မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 20, 2017

Omnicef (cefdinir) ဗက်တီးရီးယားအတွက်ဆေး


ဆရာခင်ဗျာ Pfizer မှထုပ်တဲ့ Omnicef 100mg (Cefdinir) ပိုးသတ်ဆေးရဲ့အာနိသင် ဘယ်လိုရောဂါတွေမှာ သုံးစွဲပါလဲ။ ကလေး လူကြီးသုံးစွဲရန်အညွန်း ဘေးထွက်ဆိုးကျိုးသတိပြုရမည့်အချက်တွေကို သိချင်ပါတယ်ခင်ဗျာ။

ကလေးလို့ရေးရမှာ ခလေးရေးထားတာကို ပြင်လိုက်ပါတယ်။ သိချင်လို့ရေးရမှာ သိခြင်လို့ရေးထားတာကို ပြင်လိုက်ပါတယ်။ ဆောရီး။

Omnicef (cefdinir) ဆိုတာ ပိုးသေဆေးတမျိုးဖြစ်တယ်။ ဗက်တီးရီးယားအတွက်ပေးတယ်။

အသက် ၁၃ နှစ်အထက်
• လူစုလူဝေးကရတဲ့နူမိုးနီးယား 300 mg q12h ၁ဝ ရက်
• နာတာရှည်လေပြွန်ရောင်နေသူ ရောဂါပြန်ထခြင်း 300 mg q12h သို့မဟုတ် 600 mg q24h ၅-၁ဝ ရက်
• ရက်တို ဆိုင်းနပ်စ် 300 mg q12h သို့မဟုတ် 600 mg q24h ၁ဝ ရက်
• အာသီးရောင်-အာခေါင်ရောင် 300 mg q12h သို့မဟုတ် 600 mg q24h ၅-၁ဝ ရက်
• အရေပြားနာများ 300 mg q12h ၁ဝ ရက်

အသက် ၆ လမှ ၁၂ နှစ်အထိ
• နားရောင်ခြင်း 7 mg/kg q12h သို့မဟုတ် 14 mg/kg q24h ၅-၁ဝ ရက်
• ဆိုင်းနပ်စ်  7 mg/kg q12h သို့မဟုတ် 14 mg/kg q24h ၁ဝ ရက်
• အာသီး-အာခေါင်ရောင်ခြင်း 7 mg/kg q12h သို့မဟုတ်14 mg/kg q24h 5 to ၁ဝ ရက်
• အရေပြားနာများ 7 mg/kg q12h ၁ဝ ရက်

ဘေးထွက်သက်ရောက်မှုများ = ဝမ်းပျက်၊ ဝမ်းထဲသွေးပါ။ ရင်ပတ်နာ၊ ချမ်း၊ ချောင်းဆိုး၊ ကိုယ်ပူ၊ ဆီးသွားရခက်၊ အသက်ရှူရခက်၊ သွေးထွက်လွယ်၊ အားနည်း။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.