Prospect of Language မြန်မာစာ အလားအလာ

အီမိုရှင်းသင်္ကေတတွေကို ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရီတာလားမခွဲခြားတတ်ပါ။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။

သတ်ပုံနဲ့စာအကြောင်းအောက်မှာ သူများနားလည်ဘို့သာ အရေးကြီးတယ်လို့ အတွန့်တက်လာသူ ၂-၃ ယောက်ရှိတယ်။ အိပ်ယာထဲမှာ ပေါ်နေတာကို မမြင်ရလို့ ဘယ်သူကမှ မပြောပါ။ လူတကာဖတ်တဲ့ ဖေ့စ်ဘွတ်မှာရေးတာက (ကန်တော့ပါ) ဖင်လှန်ပြတာနဲ့ တူတယ်။

ကမ္ဘာမှာ Dead Languages သေသွားသလောက်ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။
၁။ Ancient Greek ရှေးဟောင်းဂရိ၊
၂။ Latin လက်တင်၊
၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊
၎။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊
၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)
၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊
၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊
၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊
၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊

နံပါတ် (၁ဝ) မှာ Myanmar မြန်မာစာမြန်မာစကား ထည့်ရမလားမသိပါ။ ကိုယ့်ဘာသာစကား သေမသွားစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၅
၅-၁-၂ဝ၁၆
၅-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး