မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 21, 2017

Once Upon a Time ဟိုရှေးရှေးတုန်းက

Htoon Htoon Wynn ဆရာလည်း ဆေးကုဆရာကနေ သတ်ပုံကုဆရာဖြစ်နေပြီ။

သတ်ပုံမှန်လို့ ဆရာဝန်ဖြစ်လာတာ။ Smile!

ဆေးပညာမှာ စာလုံးလေးတလုံးလွဲတာနဲ့ ရောဂါရော ကုထုံးပါလွဲမယ်။ အသေကျက်မှတ်ရတာမှာ ဘုန်းကြီးစာပြီးရင် ဆေးကျောင်းသားတွေ။ သဒ္ဒါမှားရင်လည်း ငါးပါးမှောက်မယ်။

ကျွန်တော်တို့ကျောင်းသားတုန်းက သူငယ်တန်းကနေ ဆယ်တန်းအထိ မြန်မာစာကို အလေးထားကြရတယ်။ သတ်ပုံမှားရင် လက်ဝါး ပေတံနဲ့ရိုက်ခံရတယ်။

စာအုပ်တွေထုတ်ရင် ခဲစာလုံးစာစီဆရာ၊ ပရုဖတ်ဆရာ၊ အယ်ဒီတာတွေက အရည်အချင်း ပြည့်ဝကြတယ်။ အဆင့်ဆင့် စစ်ဆေးကြတယ်။ သတ်ပုံမှားတဲ့စာအုပ်ဆို ဘယ်သူမှ မဝယ်ကြ မဖတ်ကြဘူး။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.