Mystery Debts ဝဋ်ကြွေး

နောက်ဆုံးတင်တဲ့ ဖြည်းဖြည်းပို့စ်အောက်က ကွန်မင့်မှာ မေးခွန်းတခုလာပါတယ်။

မေးထားတာလေး ဖြေပေးအုံးလေ မသိလို့မေးတာ ဈေကိုင်နေသေးတယ်

နာမည်ကိုနှိပ်ပြီး သူ့ချတ်ဘောက်စ်ကိုရှာတော့ 12/17/2016 12:14AM တုန်းကမေးထားတာကို တွေ့ပါတယ်။ ဆရာ ကျွန်တော် အသက် ၃၆နှစ်ပါခင်ဗျာ ကျွန်တော်ဇနီးက၃၂နှစ်ပါခင်ဗျာ့

မေးခွန်းကို အခုမှသာ တွေ့တယ်။ ဖရင်းမဟုတ်သူကနေ ရေးရင် တခါတည်း မပေါ်။ ဖုန်းကနေ မက်ဆင်ဂျာကိုလိုက်ရှာမှ တွေ့တယ်။ အဲတာကို Accet လုပ်ပြီးမှသာ ကွန်ပြူတာ မက်ဆင်ဂျာမှာပေါ်လာတယ်။

အဲလိုဖြစ်တာကို အစက မသိ။ သိတဲ့လူတွေက ပြောလို့ လိုက်လုပ်ရတယ်။ တထောင်ကျော် အကြွေးရှိနေတာကို မသိခဲ့ပါ။ တပတ်လောက်ကြာအောင် ရှင်းယူရတယ်။ တချို့မေးတာတွေက တနှစ်လောက်ကြာခဲ့ပြီ။ ဒီကြားထဲ အခုလိုပဲ အထင်လွဲတာတွေ အတော်ခံလိုက်ရတယ်။ အခုတော့ မနက်တခါ ညနေတခါလောက် လိုက်ရှာနေရတယ်။

မေးထားမှန်း မသိတာတွေ သေချာပေါက် ကျန်အုန်းမယ်။ ဒိထက်တော့ မတတ်နိုင်။ ကိုယ့်ဝဋ်နဲ့ကိုယ်ပဲ။

မေးတဲ့သူကို Accept လုပ်ပြီး မေးတာကို အခုပဲ ဖြေလိုက်ပါပြီ။

အဖြေရတော့ ဆောရီးပါခင်ဗျာ ဆရာဆီမရောက်ဘူးထင်လို့ပါဆိုလို့ မေးတဲ့သူအမည်ကို မထည့်တော့ပါ။ အဲတာကိုလည်း Accept လုပ်နေရသေးတယ်။ ဘာလဲ မသိတော့ဘူး။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇
ည ၁၁ နာရီ၊ ၂၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး