Skip to main content

Obstructed labour မွေးဖွားစဉ် ပိတ်ဆို့နေခြင်း

ဆရာရှင့် သမီးက Midwife student (သားဖွားသင်တန်းသူ) ပါရှင်။ Obstructed labour အကြောင်းသိချင်လို့ပါရှင်။

အင်္ဂလိပ်စာလုံးတွေထည့်ရေးထားရတာကို နားလည်နိုင်မယ်ထင်ပါတယ်။ Labour dystocia လို့လည်းခေါ်တယ်။ ကလေးမွေးဘို့ဖြစ်စဉ်တွေ တခုပြီးတခုဖြစ်လာချိန်မှာ သားအိမ်ကလည်း ညှစ်လို့ ဗိုက်နာနေပေမယ့် ကလေးက မွေးလမ်းကြောင်းထဲ ဆင်းရမယ့်အချိန်မှာ ဆင်းမလာနိုင်တဲ့အခြေအနေတခု ဖြစ်တယ်။ အောင်ကို ဆင်းလာရမယ့်လမ်း တနေရနာမှာ ရုပ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုတခုရှိနေလို့ ဖြစ်တယ်။

ကလေးကို တခြားနည်းနဲ့သာ မွေးပေးရတော့မယ်။ မလုပ်ရင် ကလေးအသက် သေဆုံးမယ်။ ဆောရီး။ မိခင်မှာလည်း ပိုးဝင်လာနိုင်တယ်။ သားအိမ်ကွဲထွက်နိုင်တယ်။ မွေးဖွားပြီး သွေးသွန်တာလည်းဖြစ်နိုင်တယ်။ သေဆုံးရနိုင်တယ်။ ဆောရီး။ ရေရှည်နောက်ဆက်တွဲဖြစ်စရာတွေလည်း ဖြစ်လာနိုင်တယ်။ ဥပမာ ဆီးအိမ် (သို့) အစာဟောင်းအိမ်နဲ့ မွေးလမ်းကြား ပြွန်လမ်းဖြစ်ခြင်း။ မွေးဖွားစဉ်ပိတ်ဆို့နေခြင်းဟာ မွေးဖွားချိန်ပုံမှန်ထက်ကြာနေလို့ဖြစ်တယ်။ ဥပမာ ၁၂ နာရီထက် ကြာခြင်း။

မွေးဖွားစဉ် ပိတ်ဆို့နေခြင်းဖြစ်စေနိုင်တဲ့ အကြောင်းခံတွေရှိတယ်။ ကလေးက ပုံမှန်ထက်ကြီးထွားနေခြင်း။ မိခင်အရိုးကွင်း သေးကျဉ်းနေခြင်း။ ဗဂျိုင်းနားခေါ် မွေးလမ်းပုံမှန်မဟုတ်ခြင်း။ ကလေးအနေအထား ပုံမှန်မဟုတ်ခြင်း ဥပမာ Shoulder dystocia ပခုံးတစ်နေခြင်းခေါ် anterior shoulder ရှေ့ပခုံးက pubic bone အရိုးအောက်ထိဆင်းမလာနိုင်ခြင်း။ မိခင်က အစာအာဟာရနည်းလို့ ဗီတာမင်ဒီနည်းနေရင် တင်ပါးဆုံးရိုးကွင်းကျဉ်းနေတတ်တယ်။ မိန်မကိုယ်ကို တမင်တကာ လှီးဖြတ်ထားခြင်းကို တချို့နေရာဒေသတွေမှာဖြစ်တယ်။ တချို့မှာ အလုံး-အကျိတ်ရှိနေရင် မွေးလမ်းမှာ ဆို့နေမယ်။

ဒီလိုဖြစ်ရင် LSCS (CS) မလွဲမသွေခွဲပြီးမွေးရပါမယ်။ တချို့ကိုတော့ vacuum extraction လေဟာနယ်စုပ်စက်နဲ့ မွေးပေးနိုင်တယ်။ တချို့ကို symphysis pubis ဆီးစပ်ရိုးကိုခွဲစိတ်နည်းနဲ့ရနိုင်တယ်။ မိခင်လောင်းကို ရေ + ဆားဓါတ် မနည်းအောင်လုပ်ပေးရပါမယ်။ antibiotics ပိုးသေဆေးလည်းလိုမယ်။

အာဖရိကနဲ့ အာရှမှာ ဒီလိုဖြစ်တာ ၂% ကနေ ၅% အထိရှိတယ်။ ဆောရီး။ လေ့လာမှုတခုအရ ၂ဝ၁၃ ခုနှစ်က ၁၉ဝဝဝ ယောက်နဲ့ ၁၉၉ဝ တုန်းက ၂၉ဝဝဝ ယောက်သေဆုံးခဲ့တယ်။ ကိုယ်ဝန်နဲ့ဆပ်စပ်ပြီး သေဆုံးရမှုအားလုံးထဲမှာ ၈% က ဒီလိုကြောင့်ဖြစ်တယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်နေသူတွေကို ဒီလိုအဖြစ်မျိုးစာတွေ မဖတ်ကြဘို့ မကြာခဏ သတိပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၇

Comments

Popular posts from this blog

Hives အင်ပျဉ်

ဆရာရှင့် မိန်းကလေးအသက် ၄နှစ်ခွဲ တနင်္ဂနွေညသန်ခေါင်မှာ ကိုယ်တွေစယားပါတယ် တနင်းလာနေ့ နေ့လည်မှာ မျက်နှာယားပြီး နှုတ်ခမ်းထူလာပါတယ် ဘာမီတွန်တလုံးတိုက်လိုက်တော့ ပျောက်သွားပါတယ် အင်္ဂါနေ့မနက်ရောက်တော့ မျက်နှာတစ်ခုလုံးအကွက်တွေနဲ့ ကိုယ်တွေယားလို့ စီထရင်း 10mg တလုံးတိုက်လိုက်ပါတယ် လူကြီးတွေက ဘာမီတွန် ပိုကောင်းတယ် တလုံးများတယ်ပြောလို့ ညတခြမ်းတိုက်လိုက်ပါတယ် အလဂျီကစိုးရိမ်ရပါလားဆရာ ကလေးကတော့ လန်းပြီး ကစားပါတယ် ဆေးခန်းပြသင့်ပါလားဆရာ ရက်ကြာပါလားဆရာ

1.Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2.Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
3.Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
4.Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
5.Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.…

Ajinomoto ဟင်းချိုမှုန့်

၁။ ဆရာ အချိုမှုန့်က အရမ်းပမာဏမများရင် ဘေးမဖြစ်ဘူးလို့သိထားပါတယ်၊ ဟုတ်ပါသလား။

၂။ ဆရာရေးထားတဲ့ အချိုမှုန့်ဆောင်းပါး ပြန်ဖတ်ချင်လို့ ရှာတာမတွေ့လို့ အချိန်ရတဲ့အခါ ပြန်ရှယ်ပေးစေလိုပါတယ်ခင်ဗျား။

၃။ Dashi အကြောင်းဝင်ဖတ်တာ ဖတ်လို့ မရပါဘူး ဆရာ

၎။ အမေရိကန် FDA ကတော့ ခွင့်ပြုထားတယ်နော်ဆရာ

၅။ ဆရာ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝမစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဒပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။

နောက်ဆုံးမေးတာကို ကျွန်တော်မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ရေးတာ ဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ အာဂျီနိုမိုတိုလို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame အက်စ်ပါတိမ်း ခေါ်တဲ့ အချိုအတုထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းဖြစ်တယ်။ အချိုမှုန့်ကိ…

HIV Prevention ကာကွယ်ရေး

၁။ မင်္ဂလာပါဆရာ့ ကျနော်အဲ့ညပြီး နောက်နေ့ညနေမှာပဲ ကူးဆက်ရောဂါကာကွယ်ရေး ဝေဘာဂီကိုသွားပြီး အကျိုးကြောင်းပြောပြပြီး မကူးဆက်နိုင်အောင်ကာကွယ်နိုင်မလားဆိုတော့ ၂၈ ရက်သောက်ရမယ့် ART လား ARV လား အဲ့ဆေးပေးလိုက်ပါတယ်ဆရာ။ အဲ့ဆေးက ဘယ်လောက်အထိကာကွယ်ပေးနိုင်ပါလဲဆရာ။ တဖတ်အမျိုးသမီးမှာ
ရောဂါရှိမရှိ မသိပါဘူး။ ကျနော်အရမ်းစိုးရိမ်မိနေပါတယ်ဆရာ။ ၂ လုံးသောက်တာရှိတယ်။ ၅လုံးသောက်တာရှိတယ်ဆိုလို့ ကျနော် ၅ လုံးသောက်တာကိုရွေးလိုက်ပြီး သောက်နေတာ အခုဆို ၄ ရက်ရှိပါပြီ။ ကျနော်သိချင်တာကဆရာ။ အဲ့ဆေးပုံမှန် အချိန်မှန် ၂၈ ရက်သောက်ပြီးလို့ ၃လ ၁ကြိမ်သွေးစစ် ၆လ ၁ကြိမ်သွေးစစ် အဲ့ချိန်မှ HIV မရှိဘူးဆို လုံးဝ စိတ်ချလက်ချ နေနိုင်ပြီလားဆရာ။ နောက်မှရောဂါပေါ်လာတာတွေရှိလား။

ကူးဆက် မဟုတ်။ ကူးစက်လို့ရေးရ။

၂။ ဆရာ ကျွန်တော်က HIV လူနာတွေကို ကြည့်ပေးနေရတဲ့ ဆရာဝန်တယောက်ပါခင်ဗျ။ ဆရာရေးထားတာတခုမှာ PMTCT အတွက် အဲဒီမှာ အမေကို AZT combination ပေးတယ် ကလေးကိုလဲ မွေးပြီး တလခွဲအထိ zidivudine ပေးတယ်လို့ ဖတ်လိုက်ရလို့ပါ။ National guidelines တွေက တခုနဲ့တခု နဲနဲစီကွာလို့ပါ။ ကျွန်တော်တို့သုံးနေတဲ့ WHO Guideline နဲ့ မတူလို့ပါ။ ကျွန်တော်တို့သုံးနေတာကတော…