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

(၈) Genital Warts လိင်အင်္ဂါကြွက်နို့ကိုလည်း ရေးထားပါတယ်။ Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။

(၉) အသည်းရောင် (ဘီ) ကိုတော့ အများကြီးရေးထားပါတယ်။

(၁ဝ) HIV/AIDS ကိုလည်း အများကြီးရေးထားပါတယ်။

Gonorrhea ဂနိုးရီးယား
သာမန်ဂနိုရောဂါ = Ceftriaxone 125 mg IM stat ထိုးဆေးတလုံးထိုးပါ။ ဒါမှမဟုတ် Cefixime 400 mg ဆေးတတောင့်သောက်ပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တတောင့် သောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg တလုံးသောက်ပါ။ ဒါမှမဟုတ် Levofloxacin 250 mg သောက်ပါ။ ပနယ်စလင်မတည့်သူဆိုရင် Spetinomycin 1 Gm IM ထိုးဆေးတလုံးထိုးပါ။ ဒါမှမဟုတ် Cefpodoxime 400 mg သောက်ပါ၊ ဒါမှမဟုတ်  Levofloxacin 250 mg နေ့စဉ်သောက်ပါ။

ရှုတ်ထွေးသော ဂနိုရောဂါ = Penicillin G 10 million units IV သွေးကြောထဲ ၅ ရက် ထိုးပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm IV သွေးကြောထဲ ၅ ရက် ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် Endocarditis (Ceftriaxone) 1 Gm BD IV တနေ့ ၂ ကြိမ်၊ ၃ ပါတ်ထိုးပါ။

ဂနိုကြောင့် အာခေါင်ရောင်ခြင်း = Ceftriaxone 125 Gm IM ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။

အရိုး-အဆစ်-အရေပြား ဂနိုပိုးဝင်ခြင်း = Ceftriaxone 1 Gm IM/IV တနေ့ ၁ ကြိမ်ထိုးပါ။ ဒါမှမဟုတ် Cefotaxime or Ceftizoxime 1 Gm IV တနေ့ ၃ ကြိမ်ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Orofloxacin 400 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ Chlamydia အတွက်ပါဆေးကုသပါ။

Primary syphilis (ဆစ်ဖလစ်) ပဌမအဆင့်
ကျားလိင်အင်္ဂါမှာ တခုတည်းသော အနာဖြစ်ရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre (ရှန်ကာ) လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် (ဆစ်ဖလစ်) ရှိတယ်လို့ ခေါ်တယ်။ ပါးစပ်၊ စအို၊ အရေပြားတွေမှာလဲ ပေါက်နိုင်တယ်။

ဆေးနည်းများ
ဆစ်ဖလစ် စောစောပိုင်းအဆင့် = Penicillin G တလုံးထဲ IM ထိုးပါ။ ပနယ်စလင် မတည့်သူကို Doxycycline စားဆေး၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ Tetracycline 500mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်လဲပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေရင် မပေးသင့်ပါ။ Erythromycin 500 mg QID တနေ့ ၄ ကြိမ်၊ ၁၄ ရက်။

Neurosyphilis အာရုံကြော-ဆစ်ဖလစ်၊ Procaine penicillin 2.4 million units IM တနေ့ ၁ လုံးထိုးပါ။ ဒါ့အပြင် Probenecid 500 mg ကို တနေ့ ၄ ခါသောက်ပါ။ ၁ဝ-၁၄ ရက်ကြာမယ်။ ဒါမှမဟုတ် Crystalline Penicillin G 3-4 million units IV ၄ နာရီခြား၊ ၁ဝ-၁၄ ရက် သွေးကြောထဲထိုးပါ။ ဒါမှမဟုတ် Chloramphenicol 2 Gm နေ့စဉ် ၃ဝ ရက်ကြာသောက်ပါ။ ဒါမှမဟုတ် Doxycycline 200 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်သောက်ပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm နေ့စဉ်၊ ၁၄ ရက်။

ဆစ်ဖလစ် စောစောပိုင်းအဆင့်အတွက် ၂ဝ၁ဝ သုတေသနတခုမှာ Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း၊ မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာလဲ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။ ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ(ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ Azithromycin မပေးသင့်ပါ။ ဘေးထွက်ဆိုးကျိုး Jarisch-Herxheimer reaction ဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက်အတွင်း ဖြစ်နိုင်တယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ရင်ခုန်မြန်မယ်။ ချမ်းမယ်၊ အနီပြင်ထွက်မယ်။ ကြွက်သားတွေ နာမယ်။ Aspirin, NSAIDs အနာ-အကိုက်သက်သာဆေးပေးနိုင်တယ်။ (အလာဂျီ) ဖြစ်ရင် Benedryl ပေးနိုင်တယ်။

သတိပေးချက်များ
ဆစ်ဖလစ် ပဌမအဆင့်ရှိသူနဲ့ ပြီးခဲ့တဲ့ ရက် ၉ဝ အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။ ဆစ်ဖလစ် ဒုတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။ ဆစ်ဖလစ် တတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။ HIV + Syphilis တွဲနေရင် နောက်ဆေးတွေလိုသေးတယ်။

1. Genital warts လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts.html
2. Genital Herpes လိင်လမ်း ရေယုံ http://doctortintswe.blogspot.com/2014/11/genital-herpes.html
3. Gonorrhea ဂနိုရောဂါ http://doctortintswe.blogspot.com/2014/10/gonorrhea_28.html
4. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://doctortintswe.blogspot.com/2014/12/hiv-sexual-transmission-hiv.html
5. Oral practice and STDs ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း http://doctortintswe.blogspot.com/2014/12/oral-practice-and-stds.html
6. STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ http://doctortintswe.blogspot.com/2014/12/stds-and-condom.html
7. STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ http://doctortintswe.blogspot.com/2014/11/stds-basic.html
8. STDs Treatment လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ http://doctortintswe.blogspot.com/2014/12/stds-4-treatment.html
9. STDs (2) Symptoms လိင်မှတဆင့် ကူးစက်သော ရောဂါများ၏ လက္ခဏာများ http://doctortintswe.blogspot.com/2014/12/stds-2-symptoms.html
10. Warts ကြွက်နို့ http://doctortintswe.blogspot.com/2014/11/warts.html တွေကိုဖတ်ပါ။ လိုတာလိုက်နာပါ။ ကြိုတင်ကာကွယ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး