MCG test နှလုံးစမ်းသပ်နည်းသစ်

နေပြည်တော်တဝိုက်က ဘယ်ဆရာဝန်မဆို အခမဲ့တက်ရောက်နိုင်ပါပြီ။ ဒေါက်တာသန်းဌေးက ပို့ချ လက်တွေ့ပြသမည်။

ဒီအကြောင်းလည်း ရှင်းပြပေးပါအုံးဆရာ။

MCG ဆိုတာ Multifunction cardiogram လို့လည်းခေါ်တယ်။ Multifunction CardioGramTM (MCGTM) လို့လည်း ခေါ်တယ်။ အင်တာနက်အခြေခံပဌမဆုံးနည်းနဲ့ နှလုံးသွေးကြောရောဂါကို စစ်ဆေးနည်းဖြစ်ပါတယ်။ ကွန်ပြူတာဝေါဟာရ တွေကတော့ ရှုတ်တယ်။ ကျွန်တော်လည်း လိုက်မမီပါ။

Myocardial ischemia ခေါ် နှလုံးကြွက်သား သွေးလုံလောက်အောင်မရတာကို စစ်ဆေးတာဖြစ်တယ်။ အဲဒီရောဂါက
Coronary Artery Disease နှလုံးသွေးကြောရောဂါကနေ ဆက်ဖြစ်တာ။ EKG (ECG) နည်းနဲ့စမ်းရင် သုံးပုံတပုံကိုသာ သိနိုင်တယ်။ MCG နည်းက ၅ ဆကနေ ၈ ဆအထိပိုတိကျတယ်။

MCG စမ်းနည်းက leads II နဲ့ V5 တွေဖတ်လို့ရဘို့ ၈၂ စက္ကန့်ကြာတယ်။ စုစုပေါင်း ၁ဝ မိနစ်နေရင် အင်တာနက်ကနေလာတဲ့ အဖြေထွက်တယ်။ အဆင့် (၄) ဆင့်ရှိတယ်။ တိကျမှု ၈၃% ကနေ ၉၄% အထိရှိတယ်။ ပိုကောင်းလာစရာရှိတယ်။

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး