Ovulation Calculator မျိုးဥထွက်ရက် ပြက္ခဒိန်

သမီးအသက် ၂၂ ပါ။ ၂ ရက်နေ့ကရာသီလာပါတယ်။ ၆ ရက်နေ့မှာပြီးပါတယ်။ ဘယ်နေ့သားဥကြွေလဲ။ ဘယ်ရက်တွေက ကလေးရနိုင်လဲ သိချင်လို့ပါ။ အရင်က ဆေး ၄ လုံးထိုးပါတယ်။ ဆေး ၃ ကဒ်သောက်ဖူးပါတယ်။ အိမ်ထောင်သက် ၄ နှစ် ကျော်ပါပြီ။

အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အရွယ်အထိ မျိုးဥကခု လတိုင်းထွက်တယ်။ ကိုယ်ဝန်ရနိုင်ဘို့ ဒီမျိုးဥထွက်မထွက်အပေါ် မူတည်တယ်။ ရာသီကို ရက်တွက်ရင် သွေးစဆင်းတဲ့နေ့ဟာ ပဌမနေ့။ နေ့နံပါတ် (၁) ဖြစ်တယ်။ အမျိုးသမီး အများစုဟာ ၂၈ ရက်ကနေ ၃၂ ရက်မှာတကြိမ်ရာသီလာကြတယ်။ ရာသီစဆင်းတဲ့နေ့ကနေ ၁၁ ရက် မြောက်နေ့ကနေ ၂၁ ရက်အတွင်း (ပျမ်းမျှ ၁၄ ရက်) နေ့မှာ မျိုးဥထွက်မယ်။ မျိုးဥမထွက်မီ ၁ ရက်အလိုကနေစပြီး အတူနေသင့်တယ်။

မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကရိယာကို Ovulation test နဲ့စမ်းနိုင်တယ်။ ရာသီလအလယ်ရက်ဝန်းကျင်မှာ (LH) ဟော်မုန်း ပိုထွက်လာရတယ်။ အဲတာကို စမ်းရတာဖြစ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီ ခံတယ်။ ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက်အတိအကျမှာ မျိုးဥထွက်တယ်။ ၆ဝ% က လလယ်ရက်ထက် ၁ ရက် စောထွက်တယ်။ ၇၈%က ၂ ရက် စောထွက်တယ်။ မျိုးဥထွက်ဆေးလည်းရှိတယ်။ စာသပ်သပ်ရေးထားပါတယ်။

• ရာသီလာပြီး ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေရင် ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေရင် ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေရင် ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေရင် ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

မျိုးဥထွက်ရက်၊ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေနဲ့ ကလေးမွေးမယ့်ခန့်မှန်းရက်တွက်နည်း
၂၈ ရက်တကြိမ် ရာသီလာသူများ ကနေ့ ၆-၁-၂ဝ၁၇ နေ့မှာ ရာသီစလာရင် ၁၅-၁-၂ဝ၁၇ ကနေ ၂ဝ-၁-၂ဝ၁၇ အတွင်း အတူနေသင့်တယ်။ ၁၃-၁ဝ-၂ဝ၁၇ နေ့ မွေးနိုင်တယ်။

၃ဝ ရက်တကြိမ် ရာသီလာသူများ ကနေ့ ၆-၁-၂ဝ၁၇ နေ့မှာ ရာသီစလာရင် ၁၇-၁-၂ဝ၁၇ ကနေ ၂၂-၁-၂ဝ၁၇ အတွင်း အတူနေသင့်တယ်။ ၁၃-၁ဝ-၂ဝ၁၇ နေ့ မွေးနိုင်တယ်။

- Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
- Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း http://doctortintswe.blogspot.com/2014/11/ovulation-test.html
- Clomiphene Brand Name မျိုးဥထွက်ဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
- Fertomid မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2015/04/clomiphene-brand-name.html

Dr. တင့်ဆွေ
၆-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး